Sunday, August 24, 2014

ရုရှားတွင် ကားသမား ၁၄ ဦးအား သတ်ဖြတ်ခဲ့သူကို ရဲများက လိုက်လံရှာဖွေ လျက်ရှိ

ရုရှားနိုင်ငံတွင် ကားသမား ၁၄ ဦးအား သတ်ဖြတ်ခဲ့သူတစ်ဦးကို ရဲများက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
Serial Killer
ကားသမားအားလုံးသည် ကျည်ဆံအမျိုးအစားတစ်ခုတည်းဖြင့် ဦးခေါင်းနေရာကိုသာ ပစ်ခတ်ခံ ခဲ့ရသောကြောင့် ၎င်းတို့အားသတ်သူ မှာ တစ်ဦး တည်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ထားသည်။
လူသတ်သမားက ၎င်းသတ်ဖြတ်ခဲ့သည့် ကားသမားများထံမှ မည်သည့်ပစ္စည်းကိုမျှ ယူဆောင်မသွားသည့် အပြင် ယာဉ်မတော်ဖြစ်မှု များလည်း မရှိခဲ့ကြောင့် ကားသမားများပေါ်တွင် မုန်းတီးစိတ်သက်သက်ဖြင့် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ရဲများက ပြောကြားသည်။
လူသတ်သမားဖြစ်နိုင်ဖွယ်ရာရှိသူ၏ ပုံသဏ္ဍာန်အား ပုံကြမ်းရေးဆွဲ ထုတ်ပြန်ထားသော်လည်း အဆိုပါ လူအား မည်သည့် အတွက်ကြောင်း သံသယရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်မထားပေ။
နောက်ဆုံးဖြစ်ပွားခဲ့သည့် လူသတ်မှုသည် ယမန်နှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ကားသမား အလက်ဇီဆီ ကန်နော့ဗ် သည် ဒိုမိုဒီ ဒိုဗို လေဆိပ်အနီး ဦးခေါင်းတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
အဆိုပါ လအတွင်း အဲလ်ဘတ်ယူဆူပေါ့ဗ်ဆိုသူသည်လည်း မော်စကိုမြို့စွန် ဖိုမင်ကိုးရွာတွင် သတ်ဖြတ် ခံခဲ့ရသည်။
ကျည်ဆံကျွမ်းကျင်ပညာရှင်များ က လူသတ်သမားသည် တစ်ဦးတည်ဖြစ်နိုင်ပြီး ရုရှားလုပ် ၉-ကယ်လီဗာ မာကာရော့ဗ် သေနတ်တစ် လက်တည်းကို အသုံးပြုသွားကြောင်း  ကောက်ချက်ချထားသည်ဟု စုံစမ်းစစ်ဆေးရေးလုပ်ဆောင်နေသူများနှင့် နီးစပ်သူများ၏ ပြော ကြားချက်အရ သိရသည်။
လူသတ်သမားများနှင့် သက်ဆိုင်သည့် အချက်အလက်များ ရဲများအတွက် ရှာဖွေနေပးနေရသည့် စိတ်ပညာရှင် မီးခေးလ်ဗီနိုဂရာဒေါ့ဗ် က “ဒီ လူသတ် မှုဖြစ် စဉ်တွေမှ ကျူးလွန်သူဟာ ကားသမားတွေဆီက ပစ္စည်းတစ်စုံတစ်ရာ ယူမသွားသည့်အပြင် ၎င်းသတ်ဖြတ်ခဲ့ သူများကို ကြိုတင်သိထားပုံမရပါဘူး” ဟု ပြောကြားသည်။

Ref:Mirror
Mizzima - News in Burmese

No comments:

Post a Comment