Tuesday, August 26, 2014

ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်

Photo: ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်
Tuesday, August 26, 2014

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်းသတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညို သင်း တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်းရှိ ရှေး ဟောင်းမြို့ပြအမွေအနှစ်များအား စနစ်တကျထိန်းသိမ်းရန်တိုက်တွန်းကြောင်း အဆိုကို သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသောရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးသို့တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ၁၁၄ ဦး အနက် အဆိုကို ထောက်ခံခဲ့သူမှာ ၁၁ ဦးသာရှိခဲ့၍ထောက်ခံသူနည်းပါးသည့်အတွက် လွှတ်တော်တွင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

ရှေးဟောင်းမြို့ပြအမွေအ နှစ်များတွင် ပါဝင်သော ပန်းခြံ၊ အဆောက်အအုံများ၊ ကန်များ၊ စိမ်းလန်းသော နေရာများအား စနစ်တကျထိန်းသိမ်းရန် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် မြို့ပြအမွေအ နှစ် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တို့နှင့်လည်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် ပြန်လည်ရှင်းပြခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနအနေဖြင့်လည်း လက်ရှိအချိန်ထိ ပန်းခြံပေါင်း ၆၃ ခုကို အများပြည်သူ အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

သမိုင်းဝင်အဆောက်အအုံ များ တည်ရှိရာ ရန်ကုန်မြို့၏ အထင်ကရမြို့လယ်ဧရိယာအား ၂၀၁၄ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်နေရာတစ်ခုအဖြစ် ကမ္ဘာ့ သမိုင်းဝင် အဆောက်အအုံစောင့် ကြည့်ရေးအဖွဲ့ (World Monument Watch) ၏ စောင့်ကြည့် မည့် စာရင်းတွင် ထည့်သွင်းရန် ရွေးချယ်ထားသည်။

7Day DAILY 

ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ်

No comments:

Post a Comment