Thursday, August 7, 2014

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်

Photo: ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်
Thursday, August 7, 2014 

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင်နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါရေနစ်မြုပ်မှုမှာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ က၀၊ သနပ္ပင်၊ ဝေါ၊ ညောင်လေးပင်၊ ပိန်းဇလုပ်နှင့် ပြည်ခရိုင်ခြောက်မြို့နယ်အနက် ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျွန်းသာယာ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ ရွာသစ်တိုးချဲ့၊ ရှမ်းတန်းရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်တို့တွင် ရေအမြင့်လေးပေကျော်သို့ ရောက်ရှိနေကြောင်း ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာ ပေါင်းတည်မြို့နယ်၊ မဲကောင်းအုပ်စု၊ ဟင်္သာကန်ရပ်ကွက်၊ နွယ်ချို(၂)၊ နတ္တလင်းမြို့ အုတ်တွင်းကုန်းအုပ်စုတို့ဖြစ်ကြောင်း သိရသည်။

"မနေ့ကစပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပိုတက်လာတယ်။ ကျွန်းသာယာရပ်ကွက်နဲ့ မဇင်းရပ်ကွက်မှာ ရေအမြင့်ငါးပေလောက်ထိ တက်လာပြီ။ လေးငါးရက်လောက်မိုးဆက်ရွာနေရင် အခြေအနေက ပိုစိုးရိမ်လာစရာရှိတယ်။ ဆိုးရွားတဲ့ရပ်ကွက်တွေကိုတော့ လူမှုရေးအဖွဲ့စည်းတွေစုပြီး ထမင်းထုပ်တွေ စဝေနေပြီ။ ပဲခူးခရိုင်တွင်းမှာ စပါးစိုက်ပြီးသားလယ်တွေ ရေနစ်နေတာ ဧကတစ်သိန်းလောက်ရှိမယ်။ စပါးပင်က ငါးရက်လောက်ရေနစ်သွားရင် သေတာပဲ။ နောက်တစ်ခုက ပဲခူးချောင်းဖျားမိုင် ၃၀ လောက်မှာရှိတဲ့ ဒေါင်းတုဆည်က ရေလွှတ်ချမယ်ကြားတယ်။ အဲလိုလုပ်ရင် အောက်မှာရွာတွေရှိတယ်။ ပြည်သူကိုကြိုအသိပေးသင့်တယ်။ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်" ဟု ပဲခူးမြို့မှ ဒေါက်တာစိုးမြင့်သန်းက ပြောကြားသည်။

ယင်းဖြစ်ရပ်များကြောင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ် ၄ ရက်တွင် အရေးပေါ်အစည်းဝေးတစ်ရပ်ခေါ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ အလားတူ ပြည်ခရိုင်၊ ပြည်မြို့နယ် မိမ္မရဲကျေးရွာတွင် သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် သစ်ချီတင်ချောင်းရေလျှံမှုကြောင့် လယ်ဧက ၁၀၀ နီးပါးနှင့် လူနေအိမ်ခြေ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး ကလေးငယ်များ နာဖျားမှုများကြောင့် ကျောင်းခွင့်ယူထားမှုများရှိကြောင်း ရွာခံများကဆိုသည်။
"ရွာထဲမှာရေလွှမ်းနေတော့ တော်ရုံဈေးလာမ၀ယ်တော့ နေ့စဉ်ရောင်းဝယ်ရေးထိခိုက်တာပေါ့။ အခုနှစ် မိုးရာသီမှာရေကြီးတာဆိုရင် ငါးကြိမ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲရေမ၀င်အောင်ဖို့ထားပေမယ့်လည်း မရဘူးလေ။ ရွာလမ်းကိုကျော်ဖို့လည်းမရဘူး။ ရေကျသွားရင်လည်း ရွှံဗွက်တွေတင်ကျန်ခဲ့တယ်။ အဆိုးဆုံးက အခုရွာထဲမှာ ကလေးတွေဖျားနာနေတယ်။ တချို့ကျောင်းမတက်နိုင်ကျဘူး။ ဘယ်တာဝန်ရှိသူမှလည်းလာမကြည့်ဘူး။ ရေကျသွားမဲ့အချိန်ကိုပဲစောင့်ရတာပဲ" ဟု မိမ္မရဲကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်ကဆိုသည်။

