Thursday, July 17, 2014

Facebook က အထက်တန်းကျောင်းများတွင် ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေး

Facebook က တစ်ကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Forest City မြို့ရှိ Rutherford County School ကျောင်းနယ်မြေမှာ ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးတော့မှာပါ။ အဲဒီမြို့မှာ Facebook ရဲ့ အလွန်ကြီးမားတဲ့ Data Centers များရှိတယ်လို့ သိရပါတယ်။

Facebook က ကျောင်းသားများကို ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးတာ ဒါဟာ ပထမဆုံးပါ။
ဒီအစီအစဉ် အောင်မြင်ရင် အခြား ကျောင်းများမှာလည်း ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးမယ်လို့ မျှော်လင့် ရပါတယ်။

၂၀၁၁ ခုနှစ်မှာ Rutherford County School ကျောင်းဟာ သူ့ရဲ့ ကျောင်းသား ခြောက်ထောင်ကို Laptop တစ်လုံးစီ ထောက်ပံ့ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ဝက်လောက်ဟာ နေအိမ်မှာ ၀ိုင်ဖိုင် ဆက်သွယ်မှု မရကြဘူးလို့ Facebook ရဲ့ ဘလော့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။ Facebook ဟာ ကျောင်းနဲ့ မြောက်ကယ်ရိုလိုင်းနားမှ Internet Service Provider တစ်ခုဖြစ်တဲ့ PANGAEA တို့နဲ့ ပူးပေါင်းပြီး ဒီိအစီအစဉ်ကို အကောင်အထည်ဖော်တာပါ။ နေအိမ် ၇၅ လုံးမှ အလုံးတစ်ရာကို ၀ိုင်ဖိုင် ထောက်ပံ့ပေးမှာ ဖြစ်ပေမယ့် Facebook က ဒီအရေအတွက်ကို တိုးပွားစေဖို့ မျှော်လင့်နေပါတယ်။

အခု အစီအစဉ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အင်တာနက် ရရှိအောင် ကြိုးပမ်းနေတဲ့ Internet.org နဲ့ ပူးပေါင်းပြုလုပ်တာမဟုတ်ပေမယ့် ခြုံငုံကြည့်ရင်တော့ Facebook ဟာ တစ်ကမ္ဘာလုံးမှာ အင်တာနက် ရရှိအောင် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

ကျောင်းများမှာ ၀ိုင်ဖိုင် ထုတ်လွှင့်ပေးတဲ့ အတွက် ဆယ်ကျော်သက် Facebook ပရိသတ်တွေ တိုးပွားလာမှာပါ။ Facebook က ထောက်ပံ့တဲ့ ၀ိုင်ဖိုင်သုံးသူတွေဟာ Facebook စာမျက်နှာကို Home Page အနေနဲ့ သုံးစရာမလိုပေမယ့် ၀ိုင်ဖိုင် ထောက်ပံ့သူ Facebook ဟာ နာမည်ပိုကြီးလာပြီး ပရိသတ်များပြားလာမှာ ဖြစ်ပါတယ်။

ကြေးမုံသတင်းစာ

KTY Myanmar Consumer Guide

No comments:

Post a Comment