Tuesday, July 8, 2014

မန္တလေးတွင် ထိတ်လန့်ဖွယ်မှုခင်းများ အယောင်ဆောင်တိုင်ကြားမှုများရှိဟုဆို

 မန္တလေးမြို့ တည်ငြိမ် အေးချမ်းစပြုချိန်တွင် တိုင်းရဲတပ် ဖွဲ့သို့ သတင်းအမှားများ၊ ထိတ် လန့်ဖွယ် မှုခင်းများအကြောင်းကို   လက်ကိုင်ဖုန်းများစွာဖြင့်  အ ယောင်ဆောင်တိုင်ကြားမှုများရှိ နေပြီး  မြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များအား  ရှုပ်ထွေးမှုများဖြစ်စေရန် ပြု လုပ်နေသေးကြောင်း သတင်းရရှိသည်။

‘‘ဘယ်ဗလီနားမှာ လူတစ် ယောက်ကို  ၀ိုင်းရိုက်နေပြီတို့၊ ဘယ်နေရာမှာ မီးလောင်နေပြီဆို ပြီး ၁၅၀၀ တန်ဖုန်းတွေနဲ့ တိုင်း ရဲတပ်ဖွဲ့ကို လှမ်းဆက်တာ။ တပ် ဖွဲ့ဝင်တွေက ချက်ချင်းစုံစမ်း တော့လည်း မဟုတ်ပြန်ဘူး။  ဖုန်း တွေကိုပြန်ဆက်ပြီး ဘယ်သူလဲလို့ ပြန်မေးရင် ဖုန်းကိုချပစ်တယ်။ ပြန်ဆက်တော့ ဒါလမ်း ဘေးဖုန်းတို့၊ ဖုန်းခဏ ငှားဆက်တာတို့ဆိုပြီး ပြောတယ်။ ဖုန်းတွေကို လက်ပြောင်းပစ်တယ်။ ဒီနေ့ထိ (ဇူလိုင် ၇) ရက် ဖုန်းတွေရနေတုန်းပဲ’’ဟု အမှတ် (၃) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးအောင်မြတ်စိုးကပြောသည်။


 အဆိုပါ အယောင်ဆောင် ဖုန်းများမှာ တိုင်းရဲတပ်ဖွဲ့ကြိုး ဖုန်းများကို ဆက်သွယ်ခြင်းလုံးဝမ ရှိဘဲ တပ်ဖွဲ့ဝင်များ၏ လက်ကိုင် ဖုန်းများကို သိရှိပြီး ဆက်သွယ် လာခြင်းမှာ  အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နည်းပညာတိုးတက်မှု နှင့် ထိန်းချုပ်မှုများ အားနည်းနေ သည့်အတွက် အယောင်ဆောင် ဖုန်းများကို ခြေရာခံ၍ ဖမ်းဆီး ဖော်ထုတ်ရန် ခက်ခဲကြောင်း ၎င်း ကပြောသည်။

‘‘မြို့ကို ထိတ်လန့်အောင်၊ စိတ်ရှုပ်အောင် လုပ်တာ။ နိုင်ငံ ရေးရည်ရွယ်ချက်တွေလည်း ပါ မှာပေါ့။ ကျွန်တော်တို့က အခု ဆိုင်ကယ်၊ ကားတွေမှာ တုတ်၊ ဓားလက်နက်ပါရင် လက်နက်မှု နဲ့ အရေးယူခိုင်းထားတယ်။ ဘယ် ဘာသာဆိုပြီး ခွဲခြားမှာမဟုတ် ဘူး။ လက်နက်ပါရင် လက်နက်မှု နဲ့ ဖမ်းတယ်’’ဟု ၎င်းကပြော သည်။

 လက်ရှိတွင် မန္တလေးမြို့ အခြေအနေမှာ အေးဆေးနေပြီး ကောလာဟလများနှင့် အွန်လိုင်းတွင် တက်နေသည့် လှုံ့ဆော်ရာ ရောက်သော သတင်းမှားများကို မယုံကြည်ကြရန် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က တိုက်တွန်းပြောကြား ထားသည်။

မန္တလေးမြို့၌ ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၆ ဦးအား အမှုဖွင့်အရေးယူထားပြီး ကျန် ၇ မှုမှာ ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဆဲဖြစ်၍ ပုဒ်မ ၁၄၄မလိုက်နာသူ ၃၄၆ ဦးအား ပုဒ်မ ၁၈၈ ဖြင့်အရေးယူထား ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

7 Day Daily

No comments:

Post a Comment