Thursday, July 31, 2014

ဘုရားခိုးဂိုဏ်းမှသယ်ဆောင်လာသည့် ရတနာပုံခေတ်လက်ရာ ကျွန်းရုပ်ပွားတော်များ စစ်ကိုင်းတွင် ဖမ်းမိ

စစ်ကိုင်းမြို့နယ် ဆွမ်းချက်ကျေး ရွာ သံလမ်းအနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းတပ်ဖွဲ့မှ ရတနာပုံခေတ်လက်ရာ ကျွန်းသားမတ်ရပ် ရုပ်ပွားတော်ကြီးများ နှင့် အခြားရုပ်တုများကို ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က စစ်ဆေးတွေ့ ရှိသဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတို့တိုင်ကြားရာ စစ်ကိုင်းမြို့ ရဲစခန်းမှ (ပ)၃၁၈/၂ဝ၁၄ ဖြင့် အမှုဖွင့် ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ၂၉၅/၅၄ ဖြင့်အရေးယူထားကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၆၃)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ရဲအုပ်လူလှ၊ တပ်ကြပ်ကြီး စန်းခိုင်နှင့်အဖွဲ့သည် စစ်ကိုင်း အမှတ် (၂)ရဲကင်းစခန်းမှ တပ်ကြပ်လှမြင့် ပူး ပေါင်းအဖွဲ့၊ စီတီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးကျော်နိုင်၊ ဆယ်အိမ်မှူးဦးဇော် ဝင်းအောင်တို့နှင့်အတူ ဆွမ်းချက်ကျေး ရွာ ကားလမ်းံ့ ဝ၂၉၂၈၂ သံလမ်း ကူးနေရာမှ မသင်္ကာသောကားများကို ရပ်တန့်စစ်ဆေးမှုဆောင်ရွက်စဉ် လိုက်ထရပ်ယာဉ်တစ်စီးကို တားဆီးရာ မောင်း ပြေးသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ရဲအုပ် လူလှနှင့် တပ်ကြပ်ကြီးစန်းခိုင်တို့က လိုက် လံဖမ်းဆီးခဲ့သည်။ အဆိုပါကားသည် တပ်မ ၃၃ ရှေ့အရောက် လမ်းမပေါ်မှာ ဖမ်းဆီးရရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ရာ လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် ၈င်္---- နှင့်အတူ ယာဉ်ပေါ်မှ ဘုရားဆင်း တုတော်များကို တွေ့ရှိရသည်။
ယာဉ်ပေါ်မှကျွန်းသားဖြင့် ပြုလုပ်ထား သည့် ရွှေချထားသောအမြင့် ဥာဏ်တော် ခုနစ်ပေရှိ ရတနာပုံခေတ် လက်ရာမတ် ရပ်ရုပ်ပွားတော်နှစ်ဆူ၊ အမြင့်ဥာဏ်တော် ခြောက်ပေ (ကြာပလ္လင်အပါအဝင်)ရှိ ကျွန်းသားဖြင့်ပြုလုပ်ပြီး ရွှေချထားသည့် ရတနာပုံခေတ်လက်ရာ မတ်ရပ်ရုပ်ပွား တော်တစ်ဆူ၊ အမြင့် ၄ ပေ ၁၁ လက်မ (ကြာပလ္လင်အပါအဝင်)ရှိ သစ်သားဖြင့် ပြုလုပ်ထားသည့် ရှင်သီဝလိရဟန္တာတစ် ဆူ၊ အမြင့်သုံးပေ ရှိသစ်သားဖြင့် ပြုလုပ်ထားသည့်ရှင်ဥပဂုတ္တတစ်ဆူတို့ တွေ့ရှိသည်။
Photo: ဘုရားခိုးဂိုဏ်းမှသယ်ဆောင်လာသည့် ရတနာပုံခေတ်လက်ရာ
ကျွန်းရုပ်ပွားတော်များ စစ်ကိုင်းတွင် ဖမ်းမိ
Thursday, July 31, 2014

လှိုင်ထွေးအောင် - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀)၊အမှတ်(၂၉)။
စစ်ကိုင်းမြို့နယ် ဆွမ်းချက်ကျေး ရွာ သံလမ်းအနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းတပ်ဖွဲ့မှ ရတနာပုံခေတ်လက်ရာ ကျွန်းသားမတ်ရပ် ရုပ်ပွားတော်ကြီးများ နှင့် အခြားရုပ်တုများကို ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က စစ်ဆေးတွေ့ ရှိသဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတို့တိုင်ကြားရာ စစ်ကိုင်းမြို့ ရဲစခန်းမှ (ပ)၃၁၈/၂ဝ၁၄ ဖြင့် အမှုဖွင့် ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ၂၉၅/၅၄ ဖြင့်အရေးယူထားကြောင်း သိရသည်။

