Monday, July 7, 2014

မန္တလေးပဋိပက္ခကို အီးယူမှ ကူညီထောက်ပံ့ထားသည့် အဓိကရုဏ်းနှိမ်းနင်းရေးလက်နက်များအပြင် လိုအပ်ပါက ရော်ဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြုသွားမည်

ရန်ကုန်၊ ဇူလိုင် ၅- မန္တလေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် အီးယူမှ ကူညီ ထောက်ပံ့ထားသည့် အဓိကရုဏ်း နှိမ်နင်း ရေးလက်နက်များအပြင် ရော်ဘာကျည်ဆန် နှင့် မျက်ရည်ယိုဗုံးများကိုပါ လိုအပ်ပါက အသုံးပြု ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်းကွပ် ကဲရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦး ကပြောသည်။

အီးယူမှ သင်ကြားပေးထားသည့် လူစုလူဝေး စနစ်တကျ ထိန်းသိမ်းကိုင်တွယ် ဖြေရှင်းရေး နည်းစနစ်များကိုပါ အသုံးပြု ကာ ဖြေရှင်းဆောင်ရွက်နေကြောင်း၊ စစ် တပ်၏အကူအညီမှာ လတ်တလောမလိုသေး သော်လည်း အသင့်အနေအထားတွင် ရှိ ကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း ကွပ်ကဲရေးမှူးရုံးမှ အဆင့်မြင့်အရာရှိတစ် ဦးက ''လိုအပ်ရင် ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေပါ အသုံးပြုသွားမှာ။ ဖြစ် စဉ်အနေအထားကိုကြည့်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ပြည်ထဲရေးက ညွှန် ကြားချက်အတိုင်း လိုအပ်ရင် လိုအပ်သလို အသုံးပြုသွားမှာပါ''ဟုပြောသည်။
ရန်ကုန်အပါအဝင် မန္တလေးနှင့် နီးစပ်သည့်မြို့နယ်များတွင်လည်း ပဋိပက္ခ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန်အ တွက် လုံခြုံရေးအင်အားများ အသင့်ပြင် ထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရ သည်။
မန္တလေး ချမ်းအေးသာဇံမြို့နယ် နေ ဒေသခံတစ်ဦးက''အခုတော့ မန္တလေး မြို့ပေါ်မှာ ချပ်ဝတ်တန်ဆာတွေ ဝတ်ထား တဲ့ ရဲတပ်ဖွဲ့တွေတော့ နေရာယူထားတယ်။စစ်တပ်ကိုတော့ မတွေ့ရသေးဘူး။ အကြမ်း ဖက်မှုတွေ လုပ်နေတဲ့သူတွေကို ထိထိရောက် ရောက် အရေးယူဖို့လိုနေပါပြီ။ အခုအကြမ်း ဖက်ဖြစ်စဉ်တွေမှာ မန္တလေးဒေသခံမဟုတ် တဲ့သူတွေလဲ အများကြီးပါ''ဟုပြောသည်။
အီးယူအနေဖြင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား လူစုလူဝေးစ နစ်တကျ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်း များကို ယခုအခါ သင်ကြားပေးလျက်ရှိပြီး နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်လာစေ ရန် ယူရိုဆယ်သန်းခန့် ကူညီထောက်ပံ့ထား ကြောင်းလည်း သိရသည်။

Yangon Media Group

No comments:

Post a Comment