Friday, August 29, 2014

ငါးပေခြောက်လက်မ အိပ်မက်

Photo: ငါးပေခြောက်လက်မ အိပ်မက်
Friday, August 29, 2014

ပြိုင်ပွဲခန်းမတစ်ခု    ရှေ့တွင်    ဆယ်ကျော် သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်အယောက်ငါးဆယ်ကျော် သည် ခန်းမအတွင်းဝင်ရန်    စောင့်ဆိုင်းနေကြသည်။

အဖြူရောင် စွပ်ကျယ်လက် ပြတ်နှင့် ဂျင်းဘောင်းဘီရှည်ကို တူညီဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများ သည်သူတို့၏ကိုယ်စီအိပ်မက်ဖြစ်သော   မြန်မာနိုင်ငံကိုယ်စားပြုကာ မယ်ကမ္ဘာ ပြိုင်ပွဲဝင်ပြိုင်နိုင်ရေး ဆန်ခါတင်အဆင့်ရွေးချယ်ခံရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ဟိုမှသည်မှ လမ်းလျှောက်လိုက် အချင်းချင်း စကားပြောလိုက်ဖြင့် စိတ်လှုပ် ရှားစွာ စောင့်ဆိုင်းနေကြသည်။

ယင်းပြိုင်ပွဲတွင် ၎င်းတို့ဖြတ် ကျော်ရမည့် အဆင့်များစွာ မရှိ သော်လည်း နောက်ဆုံးဆန်ခါ တင်အဆင့်တွင် လက်ရှိအရေ အတွက်၏ ထက်ဝက်ကိုသာ ရွေး ချယ်မည်ဖြစ်သောကြောင့် နောက်ဆုံး   စာရင်း တွင် ပါဝင် ရေးအတွက် သူတို့၏ ရင်ခုန်စိတ်လှုပ်ရှားမှုများကို  အတိုင်းသားမြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး ငယ်များအကြား ရေပန်းစားလာ သော ယဉ်ကျေးမှုတစ်ခုဖြစ်သည့်  အလှမယ်ဖြစ်ရေး အိပ်မက်များအတွက် ပန်းတိုင်ဖြစ်သည့် အလှမယ်ရွေးချယ်ပွဲများထဲမှ တစ်ခု၏ မြင်ကွင်းပင် ဖြစ်ပါသည်။

ခေတ်ရေစီးနှင့်အတူ အလှ မယ်ယဉ်ကျေးမှုမှာလည်း ခိုင်ခိုင် မာမာကြီး နေရာယူလာနေပြီး နာ မည်ကျော် လူသိများသည့် အလှ မယ်ဖြစ်ရေးမှာလည်း အမျိုးသမီး ငယ်များစွာ၏ စိတ်ကူးယဉ်အိပ် မက်တစ်ခု ဖြစ်လာနေပါသည်။

ယခင်က ပြည်တွင်းပြိုင်ပွဲ များသာ ရှိခဲ့သောကြောင့် စိတ် ၀င်စားမှု နည်းခဲ့သော်လည်း နိုင်ငံတကာစင်မြင့်တွင် သွားရောက်ယှဉ်ပြိုင်နိုင်မည့်  အခွင့်အရေးလမ်းစများ ပွင့်လာချိန်တွင်တော့ ရန်ကုန်မြို့မှ သာမက နယ်မြို့များမှ မိန်းကလေးငယ်များ၏ အလှမယ်ဖြစ်ရေးစိတ်ကူးအိပ်မက်များမှာလည်း   ရှင်သန်လာခဲ့ကြ သည်။ တစ်နှစ်တာအတွင်း လက်ချိုးရေလျှင်   လက်နှစ်ဖက်စာကျော်သော   မယ်ရွေးပွဲများက သက်သေပြနေသည်။ နိုင်ငံတကာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် လူရွေးချယ်မည့်  လျှောက်လွှာများ ခေါ်ယူလျှင် အနည်းဆုံး အမျိုးသမီးငယ်တစ်ရာကျော်၏ လျှောက်လွှာများကို လက်ခံရရှိသည်ဟု ပြိုင်ပွဲဦးဆောင်သူများထံမှ သိရသည်။