စစ်ကိုင်းမြို့ အမှတ်(၆၃)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ရဲအုပ်လူလှ၊ တပ်ကြပ်ကြီး စန်းခိုင်နှင့်အဖွဲ့သည် စစ်ကိုင်း အမှတ် (၂)ရဲကင်းစခန်းမှ တပ်ကြပ်လှမြင့် ပူး ပေါင်းအဖွဲ့၊ စီတီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးကျော်နိုင်၊ ဆယ်အိမ်မှူးဦးဇော် ဝင်းအောင်တို့နှင့်အတူ ဆွမ်းချက်ကျေး ရွာ ကားလမ်းံ့ ဝ၂၉၂၈၂ သံလမ်း ကူးနေရာမှ မသင်္ကာသောကားများကို ရပ်တန့်စစ်ဆေးမှုဆောင်ရွက်စဉ် လိုက်ထရပ်ယာဉ်တစ်စီးကို တားဆီးရာ မောင်း ပြေးသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ရဲအုပ် လူလှနှင့် တပ်ကြပ်ကြီးစန်းခိုင်တို့က လိုက် လံဖမ်းဆီးခဲ့သည်။ အဆိုပါကားသည် တပ်မ ၃၃ ရှေ့အရောက် လမ်းမပေါ်မှာ ဖမ်းဆီးရရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ရာ လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် ၈င်္---- နှင့်အတူ ယာဉ်ပေါ်မှ ဘုရားဆင်း တုတော်များကို တွေ့ရှိရသည်။

ယာဉ်ပေါ်မှကျွန်းသားဖြင့် ပြုလုပ်ထား သည့် ရွှေချထားသောအမြင့် ဥာဏ်တော် ခုနစ်ပေရှိ ရတနာပုံခေတ် လက်ရာမတ် ရပ်ရုပ်ပွားတော်နှစ်ဆူ၊ အမြင့်ဥာဏ်တော် ခြောက်ပေ (ကြာပလ္လင်အပါအဝင်)ရှိ ကျွန်းသားဖြင့်ပြုလုပ်ပြီး ရွှေချထားသည့် ရတနာပုံခေတ်လက်ရာ မတ်ရပ်ရုပ်ပွား တော်တစ်ဆူ၊ အမြင့် ၄ ပေ ၁၁ လက်မ (ကြာပလ္လင်အပါအဝင်)ရှိ သစ်သားဖြင့် ပြုလုပ်ထားသည့် ရှင်သီဝလိရဟန္တာတစ် ဆူ၊ အမြင့်သုံးပေ ရှိသစ်သားဖြင့် ပြုလုပ်ထားသည့်ရှင်ဥပဂုတ္တတစ်ဆူတို့ တွေ့ရှိသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းရန်နိုင်ဦး ၃၈ နှစ်(ဘ)ဦးကျော်မြင့် အမှတ် ၃၇ ပိတောက်လမ်း၊ ကျောင်းပိုင်ရပ်ကွက် မှော်ဘီမြို့နှင့်အတူ တင်မောင်လင်း(ခ) ဖိုးလင်း ၃၈နှစ်(ဘ) ဦးတင်မြင့် စက်ရေ တွင်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့၊ ချစ် ကိုကို ၂၄ နှစ်(ဘ)ဦးကြည်သိန်း ထောက် ကြန့် ရန်ကုန်မြို့တို့အား ဖမ်းဆီးရမိသည်။ ကားပေါ်မှ ဘုရားခိုးရာတွင်အသုံးပြု သည့် သံဖြတ်ဒိုင်းလွှတစ်ချောင်း၊ ကား ချိုင့်အသေးတစ်လုံး၊ သုံးမူးလုံးခန့်ရှိ ပလတ်စတစ်ကြိုးနှစ်ခွေတို့ကိုပါတွေ့ ရှိသဖြင့် သိမ်းဆည်းရမိသည်။
ယင်းသို့ဖမ်းဆီးရာတွင် ကားမောင်း ထွက်ပြေးစဉ်နှစ်ဦးမှာ ကားပေါ်မှထွက် ပြေးသဖြင့် ဖမ်းဆီးရမိခြင်းမရှိ၍ စစ်ကိုင်း မြို့နယ်ရဲစခန်းမှ အမှုကွင်းဆက်ကို ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
၎င်းတို့အထဲတွင်ပါဝင်သူတင် မောင် လင်း(ခ)ဖိုး လင်းမှာ ၂ဝဝ၈ ခုနှစ်က ဘုရားခိုးမှုကျူးလွန်ခဲ့သဖြင့် (ပ)၄၃/ ၂ဝဝ၈ဖြင့် စစ်ကိုင်းရဲစခန်းမှ အရေးယူ ခဲ့ပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၃၈ဝ အရ ထောင် ဒဏ်ငါးနှစ်၊ ၂၉၅ အရ ထောင်နှစ်နှစ် ပေါင်းခုနစ်နှစ်ကျခံခဲ့ရသူဖြစ်သည်။

ယခုခိုးယူခဲ့သော ဘုရားများကို စစ်ကိုင်းရဲစခန်းမှ စစ်ဆေးလျက်ရှိရာ ကနဦးစစ်ချက်အရ ဘုတလင်မြို့ကို ကျော်၍ ငါးမိုင်ခန့်သွားရောက်ရသော နေ ရာလမ်းဘေးမှသယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်းရန်နိုင်ဦး၏ ထွက်ဆိုချက်အရသိရကြောင်း၊ ဘုရား ခိုးလာသူများကို ယခုအခါ စစ်ကိုင်းရဲ စခန်းမှအမှုမှန်ပေါ်ပေါက်ရေးနှင့် ထွက် ပြေးသူများ ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment