Tuesday, July 22, 2014

မိုးကုတ်တွင် တိုက်ပွဲဖြစ်ပွားပြီး အရပ်သားသုံးဦး ဒဏ်ရာရ

တပ်မတော်နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့အကြား မိုးကုတ်နယ်အတွင်း ဇူလိုင် ၂၀ ရက်ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အရပ်သား များအပြင်းအထန်ထိခိုက် ဒဏ်ရာ ရမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

နှစ်ဖက်အကြား ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင်အသက် (၈၂) နှစ်အရွယ်အဘွားအိုတစ်ဦး၊ အ သက်
(၅၀)ခန့်ရှိ အမျိုးသမီးတစ် ဦးနှင့် အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ် ရာများရသွားခဲ့ကြောင်း ဒေသခံ များကပြောသည်။ ၎င်းတို့အနက် မှ အသက် (၈၂) နှစ်အရွယ် အဘွားအိုသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဒေသခံများကပြောသည်။

ဒဏ်ရာရရှိသူများကို ဇူလိုင် ၂၁ ရက် နေ့လယ်အထိ ဆေးရုံပို့ပေးမည့်သူမရှိ၍ သံဃာတော်များက ဦးဆောင်ကာ ဇူလိုင် ၂၁ ရက်တွင် မိုးကုတ်ဆေးရုံသို့ ပေးပို့လိုက်ရကြောင်း ရွာသားများက ဆိုသည်။

ဆေးရုံသို့ ရောက်ရှိချိန်တွင် အသက် (၈၂) အရွယ် အဘွားအို၏ မျက်နှာနှင့် လက်များမှ ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် မန္တလေးဆေးရုံသို့ ပြောင်းရွှေ့လိုက် ရကြောင်း သိရသည်။

‘‘ရွာကို ပစ်တဲ့ထဲမှာ ကျည် ဆန်ကြောင့် ဒဏ်ရာတွေ ရထား တာရှိသလို လက်ပစ်ဗုံးတွေပါ ပစ်လို့ ပေါက်ကွဲတာတွေရှိတယ်။ မကွဲသေးတဲ့ လက်ပစ်ဗုံးတွေလည်း ကျန်နေတာတွေ ရှိသေးတယ်’’ဟု ရွာသားတစ်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး မိုး ကုတ်နယ် ရွှေညောင်ပင်ရွာနှင့် ဆိုင်းလိန်ရွာအကြားတွင် ၎င်းတို့ ၏ တပ်မဟာ (၂) အောက်ရှိ တပ် ရင်း (၅၂၇) နှင့် မြန်မာစစ်တပ် ခလရ (၇၁) တို့သည် ဇူလိုင် ၂၀ ရက် နေ့လယ် ၁ နာရီမိနစ် ၄၀ ခန့်မှ စတင်ပြီး ၁၅ မိနစ်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်သည်။

7Day Daily

No comments:

Post a Comment