Tuesday, July 8, 2014

ပညာရှင်ဝန်ထမ်းများ ရာထူးတိုးရန် အနည်းဆုံးလုပ်သက် လျှော့ချသတ်မှတ်

-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအရ ပညာရှင်ဝန် ထမ်းများ ရာထူးတိုးမြှင့်ပေးရန် စဉ်းစားရာတွင် အနည်းဆုံးရှိရ မည့် ရာထူးလုပ်သက်များကို လျှော့ချလိုက်ကြောင်း သတင်းရ ရှိသည်။
ဝန်ထမ်းအမျိုးအစားအ လိုက် အနည်းဆုံးရရှိမည့် ရာထူး သက်များတွင် ပညာရှင်အဆင့် (၁) နှင့် (၂) အတွက် အနည်းဆုံး ရာထူးသက် ၂ နှစ်၊ ပညာရှင်အ ဆင့် (၃) မှ (၅) အထိ အနည်းဆုံး ရာထူးသက် သုံးနှစ်ရှိထားရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
‘‘တက္ကသိုလ်၊ ကောလိပ် တွေက နည်းပြနဲ့ သရုပ်ပြ၀န် ထမ်းတွေအနေနဲ့ လုပ်သက် ခုနစ် နှစ်ပြည့်မှ လက်ထောက်ကထိက ရာထူးရတယ်။ အခုတော့ လုပ်သက် သုံးနှစ်ပြည့်ရင် လက်ထောက်ကထိက ရာထူးလျှောက် ထားနိုင်တော့မယ်’’ဟု တက္ကသိုလ်စီမံ၊ ဘဏ္ဍာဌာနမှ အရာရှိတစ်ဦးကပြောသည်။
ယခင်က ၀န်ထမ်းရာထူးတိုး မြှင့်ရာတွင် ၀န်ကြီးဌာနများ အောက်ရှိ ဦးစီးဌာနများအလိုက် အနည်းဆုံးရာထူးလုပ်သက် သတ် မှတ်ထားခြင်းဖြစ်ပြီး ယခုအခါ ၀န်ကြီးဌာနများအားလုံးရှိ ပညာ ရှင်ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန် ထမ်း နည်းဥပဒေများအတိုင်း တန်းတူခံစားခွင့်    ရရှိတော့မည်ဖြစ် သည်။
‘‘အရင်တုန်းက အထက် တန်းပြဆရာ၊ ဆရာမတွေအနေ နဲ့ လုပ်သက် ခုနစ်နှစ်ပြည့်မှ အ လယ်တန်းကျောင်းအုပ် လျှောက် ခွင့်ရှိပါတယ်။ အခုဆိုရင်တော့ လုပ်သက် သုံးနှစ်ပြည့်ပြီးရင် လျှောက်လို့ရပြီပေါ့။ အစိုးရသစ် တက်လာပြီးတော့ လုပ်သက်ပြည့် မီရုံတင်မဟုတ်ဘူး။ ရာထူးတိုး စာမေးပွဲပါ ဖြေဆိုရပါတယ်။ အခု လုပ်သက် သုံးနှစ်ရှိပြီး စာမေးပွဲ ၀င်ဖြေလို့ အရည်အချင်းပြည့်မီ ရင် ရာထူးယူနိုင်ပါပြီ’’ ဟု ပညာရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးတာဝန်  ထမ်းဆောင်နေသူက ပြောသည်။
နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ များအရ ပညာရှင်ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရန် စဉ်းစားရာ တွင် အနည်းဆုံးရှိရမည့် ရာထူး သက်ကို သတ်မှတ်လိုက်ခြင်း ကြောင့် ပညာရေးဝန်ကြီးဌာန သာမက အခြားဝန်ကြီးဌာနများ ရှိ ပညာရှင်ဝန်ထမ်းများကိုပါ သက်ရောက်မှု ရှိစေမည်ဖြစ် ကြောင်း ပညာရှင်ဝန်ထမ်းများက ဆိုသည်။
ပြည်ထောင်စုလွှတ်တော် သည် နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံ့ဝန် ထမ်းနည်းဥပဒေများကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ နိုင်ငံ့ဝန် ထမ်း ဥပဒေ၏ အခန်း (၇) ရာထူး တိုးမြှင့်ရာ၌ အရည်အချင်းသတ် မှတ်ရာတွင် အနည်းဆုံးလိုအပ် သော ပညာအရည်အချင်း၊ ကျွမ်း ကျင်မှုအရည်အချင်း၊ ရာထူး သက်နှင့် လုပ်သက်တို့သည် ၀န် ထမ်းအဖွဲ့အစည်းအလိုက် ရာထူး အမျိုးအစားကို မူတည်၍ ပြည် ထောင်စုအစိုးရအဖွဲ့၏ အတည် ပြုချက်ဖြင့် သတ်မှတ်ထားသည့် အတိုင်းဖြစ်ကြောင်း ဖော်ပြထား သည်။

7 Day Daily

No comments:

Post a Comment