Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရသိရပါတယ်။
iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့ အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါ တယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက် အမြောက်အမြားမရှိသေးတာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက်တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။
Source: theverge
Trend Myanmar
No comments:
Post a Comment