Saturday, July 5, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP မှ အဖွဲ့ဝင်များ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမည်

အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ၁၉၉ဝပြည့်နှစ် ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြင့် ယခင်က ဖွဲ့စည်း ထားခဲ့သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကိုယ် စားပြုကော်မတီ CRPP မှ အဖွဲ့ဝင် များ ဇူလိုင် ၆ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။''ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာပါ၊ အဖွဲ့ဝင်တွေက သိပ်မရှိ တော့ဘူး၊ တချို့ကလဲ အသက်တွေ ကြီးလို့ နိုင်ငံရေးလောက ကနေ ကျော ခိုင်းကုန်ပြီ။ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ် အဓိကထားဆွေး နွေးဖြစ်ဖို့ များတယ်''ဟု ယင်းကော် မတီတွင် ပါဝင် ခဲ့ဖူးသည့် ဦးခွန်ထွန်း ဦးက ပြောသည်။CRPP အဖွဲ့ကို ၁၉၉ရ ခုနှစ် က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ၉၀ ရွေးကောက် ပွဲတွင် အနိုင်ရ ရှိပြီး သော ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကျင်းပခွင့်နှင့် အစိုးရ ဖွဲ့ စည်းခွင့်မရှိခဲ့သဖြင့် လွှတ်တော်ခေါ် ယူခွင့်ရရှိရန် ရွေးကောက်ခံ ကိုယ် စားလှယ်များမှ စုပေါင်းပြီး ယင်း ကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ယင်းနောက် ကော်မတီကို ဆက် လက်ထားရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လွှတ်တော်ရှိလာပြီဖြစ်သောကြောင့် ၂၀၁၂ခုနှစ် မတ်လတွင် ကော်မတီ ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။လက်ရှိတွင် သက်ရှိ ထင်ရှားရှိ နေသူ ကော်မတီဝင်များ အဖြစ် ဒေါ် အောင် ဆန်း စုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးထောင်ကို ထန်း၊ ဦးပူရ်းကျင်ရှင့် ထန် စသည့် ပုဂ္ဂိုလ်များကျန်ရှိနေသည်။
YMG

No comments:

Post a Comment