သာမန်ဧည့်လမ်းညွှန်တစ်ဦး အဖြစ်မှသည် လူသိများကျော် ကြားသည့် အလှမယ်ဖြစ်ခဲ့သော နန်းခင်ဇေယျာမှ   အစပြုကာ နိုင်ငံတကာ   စင်မြင့်ထက်တွင် တက်လှမ်းနိုင်ခဲ့ကြသည့် ခင်ဝင့်ဝါ၊  မေမြတ်နိုး၊  ဂုဏ်ရည်အေး ကျော်၊ ထားထက်ထက်စသော အရှေ့အရှေ့မှ အလှမယ်များကို အားကျအတုယူလာကြသည့် အမျိုးသမီးငယ်များစွာအတွက် လည်း   ပြိုင်ပွဲများ၊   အခွင့်အ လမ်းများက ပို၍ပို၍ တိုးလို့သာ လာသည်။

‘‘မစ္စပြိုင်ပွဲတွေကို ၀င်ပြိုင် နိုင်မယ့် အနေအထား ကိုယ့်မှာ ရှိ ရင်တော့ ၀င်ပြိုင်ချင်တယ်။ ကိုယ် မှ မဟုတ်ပါဘူး မိန်းကလေးတိုင်း စိတ်ဝင်စားမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ မိန်းကလေး တွေက အလှကိုကြိုက်တယ်လေ’’ ဟု အလှမယ်ပြိုင်ပွဲတွေကို မိန်းကလေးပီပီဝင်ရောက် ယှဉ်ပြိုင်လိုသည့်အကြောင်း    အသက် (၂၀)အရွယ် မေဦးက ပြောသည်။

     သို့သော် သူမတို့၏  

စိတ်ကူးယဉ်အိပ်မက် များ   လက်တွေ့အကောင်အ ထည်ပေါ်လာရန်    အခက်အခဲ အတားအဆီးအချို့တော့    ရှိသည်။ အလှမယ်အိပ် မက်ဖြစ်လာရေးအတွက်    နောက်ထပ်စိန် ခေါ်မှုတစ်ရပ်က    အရပ်အမြင့် သတ်မှတ်ချက် ဖြစ်နေပြန်သည်။

ယခုနောက်ပိုင်း အလှမယ် ပြိုင်ပွဲများတွင် အရပ် ၅ ပေ ၆ လက်မနှင့် အထက်ဝန်းကျင်ဟု သတ်မှတ်ချက်များက မြန်မာမိန်း ကလေးများအတွက် အခက်တွေ့ ရပြန်သည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင် ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအ နေဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည့် သျှားထွဋ်အိန္ဒြာ ကိုယ်တိုင်ပင် ၎င်း၏လိုအပ်ချက် တစ်ခုအနေဖြင့် ‘‘ဒီထက်အရပ် ကလေး နည်းနည်း ရှည်ချင်တယ်’’ဟု 7Day Daily နှင့် တွေ့ဆုံမေး မြန်းစဉ် ဖြေကြားထားသည်။

‘‘ဒါကတော့ ကိုယ့်ရှိတဲ့ ကံ ပေါ့။ ဖြစ်နိုင်ရင်တော့ ကိုယ့်မှာ မယ်တစ်ယောက်   ဖြစ်နိုင်မယ့် အခြေအနေပေးရင်တော့ ၀င်ပြိုင် ချင်တယ်’’ ဟု မေဦးက အရပ်အ မြင့်သတ်မှတ်ချက်နှင့်ပတ်သက် ပြီး ပြောသည်။

သို့သော်လည်း အောင်မြင် ကျော်ကြားသော အလှမယ်တစ် ယောက်ဖြစ်လာရန်အတွက် အ ရပ်မြင့်မားဖို့၊ အဓိကကျသော အ ချက်မဟုတ်ဘဲ သတ်မှတ်ထား သော အရပ်နှင့် လှပသော ခန္ဓာ ကိုယ်အချိုးအစားရှိဖို့ကသာ အရေးကြီးတယ်လို့ Miss International 2013 ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ ဂုဏ်ရည်အေးကျော် က ဆိုသည်။။

အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲ မှတစ်ဆင့် လူသိများလာပြီး မယ် ကမ္ဘာပြိုင်ပွဲအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ပါဝင် နေသော ၀ိုင်းလေးကလည်း အရပ်ကန့်သတ်ချက်နှင့်ပတ် သက်၍ ‘‘ညီမခံယူထားတာတော့  အရပ်ရှည်မှ ခရောင်း(သရဖူ) ဆောင်းရမှာ မဟုတ်ဘူး။ အရပ် က သူတို့သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ ကိုက်ညီရင်ရပြီ ကိုယ့် ဘက်က တခြားဘက်တွေမှာ ပြည့်စုံနေရင် အရပ်ရှည်တဲ့သူတွေ ကို ကျော်ပြီး ခရောင်းဆောင်းနိုင် မှာပါ’’သူမ၏ ခံယူချက်ကို ပြော သည်။

