Saturday, August 23, 2014

ဒုသမ္မတခရီးစဉ်လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးလှုပ်ရှားသူကို ရဲ က ရိုက်နှက်

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ ခရီးစဉ် လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးဆောင် ရွက်နေသော ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းနိုင်လင်းထွန်းကို ရဲတပ် ဖွဲ့ဝင်တွေက သြဂုတ်လ ၂၂ ရက်နေ့က ရိုက် နှက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ် KNGY အဖွဲ့က သြဂုတ်လ ၂၃ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ် ပြန်ထားပါတယ်။ အထက်ပေါင်းလောင်းဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာ ၂၃ ရွာက ဒေသခံ လူပေါင်း ၈ ထောင်ကျော် ရဲ့ နစ်နာ ဆုံးရှုံးမှု တွေကို ခွန်းနိုင်လင်းထွန်းက အချက်အလက်စုဆောင်း ထုတ်ပြန်ပေးနေတာဖြစ် တယ်လို့ကြေညာချက်မှာ ဆိုပါတယ်။
အခုလို ပြည်သူ့နစ်နာချက်ကို ဖော်ထုတ်ပေးနေသူကို ရဲတပ်ဖွဲ့ဝင် ၇ ဦးက ရိုက်နှက်ခဲ့တဲ့အတွက် ထိရောက် စွာ အရေးယူပေး ရေးနဲ့ ပေါင်းလောင်းဒေသခံ အခွင့်အရေးကာကွယ်ရေး ကော်မတီရဲ့ ပေါင်းလောင်း အရေး ကို လွတ်လပ်စွာ လုပ်ခွင့်ရဖို့ ကြေညာချက်က တိုက်တွန်းထားပါတယ်။

Photo: ဒုသမ္မတခရီးစဉ်လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးလှုပ်ရှားသူကို ရဲ က ရိုက်နှက်
Saturday, August 23, 2014

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ ခရီးစဉ် လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါင်းလောင်းအရေးဆောင် ရွက်နေသော ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းနိုင်လင်းထွန်းကို ရဲတပ် ဖွဲ့ဝင်တွေက သြဂုတ်လ ၂၂ ရက်နေ့က ရိုက် နှက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ် KNGY အဖွဲ့က သြဂုတ်လ ၂၃ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ် ပြန်ထားပါတယ်။ 

အထက်ပေါင်းလောင်းဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာ ၂၃ ရွာက ဒေသခံ လူပေါင်း ၈ ထောင်ကျော် ရဲ့ နစ်နာ ဆုံးရှုံးမှု တွေကို ခွန်းနိုင်လင်းထွန်းက အချက်အလက်စုဆောင်း ထုတ်ပြန်ပေးနေတာဖြစ် တယ်လို့ကြေညာချက်မှာ ဆိုပါတယ်။ 

အခုလို ပြည်သူ့နစ်နာချက်ကို ဖော်ထုတ်ပေးနေသူကို ရဲတပ်ဖွဲ့ဝင် ၇ ဦးက ရိုက်နှက်ခဲ့တဲ့အတွက် ထိရောက် စွာ အရေးယူပေး ရေးနဲ့ ပေါင်းလောင်းဒေသခံ အခွင့်အရေးကာကွယ်ရေး ကော်မတီရဲ့ ပေါင်းလောင်း အရေး ကို လွတ်လပ်စွာ လုပ်ခွင့်ရဖို့ ကြေညာချက်က တိုက်တွန်းထားပါတယ်။

ဧရာဝတီ
ဧရာဝတီ

No comments:

Post a Comment