Saturday, July 19, 2014

ကျောင်းကားနှင့် ကုန်တင်ကားတိုက်

Photo: ကျာင်းကားနှင့် ကုန်တင်ကားတိုက်
Saturday, July 19, 2014 

 ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင်တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ရပ်ကွက်အတွင်းမှ ကျောင်းသား ကြိုပြီး ထွက်လာသော Toyota ၈င/----မှာ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ပေါ်အရောက်၌ မြောက်မှတောင်သို့ မောင်းနှင်လာသည့် 4A/------တီအီးဟီးနိုး ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြသည်။

ကြေမွပျက်စီး
========

ယာဉ်တိုက်မှုကြောင့် တီအီးရှေ့ဘန်ဘာမှာ ကောက်ဝင်သွားပြီး ကျောင်းကား၏ ဘယ်ဘက်ရှေ့ ဦးခေါင်းပိုင်းအခြမ်း အနည်းငယ်ပျက်စီးသွားပြီး ကားတံခါးမှန်များ ကြေမွပျက်စီးသွားခဲ့သည်။

ကျောင်းကားပေါ် လိုက်ပါလာသည့် ကျောင်းသားကျောင်းသူများကို အနီးဝန်းကျင်မှသူများက အကူအညီပေးခဲ့ကြပြီး သက်ဆိုင်ရာ မိဘ၊ ကျောင်း များသို့ အကြောင်းကြားပေးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ကျောင်းသူလေးများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကိုကြီးတင်

The Mirror Daily
ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင် တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ရပ်ကွက်အတွင်းမှ ကျောင်းသား ကြိုပြီး ထွက်လာသော Toyota ၈င/----မှာ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ပေါ် အရောက်၌ မြောက်မှတောင်သို့ မောင်းနှင်လာသည့် 4A/------တီအီးဟီးနိုး ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြသည်။

ကြေမွပျက်စီး
ယာဉ်တိုက်မှုကြောင့် တီအီးရှေ့ဘန်ဘာမှာ ကောက်ဝင်သွားပြီး ကျောင်းကား၏ ဘယ်ဘက်ရှေ့ ဦးခေါင်းပိုင်းအခြမ်း အနည်းငယ်ပျက်စီးသွားပြီး ကားတံခါးမှန်များ ကြေမွပျက်စီးသွားခဲ့သည်။

ကျောင်းကားပေါ် လိုက်ပါလာသည့် ကျောင်းသားကျောင်းသူများကို အနီးဝန်းကျင်မှသူများက အကူအညီပေးခဲ့ကြပြီး သက်ဆိုင်ရာ မိဘ၊ ကျောင်း များသို့ အကြောင်းကြားပေးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ကျောင်းသူလေးများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကိုကြီးတင်
The Mirror Daily

No comments:

Post a Comment