Monday, August 25, 2014

ညသိပ်ကားများ လက်မခံခြင်းကြောင့် ဝယ်ရောင်းများစရိတ်ကာမိစေရန် လျှော့ဈေးများဖြင့် ပြန်လည်ရောင်းချနေဟုဆို

ယာဉ်ရောင်း ဝယ်ရေးစခန်းများတွင် ညသိပ်ကား များ လက်မခံခြင်းကြောင့် တစ်နိုင် တစ်ပိုင် ဝယ်ရောင်းလုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့ လက်ဝယ်တွင်ရှိ သော ကားများကို လျှော့ဈေးများဖြင့် ပြန်လည်ရောင်းချနေရကြောင်း ယင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။
လက်ရှိ သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းနှင့် လှိုင်ယာဉ်ရောင်း ဝယ်စခန်းများတွင် ညသိပ်ယာဉ်များ ခွင့်မပြုတော့သည့်အတွက် အရောင်း အဝယ်လုပ်ကိုင်သူများအနေဖြင့် ညသိပ်ယာဉ်ထားရန် နေရာအခက် အခဲနှင့် ရင်ဆိုင်နေရပြီး စရိတ်မြင့် တက်မှုများကြောင့် ဈေးလျှော့ရောင်း ချရန် တချို့ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆောင်ရွက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဦးဇော်လင်းက ''မနက်လာ၊ ညပြန် စနစ်ဆိုတော့ ကားအစီးများများကိုင် ထားတဲ့သူတွေက အခက်အခဲဖြစ် လာတဲ့အတွက် အခုလို ဈေးလျှော့ ရောင်းတာတွေ ဖြစ်လာတယ်။ အမြတ် ရဖို့ထက် အရင်းအတိုင်း မြန်မြန်ကုန်ဖို့ ကို ဦးတည်လာတယ်''ဟု ဆိုသည်။

လက်ရှိ မော်တော်ကားတစ်စီး လျှင် အနည်းဆုံး ကျပ်သုံးသိန်းမှ ငါးသိန်းနီးပါးအထိ ဈေးလျှော့ရောင်း ချမှုများရှိလာပြီး ကားထားရန်အတွက် ရေရှည်တွင် စရိတ်ပိုမိုကုန်ကျမှုများ ကာ မိစေရန်အတွက် ရည်ရွယ်ရောင်း ချခြင်းဖြစ်ကြောင်း သိရသည်။
ဝါရင့်ယာဉ်ရောင်းဝယ်ရေးလုပ် ကိုင်သူတစ်ဦးက ''တချို့တွေက ရပ် ကွက်ထဲတွေ၊ ဘုန်းကြီးကျောင်းတွေ မှာ သွားထားတယ်။ အရင်တုန်းက မရောင်းရလဲ ကိစ္စမရှိဘူး။ အခုက ကားအစီးရေပေါ် မူတည်ပြီး ကုန်ကျ စရိတ်က တက်လာတယ်။ နှစ်စီး၊ သုံးစီးဆိုရင် ကိစ္စမရှိပေမယ့် ၁ဝစီး လောက်ရှိတဲ့လူတွေက ပိုပြီးပြဿနာ ရှိတာပေါ့'' ဟု ဆိုသည်။
ယင်းအပြင် သီရိမင်္ဂလာယာဉ် ရောင်းဝယ်စခန်းမှ ယာဉ်ရောင်းဝယ် ရေးလုပ်ကိုင်သူများအနေဖြင့် ယာဉ် ရောင်းဝယ်ရေး စခန်းအနီးရှိ မြေကွက် လွတ်များ၊ မြေညီတိုက်ခန်းများအား လချုပ်ဖြင့် ငှားရမ်းကာ ကားထား ရန် စီစဉ်နေရကြောင်း သိရသည်။
သီရိမင်္ဂလာ ယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကျော်နိုင်က ''အခုက နေရာအတွက် မနက်ဆိုရင် အစောကြီး အိပ်ရာထပြီး နေရာစီစဉ်နေရတယ်။ မြို့ထဲဈေးရောင်းသူတွေတောင် သူ့ နေရာသတ်မှတ်ချက်အတွက် စည်ပင် ကို အခွန်ပေးပြီး နေရာဦးရတယ်။ အဲဒါကြောင့် ကားရောင်းတဲ့သူတွေ ကို နေရာလေးတွေ သတ်မှတ်ပေး စေချင်တယ်'' ဟု ဆိုသည်။
ယင်းသို့ နေရာရရှိရေးအတွက် ဒဏ်ကြေးပေးဆောင်ရကာ နေရာဦးမှု များ ဆောင်ရွက်နေရသဖြင့် ဒဏ် ကြေးတစ်သောင်း ပေးဆောင်ရကာ စရိတ်ကြီးမြင့်လာသဖြင့် လက်ရှိ လက်ဝယ်ရှိ ကားများကို အမြတ်အစွန်း ထက် အရင်းအတိုင်း ပြန်လည်ရောင်း ချရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ် ကိုင်သူတချို့က ဆိုသည်။
AKS

No comments:

Post a Comment