Thursday, July 10, 2014

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေးအစည်းအဝေးနှင့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ ကျင်း ပ သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့အနေ ဖြင့် အရှိန်တိုင်း ကိရိယာဖြင့် စစ်ဆေး အရေးယူခြင်းကို ၂ဝ၁၃ ခုနှစ် ဧပြီလမှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်ပွားမှု အများ ဆုံးဖြစ် ရခြင်းမှာ မော်တော်ယာဉ်ကို အရှိန်ပြင်းပြင်း မောင်းနှင်မှုကြောင့် ဖြစ် သည်ကို စိစစ် တွေ့ရှိ ရကြောင်း၊ သို့ဖြစ်၍ ယာဉ်မတော်တဆမှု လျော့ နည်းစေ ရန်အတွက် မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေး ၊စည်း ကမ်း ထိန်း သိမ်းရေး စနစ် B'Smart ဖြင့် အရှိန်နှုန်းမြှင့် မောင်းနှင်သောယာဉ်များ၊ မဆင်မခြင်မော င်းနှင်သော ယာဉ် များအား စစ်ဆေးဖော်ထုတ် အရေးယူ ဆောင်ရွက်သည့် စနစ်ကို ကနဦး စမ်းသပ်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါစနစ်သည် အဆင့်မြင့် နည်းပညာများဖြင့် ပေါင်း စပ် ဆောင်ရွက် ထားခြင်းဖြစ်ပြီး လက်ရှိ ကျင့်သုံးနေသည့် ယာဉ်မတော် တဆမှုများ လျော့နည်း ကျဆင်းစေရေး ကြိုတင်ကာကွယ်ခြင်း အစီအမံများအပေါ် များစွာ အထောက် အကူ ပြုသွား မည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ရန်ကုန်-မန္တလေး အမြန် လမ်း တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်း တင်ပြ သည်။ထို့နောက် B'Smart Telematics Myanmar ကုမ္ပဏီလီမိတက်မှ Business Director ဦးအောင်ညီညီမော်က B'Smart စနစ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။ B'Smart အရှိန် လွန်မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ်အား မော်တော်ယာဉ်လိုင်းများမှ ခရီးသည်တင် ယာဉ်များတွင် တပ်ဆင်ဆောင်ရွက်ရန်နှင့် ပတ် သက်ပြီး အသေး စိတ်သိရှိလိုသော အကြောင်းအရာများနှင့် ပတ်သက်၍ တက်ရောက်လာသူ များက မေးမြန်း ရာ ဦးအောင်ညီ ညီမော်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး/ပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ် မှု ကော်မတီဥက္ကဋ္ဌများ၊ အမြန်လမ်းမကြီးအား အသုံးပြု သွားလာလျက်ရှိသော ခရီးသည်တင် မော်တော် ယာဉ်လိုင်း အသီးသီး မှ တာဝန်ရှိသူများနှင့် ယာဉ်ပိုင်ရှင်များ၊ B'Smart Telematics Myanmar ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment