Sunday, July 6, 2014

ယာဉ်စီးခ ပိုတောင်းမှုပြဿနာ E-Ticket စနစ်ကျယ်ပြန့်မှ ဖြေရှင်းနိုင်မည်ဟုဆို

ရန်ကုန်၊ မဇ္ဈိမ။ ။ ယာဉ်နောက်လိုက်များအနေနှင့် ခရီးသည်များထံမှ ယာဉ်စီးခပိုမိုတောင်းခံနေခြင်းများသည် E-Ticket စနစ် ကျယ်ပြန့်လာမှ ဖြေရှင်းနိုင်မည်ဟု မ.ထ.သ ဒုဥက္ကဌ ဦးလှသောင်းမြင့်က မဇ္ဈိမကို ပြောသည်။

"E-Ticket စနစ်ကို မော်တော်ယာဉ်တွေမှာသုံးဖို့ i Pay ကြိုးစားကြည့်တယ်။ မအောင်မြင်တဲ့ကိစ္စက ယာဉ်လုပ် သားတွေနဲ့အများကြီး သက်ဆိုင်တယ်"ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ယာဉ်စီးခပိုမိုတောင်းခံမှု တိုင်ကြားခံရ ခြင်းသည် တစ်လထက်တစ်လ ပိုမိုများပြားလျှက်ရှိပြီး မ.ထ.သ အနေဖြင့် ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

တိုင်ကြားမှုများတွင် ယာဉ်စီးခပိုတောင်းခံခြင်း၊ မချေမငံဆက်ဆံခြင်း၊ ခရီးသည်များကိုနှောက်ယှက်ခြင်း အစရှိ သည်တို့ပါဝင်သည်။

ယာဉ်စီးခပိုမိုတောင်းခံနေမှုများနှင့် ပတ်သက်ပြီး ဥက္ကဌ ဦးလှအောင်က "ပြည်သူလူထုကို E-ticket စနစ်ကိုသုံး စေချင်တယ်။ လက်မှတ်စနစ်ကိုပြန်သွားရင် ခေတ်နောက်ပြန်နေပြီလို့ ပြောခံရအုံးမယ်။ လူတိုင်းဆန္ဒရှိမှလုပ်လို့ ရမှာပါ" ဟုဆိုသည်။

E-Ticket စနစ်သုံး i Pay စက်များကို ယာဉ်အစီးရေများပြားသည့် ပါရမီ မော်တော်ယာဉ်လိုင်း ပထမဆုံးစတင် လုပ်ဆောင်ခဲ့သော်လည်း ယာဉ်လုပ်သားများ၏ လုပ်ဆောင်မှုအားနည်းခြင်း၊ ခရီးသည်များအတွက် အဆင်မ ပြေဖြစ်ခြင်း အစရှိသည့်အခက်အခဲများကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

"i pay Card တွေက ပိုက်ဆံမကိုင်ရတာတော့ ဟုတ်ပါတယ်။ စက်တွေတပ်ထားပေမယ့်စက်တွေက ပျက်နေ တယ်လို့ပြောတာများတယ်" ဟု ကဒ်ကိုင်ဆောင်အသုံးပြုခဲ့ဖူးသူတစ်ဦးကဆိုသည်။

မော်တော်ယာဉ်လုပ်သား ၇၄ဝဝ ကျော်ကို သင်တန်းပေးခဲ့သော်လည်း ၅ဝ ရာခိုင်နှုန်းပင်အောင်မြင်မှုရရှိခဲ့သည်။

E-Ticket စနစ်များကို မော်တော်ယာဉ်လိုင်းများတွင်အသုံးပြုရန် နိုင်ငံတကာမှနည်းပညာကုမ္ပဏီများ လာ ရောက်ဆွေးနွေးမှုများရှိခဲ့ပြီး ပြည်တွင်းပြေးဆွဲနေသည့် ဈေးနှုန်းများကို ကြည့်ကာ လုပ်ဆောင်ခြင်းမပြုဘဲ ပြန် သွားခဲ့ကြသည်ဟု ဦးလှအောင်ကဆိုသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲရန် မထသတွင် တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ် ၆၄၆၆ စီးရှိသော်လည်း နေ့စဉ်ပြေးဆွဲနေသည့် ယာဉ်မှာ ၃၈၇၃ စီးသာရှိသည်။


Mizzima

No comments:

Post a Comment