သြဂုတ် ၁ ရက်မှစ၍ ပေါင်းတည်မြို့နယ်တွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ချောင်းရေလျှံခဲ့ကာ လူနေရပ်ကွက်များနှင့် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ပေါင်းတည်မြို့နယ်၊ ဟင်္သာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေအောင်က ပြောကြားခဲ့ပြီး သဲကုန်းမြို့နယ်တွင်လည်း အင်းမအင်း ရေထိန်းတမံနှင့် ပုဂ္ဂိလငါးကန်များကြောင့် လယ်မြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက်က သဲကုန်းကြီးချောင်းရေလျှံမှုကြောင့် သဲကုန်း-ပြည် ကားလမ်းမရှိတံတားနှစ်စီးချိုးပြီး လူတစ်ဦးသေဆုံးခဲ့ကာ ရေလမ်းကြောင်းပြောင်းပြီး လယ်ဧက ၆၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

"ရေတွေပြန်ကျသွားပေမယ့် စိုက်ပျိုးလို့မရသေးဘူး။ ကျိုးသွားတဲ့တံတားတွေနဲ့ တာတွေကိုတော့ ပြန်လုပ်နေတာတွေ့တယ်။ ရွာသာကြီးရွာဘက်မှာလည်း လယ်ဧက ၆၀ လောက် ရေလွှမ်းနေတယ်လို့သိရတယ်" ဟု သဲကုန်းမြို့နယ်မှ ကိုအုန်းကဆိုသည်။

ရေကြီးရေလျှံမှုများတွင် မြစ်ရေလျှံမှုကြောင့် အရေးပေါ်ကူညီရွှေ့ပြောင်းကယ်ဆယ်ရေးများကိုသာ မီးသတ်ဦးစီးဌာနက ကူညီကယ်ဆယ်ရပြီး ရေလွှမ်းသည့်လယ်မြေများမှာ စိုက်ပျိုးရေး၊ မြေစာရင်းထွေအုပ်များဖြင့်သာ သက်ဆိုင်ကြောင်း၊ ပြည်ခရိုင်တွင်းဖြစ်စဉ် အရေးပေါ် ရေဘေးကယ်ဆယ်မှုမရှိသေးကြောင်း၊ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး မီးသတ်ရဲဘော် ၁၀၀ ဦး အသင့်ထားရှိကြောင်း မိုးလေ၀သ၏ကြေညာချက်နှင့် ဧရာဝတီမြစ်ရေလျှံချိန်မျိုးမှာ စက်တင်ဘာလဆန်းတွင်ဖြစ်ခြင်းကြောင့် စောင့်ကြည့်အနေအထားတွင်ရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ကဆိုသည်။

Eleven Media Group
ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ် ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင် နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါရေနစ်မြုပ်မှုမှာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ က၀၊ သနပ္ပင်၊ ဝေါ၊ ညောင်လေးပင်၊ ပိန်းဇလုပ်နှင့် ပြည်ခရိုင် ခြောက်မြို့နယ်အနက် ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ကျွန်းသာယာ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ ရွာသစ်တိုးချဲ့၊ ရှမ်းတန်း ရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက် တို့တွင် ရေအမြင့်လေးပေကျော် သို့ ရောက် ရှိနေ ကြောင်း ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာ ပေါင်းတည်မြို့နယ်၊ မဲကောင်းအုပ်စု၊ ဟင်္သာကန်ရပ်ကွက်၊ နွယ်ချို(၂)၊ နတ္တလင်းမြို့ အုတ်တွင်း ကုန်း အုပ်စုတို့ဖြစ်ကြောင်း သိရသည်။

"မနေ့ကစပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပိုတက်လာတယ်။ ကျွန်းသာယာရပ်ကွက်နဲ့ မဇင်းရပ်ကွက်မှာ ရေအမြင့်ငါးပေလောက်ထိ တက်လာပြီ။ လေးငါးရက်လောက်မိုးဆက်ရွာနေရင် အခြေအနေက ပိုစိုးရိမ် လာစရာ ရှိတယ်။ ဆိုးရွားတဲ့ရပ်ကွက်တွေကိုတော့ လူမှုရေး အဖွဲ့စည်းတွေစုပြီး ထမင်းထုပ်တွေ စဝေနေပြီ။ ပဲခူးခရိုင်တွင်းမှာ စပါးစိုက်ပြီးသားလယ်တွေ ရေနစ်နေတာ ဧကတစ်သိန်းလောက်ရှိမယ်။ စပါးပင်က ငါးရက်လောက်ရေနစ်သွားရင် သေတာပဲ။ နောက်တစ်ခုက ပဲခူးချောင်းဖျားမိုင် ၃၀ လောက်မှာရှိတဲ့ ဒေါင်းတု ဆည်က ရေလွှတ်ချ မယ်ကြား တယ်။ အဲလိုလုပ်ရင် အောက်မှာရွာတွေရှိတယ်။ ပြည်သူကိုကြို အသိပေးသင့်တယ်။ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်" ဟု ပဲခူးမြို့မှ ဒေါက်တာ စိုးမြင့်သန်းက ပြောကြား သည်။

