Friday, July 25, 2014

PR စနစ် တင်သွင်းမှုကြောင့် လွှတ်တော်အမတ်အချို့ လွှတ်တော်မတက်ဘဲ ဆန္ဒထုတ်ဖော်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် PR (အချိုးကျကိုယ်စားပြု) စနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခွင့် ပြုခဲ့သောကြောင့် တိုင်းရင်းသား လွှတ်တော်အမတ်အချို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းစနစ်ကို ကန့်ကွက်ခဲ့သော ကိုယ်စားလှယ်အချို့က ပြောကြားသည်။

ယင်းသို့ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ လွှတ်တော်သို့ တက်ရောက်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းမှာ PR စနစ်ကို တိုင်းရင်းသားများက လက်မခံကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။

“ရွေးကောက်ပွဲ PR စနစ်သုံးဖို့ လွှတ်တော်မှာ တင်သွင်းတာကို တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်တယ် ဆိုတာကို သိစေချင်တာပါ” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှအပ တိုင်းဒေသကြီးများ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် PR စနစ်ကို စတင်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment