Monday, July 7, 2014

KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး

Photo: KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး

ဇူလိုင် ၆ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁ နာရီ ၁၅ မိနှစ်ချိန်ခန့်တွင် KIA နှင့် TNLA တပ်ဖွဲ့များ အိမ်ထဲသို့ ၀င်လာပြီး ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့နဲ့အတူ စကားပြောနေတာပါ၊ သေနတ်ကိုင်ထားတဲ့ သူပုန်တွေ အိမ်ထဲထိဝင်လာပြီး ကိုဝင်းကြည်ကို ဘာမပြော ညာမပြော လိုက်ခဲ့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ပြီး ခေါ်သွားတော့တာပါပဲ၊ ရွာထဲက မြင်တဲ့သူတွေပြော တာတော့ ကိုဝင်းကြည် ကို ပင်ရှားစေ့ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရတယ် ” ဟု ဇနီး ဖြစ်သူက ပြောကြားခဲ့သည်။

အလားတူ KIA နှင့် TNLA အဖွဲ့သည် ဇူ ၆ ရက် ည ၁၂ နာရီ ၄၅ မိနှစ်ခန့်ကလည်း မန်ပတ်ကျေးရွာနေ ကိုမင်းမင်းအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ရွာသားများက ဆိုသည်။
“ ရွာထဲမှာ ခွေးတွေဟောင်လို့ ထွက်ကြည့်တော့ သေနတ်တွေနဲ့ သူပုန်တွေက ရွာသားတစ်ဦးကို အတင်းဖမ်း ခေါ်သွားတာ တွေ့တယ်၊ မနက်မိုးလင်းလို့ မေးမြန်းကြည့်တော့ ကိုမင်းမင်းမှန်း သိရတယ်၊ မိုးဘုံ ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့တော့ သိရတယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဇနီးဖြစ်သူနှင့်အတူ တီဗီကြည့်နေစဉ် အဆိုပါအဖွဲ့မှ အိမ်ထဲထိဝင်လာပြီး ထိုးကြိတ်ရိုက်နှက် ကာ ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

မိုးမိတ်မြို့ခံတစ်ဦးက “ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ ဒေသခံတွေကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး တာဟာ ဥပဒေကို ကျူးလွန်တာပါပဲ၊ အဲဒီကိစ္စကို တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ ရအောင်ဖော်ထုတ်ပြီး နစ်နာသူ မိသားစု တွေအတွက် တရားဥပဒေနဲ့အညီ အရေးယူပေးဖို့လိုပါတယ်၊ လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ KIA နဲ့ TNLA အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားရင် နောင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ် ” ဟု ပြောကြားသွားသည်။

ညီသစ် (မြစ်ကြီးနား ) 
ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁
နာရီ ၁၅ မိနှစ်ချိန်ခန့်တွင် KIA နှင့် TNLA တပ်ဖွဲ့များ အိမ်ထဲသို့ ၀င်လာပြီး ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့နဲ့အတူ စကားပြောနေတာပါ၊ သေနတ်ကိုင်ထားတဲ့ သူပုန်တွေ အိမ်ထဲထိဝင်လာပြီး ကိုဝင်းကြည်ကို ဘာမပြော ညာမပြော လိုက်ခဲ့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ပြီး ခေါ်သွားတော့တာပါပဲ၊ ရွာထဲက မြင်တဲ့သူတွေပြော တာတော့ ကိုဝင်းကြည် ကို ပင်ရှားစေ့ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရတယ် ” ဟု ဇနီး ဖြစ်သူက ပြောကြားခဲ့သည်။

အလားတူ KIA နှင့် TNLA အဖွဲ့သည် ဇူ ၆ ရက် ည ၁၂ နာရီ ၄၅ မိနှစ်ခန့်ကလည်း မန်ပတ်ကျေးရွာနေ ကိုမင်းမင်းအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ရွာသားများက ဆိုသည်။
“ ရွာထဲမှာ ခွေးတွေဟောင်လို့ ထွက်ကြည့်တော့ သေနတ်တွေနဲ့ သူပုန်တွေက ရွာသားတစ်ဦးကို အတင်းဖမ်း ခေါ်သွားတာ တွေ့တယ်၊ မနက်မိုးလင်းလို့ မေးမြန်းကြည့်တော့ ကိုမင်းမင်းမှန်း သိရတယ်၊ မိုးဘုံ ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့တော့ သိရတယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဇနီးဖြစ်သူနှင့်အတူ တီဗီကြည့်နေစဉ် အဆိုပါအဖွဲ့မှ အိမ်ထဲထိဝင်လာပြီး ထိုးကြိတ်ရိုက်နှက် ကာ ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

မိုးမိတ်မြို့ခံတစ်ဦးက “ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ ဒေသခံတွေကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး တာဟာ ဥပဒေကို ကျူးလွန်တာပါပဲ၊ အဲဒီကိစ္စကို တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ ရအောင်ဖော်ထုတ်ပြီး နစ်နာသူ မိသားစု တွေအတွက် တရားဥပဒေနဲ့အညီ အရေးယူပေးဖို့လိုပါတယ်၊ လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ KIA နဲ့ TNLA အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားရင် နောင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ် ” ဟု ပြောကြားသွားသည်။

ညီသစ် (မြစ်ကြီးနား )

No comments:

Post a Comment