Thursday, August 28, 2014

အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို သြစတြေးလျ လေဆိပ်များတွင် တာဝန်ချ

သြစတြေးလျအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တွေကို အဓိကလေဆိပ်တွေ မှာ တာဝန်ချထားလိုက်ပါတယ်။
သြစတြေးလျအစိုးရဟာ မဲလ်ဘုန်းနဲ့ ဆစ်ဒနီလေဆိပ်တွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို တာဝန်ချထားခဲ့ပြီးပြီလို့ ဝန်ကြီးချုပ် တိုနီအက်ဘ်ဘော့က လွှတ်တော်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ ပြောဆိုလိုက်ပါတယ်။ct-policeဒီ တပ်ဖွဲ့သစ်ဟာ လူအနည်းဆုံး ၁ ယောက်ကို ကြားဖြတ်ဆွဲခေါ်ပြီးပြီလို့ သူက ဆက်ပြော ပါတယ်။ဘယ်လို ကြားဖြတ်ခေါ်တာနဲ့ ဘယ်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ အသေးစိတ် ကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။သြစတြေးလျမီဒီယာကတော့ တပ်ဖွဲ့သစ်ဟာ တနိုင်ငံလုံးကနိုင်ငံတကာ လေဆိပ်တွေ အားလုံးကို နောက်ဆုံးမှာ ပျံ့သွားမယ်လို့ အစီရင်ခံပါတယ်။သြစတြေးလျအစိုးရဟာ လူငယ်တွေ အစွန်းရောက်သွားမှာဆိုတာရယ်၊ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတကာပဋိပက္ခတွေမှာ သွားရောက်တိုက်ခိုက်မှာကို တားမြစ်ဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်တွေကို  ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ဖွင့်ပြခဲ့တာပါ။သြစတြေးလျနိုင်ငံသားတချို့က ဂျီဟတ်စစ်ပွဲဝင် စစ်သွေးကြွတွေနဲ့ ပူးပေါင်းခဲ့ ပြီးပါပြီ။
 Photo: အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို သြစတြေးလျ လေဆိပ်များတွင် တာဝန်ချ
Thursday, August 28, 2014

သြစတြေးလျအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တွေကို အဓိကလေဆိပ်တွေ မှာ တာဝန်ချထားလိုက်ပါတယ်။

သြစတြေးလျအစိုးရဟာ မဲလ်ဘုန်းနဲ့ ဆစ်ဒနီလေဆိပ်တွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို တာဝန်ချထားခဲ့ပြီးပြီလို့ ဝန်ကြီးချုပ် တိုနီအက်ဘ်ဘော့က လွှတ်တော်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ ပြောဆိုလိုက်ပါတယ်။

ct-policeဒီ တပ်ဖွဲ့သစ်ဟာ လူအနည်းဆုံး ၁ ယောက်ကို ကြားဖြတ်ဆွဲခေါ်ပြီးပြီလို့ သူက ဆက်ပြော ပါတယ်။

ဘယ်လို ကြားဖြတ်ခေါ်တာနဲ့ ဘယ်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ အသေးစိတ် ကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။

သြစတြေးလျမီဒီယာကတော့ တပ်ဖွဲ့သစ်ဟာ တနိုင်ငံလုံးကနိုင်ငံတကာ လေဆိပ်တွေ အားလုံးကို နောက်ဆုံးမှာ ပျံ့သွားမယ်လို့ အစီရင်ခံပါတယ်။

သြစတြေးလျအစိုးရဟာ လူငယ်တွေ အစွန်းရောက်သွားမှာဆိုတာရယ်၊ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတကာပဋိပက္ခတွေမှာ သွားရောက်တိုက်ခိုက်မှာကို တားမြစ်ဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်တွေကို  ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ဖွင့်ပြခဲ့တာပါ။

သြစတြေးလျနိုင်ငံသားတချို့က ဂျီဟတ်စစ်ပွဲဝင် စစ်သွေးကြွတွေနဲ့ ပူးပေါင်းခဲ့ ပြီးပါပြီ။

အမေရိကန်နဲ့အတူ သြစတြေးလျဟာ အရှေ့အလယ်ပိုင်းမှာ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ တိုးလာနေတဲ့အရေးနဲ့ ဒီတိုက်ခိုက်ရေးသမားတွေ မူရင်းနိုင်ငံကို ပြန်လာရင် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ပြဌာန်းဖို့ ကုလသမဂ္ဂကို တွန်းအားပေးရာမှာ ဦးဆောင်နေပါတယ်။

သြစတြေးလျဝန်ကြီးချုပ်ကတော့ အနည်းဆုံး သြစတြေးလျနိုင်ငံသား အယောက် ၆၀ လောက် အစ္စလာမ်မစ်ပြည်ထောင်စုအဖွဲ့ သူပုန်တွေနဲ့ အတူ တိုက်ခဲ့ကြပြီး အီရတ်နဲ့ ဆီး၇ီးယားက တခြားပြည်သူ့စစ်တွေကို ကျောထောက်နောက်ခံ ပေးနေတာကတော့ သြစတြေးလျ အခြေစိုက် ပံ့ပိုးသူ အယောက် ၁၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

လုံခြုံရေးအကဲခတ်တွေကတော့ အီရတ်နဲ့ ဆီးရီးယားမှာ တိုက်နေတဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေဟာ ကမ္ဘာ့အရပ်ရပ်က လာတာဖြစ်ပြီး လူဦးရေ ထောင်ချီတယ်လို့ ခန့်မှန်းထားပါတယ်။
dvb
အမေရိကန်နဲ့အတူ သြစတြေးလျဟာ အရှေ့အလယ်ပိုင်းမှာ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ တိုးလာနေတဲ့အရေးနဲ့ ဒီတိုက်ခိုက်ရေးသမားတွေ မူရင်းနိုင်ငံကို ပြန်လာရင် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ပြဌာန်းဖို့ ကုလသမဂ္ဂကို တွန်းအားပေးရာမှာ ဦးဆောင်နေပါတယ်။သြစတြေးလျဝန်ကြီးချုပ်ကတော့ အနည်းဆုံး သြစတြေးလျနိုင်ငံသား အယောက် ၆၀ လောက် အစ္စလာမ်မစ်ပြည်ထောင်စုအဖွဲ့ သူပုန်တွေနဲ့ အတူ တိုက်ခဲ့ကြပြီး အီရတ်နဲ့ ဆီး၇ီးယားက တခြားပြည်သူ့စစ်တွေကို ကျောထောက်နောက်ခံ ပေးနေတာကတော့ သြစတြေးလျ အခြေစိုက် ပံ့ပိုးသူ အယောက် ၁၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။လုံခြုံရေးအကဲခတ်တွေကတော့ အီရတ်နဲ့ ဆီးရီးယားမှာ တိုက်နေတဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေဟာ ကမ္ဘာ့အရပ်ရပ်က လာတာဖြစ်ပြီး လူဦးရေ ထောင်ချီတယ်လို့ ခန့်မှန်းထားပါတယ်။
dvb

No comments:

Post a Comment