အောင်မြင်ကျော်ကြားသော အလှမယ်တစ်ယောက်ဖြစ်ရန်အ တွက် အရပ်အမောင်းမှစ၍ အ ဘက်ဘက်က ပြည့်စုံရမည်ဖြစ် သကဲ့သို့ မယ်တစ်ယောက်ဖြစ် သွားပါကလည်း မိန်းကလေးများ ၏စံပြတစ်ယောက်ကဲ့သို့ ဖြစ်သွား ပြီး အပြောအဆို၊ အနေအထိုင် များ ထိန်းသိမ်းရန် လိုအပ်သည် ဟု အလှမယ်ဂုဏ်ရည်အေးကျော် က သရဖူပြန်သိမ်းခံခဲ့ရသော ထိုင်းအလှမယ်ကို ဥပမာပြု၍ ပြောသည်။

စိန်ခေါ်မှုများရှိသော်လည်း ယင်းပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက ရရှိလာသည့် အ ကျိုးခံစားခွင့်များနှင့်အတူ နောက် ဆက်တွဲအောင်မြင်မှုများ ရရှိနိုင် သောကြောင့် ပြိုင်ပွဲများအပေါ် စိတ်ဝင်စားမှုများ လျော့သွားခြင်းမရှိခဲ့ခြင်းမှာ မယ်ပြိုင်ပွဲတိုင်းတွင်ယှဉ်ပြိုင်နေသည့် မိန်းကလေး အရေအတွက်ကို ကြည့်လျှင် တွေ့မြင်နိုင်မည် ဖြစ်သည်။

‘‘ဒီပြိုင်ပွဲတွေကနေ ဆုရတဲ့ သူတွေက ရှေ့ဆက်ရမယ့် အနု ပညာလမ်းရဲ့ အနာဂတ်ကပိုပြီး တော့ ကောင်းသွားနိုင်တယ်။ ဒါ ကြောင့်လည်း စိတ်ဝင်စားတဲ့သူ တွေများလာတယ်လေ’’ ဟု Miss SEA Games ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖူးသူ မေသဉ္ဇာဝင်းက ပြောသည်။

‘‘ပြိုင်ပွဲဝင်ပြိုင်ခွင့်ရပြီးတော့ အယောက် ၂၀ ဦးထဲပါသွားတယ် ဆိုရင်ပဲ လူသိသွားပြီး အဲဒီမှာ Tital ဆုတစ်ခုရသွားမယ်ဆိုရင် တော့ ပိုပြီးတော့ လူသိသွားတယ် လေ။ ဘာပဲပြောပြော အဲဒီလိုမျိုး ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ပြိုင် ချင်တယ်။ စိတ်ကူးရှိတယ်။ကိုယ့်မှာ မယ်ပြိုင်ပွဲဝင်လို့ရနိုင်မယ့် အခွင့်အရေးရမယ်ဆိုရင် ပေါ့’’ဟု မေဦးက ပြောပြသည်။

အချို့လည်း ယခင်ကတည်း က အလှမယ်ဖြစ်ချင်သည့် ဆန္ဒရှိ သူများမှာ အခြေအနေအကြောင်း ကြောင်းကြောင့် စိတ်ဆန္ဒကိုယ် မျိုသိပ်ထားရပြီး ယခုလို ပွင့် လင်းလာသော ခေတ်နှင့်အတူ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော အလှမယ်ပွဲတွေကို ပြုလုပ်လာ သောကြောင့် အလှမယ်ဖြစ်ချင် သော ၀ါသနာများ ပြန်လည်နိုးထ လာသူများလည်း ရှိနေသည်။

ယခုနောက်ဆုံး ရွေးချယ် သည့် Miss Myanmar World 2014 ပြိုင်ပွဲကို နောက်ဆုံးဆန် ခါတင် အဆင့်အထိ ရွေးချယ်ခံ ထားရသည့် အလှမယ်ကေသရီ က ငယ်စဉ်ကတည်းက ၀ါသနာ ပါသောကြောင့် မိဘများနှင့်အ တိုက်အခံလုပ်ကာ ပြည်တွင်းပွဲ များတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သည်။