ယင်းဖြစ်ရပ်များကြောင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ် ၄ ရက်တွင် အရေးပေါ်အစည်းဝေး တစ်ရပ် ခေါ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ အလားတူ ပြည်ခရိုင်၊ ပြည်မြို့နယ် မိမ္မရဲကျေးရွာတွင် သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် သစ်ချီတင်ချောင်းရေလျှံမှုကြောင့် လယ်ဧက ၁၀၀ နီးပါးနှင့် လူနေအိမ်ခြေ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး ကလေးငယ်များ နာဖျားမှုများကြောင့် ကျောင်းခွင့်ယူထားမှုများရှိကြောင်း ရွာခံများကဆိုသည်။

"ရွာထဲမှာရေလွှမ်းနေတော့ တော်ရုံဈေးလာမ၀ယ်တော့ နေ့စဉ်ရောင်းဝယ်ရေးထိခိုက်တာပေါ့။ အခုနှစ် မိုးရာသီမှာရေကြီးတာဆိုရင် ငါးကြိမ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲရေမ၀င်အောင်ဖို့ထားပေမယ့်လည်း မရဘူးလေ။ ရွာလမ်းကိုကျော်ဖို့လည်း မရဘူး။ ရေကျသွား ရင်လည်း ရွှံဗွက်တွေတင်ကျန်ခဲ့တယ်။ အဆိုးဆုံးက အခုရွာထဲမှာ ကလေးတွေဖျားနာနေတယ်။ တချို့ကျောင်းမတက်နိုင်ကျဘူး။ ဘယ်တာဝန်ရှိသူမှလည်းလာမကြည့်ဘူး။ ရေကျသွားမဲ့အချိန်ကိုပဲစောင့်ရတာပဲ" ဟု မိမ္မရဲကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်ကဆိုသည်။

သြဂုတ် ၁ ရက်မှစ၍ ပေါင်းတည်မြို့နယ်တွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ချောင်းရေလျှံခဲ့ကာ လူနေရပ်ကွက်များနှင့် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ပေါင်းတည်မြို့ နယ်၊ ဟင်္သာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေအောင်က ပြောကြားခဲ့ပြီး သဲကုန်းမြို့နယ်တွင်လည်း အင်းမအင်း ရေထိန်းတမံနှင့် ပုဂ္ဂိလငါးကန်များကြောင့် လယ်မြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက်က သဲကုန်းကြီးချောင်းရေလျှံမှုကြောင့် သဲကုန်း-ပြည် ကားလမ်းမရှိတံတားနှစ်စီး ချိုးပြီး လူတစ်ဦးသေဆုံးခဲ့ကာ ရေ လမ်းကြောင်းပြောင်းပြီး လယ်ဧက ၆၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

"ရေတွေပြန်ကျသွားပေမယ့် စိုက်ပျိုးလို့မရသေးဘူး။ ကျိုးသွားတဲ့တံတားတွေနဲ့ တာတွေကိုတော့ ပြန်လုပ်နေ တာတွေ့တယ်။ ရွာသာကြီးရွာဘက် မှာလည်း လယ်ဧက ၆၀ လောက် ရေလွှမ်းနေတယ်လို့သိရတယ်" ဟု သဲကုန်းမြို့နယ်မှ ကိုအုန်းကဆိုသည်။

ရေကြီးရေလျှံမှုများတွင် မြစ်ရေလျှံမှုကြောင့် အရေးပေါ်ကူညီရွှေ့ပြောင်းကယ်ဆယ်ရေးများကိုသာ မီးသတ် ဦးစီးဌာနက ကူညီကယ်ဆယ် ရပြီး ရေလွှမ်းသည့်လယ်မြေများမှာ စိုက်ပျိုးရေး၊ မြေစာရင်းထွေအုပ် များဖြင့်သာ သက်ဆိုင်ကြောင်း၊ ပြည်ခရိုင်တွင်းဖြစ်စဉ် အရေးပေါ် ရေဘေး ကယ်ဆယ်မှုမရှိသေးကြောင်း၊ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး မီးသတ်ရဲဘော် ၁၀၀ ဦး အသင့်ထားရှိကြောင်း မိုးလေ၀သ၏ကြေညာချက်နှင့် ဧရာဝတီမြစ်ရေလျှံချိန်မျိုးမှာ စက်တင်ဘာလဆန်းတွင်ဖြစ်ခြင်းကြောင့် စောင့်ကြည့် အနေအထားတွင် ရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ကဆိုသည်။

Eleven Media Group

No comments:

Post a Comment