အမြင့်ဆုံးဆုကို မရခဲ့သော ကြောင့် လက်လျှော့ထားပြီး အခြားအလှမယ်ပွဲများ ၀င်ရောက် မယှဉ်ပြိုင်ခဲ့သော်လည်း မကြာမီရက်ပိုင်းက ကျင်းပခဲ့သော Miss Golden Land Myanmar ပြိုင်ပွဲကို ကြည့်ပြီး သူမ၏ အလှမယ်ဖြစ်ချင်သည့် ဆန္ဒကပြန် လည် အသက်ပြန်ဝင်လာခဲ့သည် ဟု ၎င်းကဆိုသည်။

‘‘အမေ ကိုယ်တိုင်က အား ပေးတာကြောင့် အခု Miss Myanmar World 2014 ပြိုင်ပွဲ ကို ပြန်ပြိုင်ဖြစ်ခဲ့တာပါ’’ ဟု မိုး စက်ဝိုင်ကို အားကျသည်ဟုဆို သည့် ကေသရီကပြောသည်။

ထို့အပြင် ပြိုင်ပွဲများ ၀င် ရောက်ယှဉ်ပြိုင်ရန် ကုန်ကျသည့် စရိတ်စကများကလည်း အမျိုး သမီးငယ်များ၏ အိပ်မက်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပြန် သည်။

‘‘စုံစမ်းရသလောက်တော့ ပိုက်ဆံတော်တော်ကုန်တယ်လို့ သိရတယ်။ စပွန်ဆာမရှိတဲ့ပွဲဆို ရင် ပိုကုန်တယ်။ နောက်ပိုင်းမှာ ပိုက်ဆံကြောင့် လမ်းလွဲသွားမှာ စိုးလို့ အိမ်ကတော့ ကန့်ကွက် တယ်’’ ဟု သဲသဲက ပြောသည်။

ပြိုင်ပွဲများတွင် ဆုတစ်ခုခု ရမှာသာ ကုန်ကျစရိတ်အတွက် ပြန်ကာမိမှာဖြစ်ပြီး ဆုမရရှိပါက ကုန်ကျစရိတ်များကြောင်း ပြည်တွင်း အလှမယ်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ဖူးသူ မေသဉ္ဇာဝင်းက ဆိုသည်။

သို့သော် ဘယ်လောက်ပင် အခက်အခဲ အတားအဆီးများ ရှိ နေပါစေ ထိုအရာများက နာမည် ကြီး အလှမယ်ဖြစ်လာရေးအ တွက် မက်နေသော မိန်းကလေး ငယ်များ၏ စိတ်ကူးယဉ်အိပ်မက် များကို မှေးမှိန်သွားအောင် မစွမ်း သာပါ။

သာမန် လူမသိ သူမသိ ဘ၀ မှသည် တီဗီဖန်သားပြင် စာမျက် နှာများထက်ဆီမှတစ်ဆင့် ပရိသတ်ကြား အောင်မြင်ကျော်ကြားသည့် အလှမယ်တစ်ဦးဖြစ်ရေး အိပ် မက်များကိုတော့ ဆက်လက်မက် နေကြဦးမည်သာ ။   ။
7daydaily

မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် အလှမယ်များ
မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် အလှမယ်များ
ပြိုင်ပွဲခန်းမတစ်ခု    ရှေ့တွင်    ဆယ်ကျော် သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်အယောက်ငါးဆယ်ကျော် သည် ခန်းမအတွင်းဝင်ရန်    စောင့်ဆိုင်းနေကြသည်။အဖြူရောင် စွပ်ကျယ်လက် ပြတ်နှင့် ဂျင်းဘောင်းဘီရှည်ကို တူညီဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများ သည်သူတို့၏ကိုယ်စီအိပ်မက်ဖြစ်သော   မြန်မာနိုင်ငံကိုယ်စားပြုကာ မယ်ကမ္ဘာ ပြိုင်ပွဲဝင်ပြိုင်နိုင်ရေး ဆန်ခါတင်အဆင့်ရွေးချယ်ခံရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ဟိုမှသည်မှ လမ်းလျှောက်လိုက် အချင်းချင်း စကားပြောလိုက်ဖြင့် စိတ်လှုပ် ရှားစွာ စောင့်ဆိုင်းနေကြသည်။

No comments:

Post a Comment