Friday, August 29, 2014

ယူကရိန်းနိုင်ငံအရှေ့ခြမ်းရှိ နယ်မြေများကို သူပုန်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

Photo: ယူကရိန်းနိုင်ငံအရှေ့ခြမ်းရှိ နယ်မြေများကို သူပုန်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်
Friday, August 29, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များ ဆုတ်ခွာခဲ့သော နယ်မြေတစ်ကြောတွင် ယခုအခါ သူပုန် တပ်ဖွဲ့များ သိမ်းပိုက် ထားသည်ဟု သြဂုတ် ၂၈ရက်က အေ အက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ယူကရိန်းနိုင်ငံ ပိုင်နက်အတွင်းတွင် ရုရှတပ်ဖွဲ့များ ၀င်ရောက် လှုပ်ရှားလျက် ရှိသည် ဟုလည်း အနောက် အုပ်စုမှ ထောက်လှမ်းရေး အရာရှိများက ပြောသည်။ “ယူကရိန်းနိုင်ငံထဲကို ရုရှတပ် တွေ ၀င်ရောက်နေပါတယ်” ဟု စစ်အရာရှိ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များက နိုင်ငံ၏ အရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များ၏ နောက်ဆုံး အခြေစိုက် စခန်းများကို အစိုးရ စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုအခါ အဖြေအနေများမှာ တစ်ဖန်ပြောင်းလဲသွားခဲ့ပြီဟု ဆိုနိုင်သည်။

တစ်ဖန် ပြောင်းလဲပဋိပက္ခတွင် နေတိုးတပ်ဖွဲ့၏ အကူအညီရယူရန်လည်း ယူကရိန်းအစိုးရကို တိုက်တွန်းမှု များ ရှိနေသည်။

သူပုန်များ ထိန်းချုပ်ထားရာ ဒိုးနက်စ်ခ်မြို့၏တောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များ၏ မည်သည့်အရိပ်အယောင် ကို တွေ့ရှိခဲ့ခြင်းမရှိ ဘဲ သူပုန်တပ်ဖွဲ့က ယင်းနယ်မြေရှိ အက်ဇော့ဗ်ပင်လယ်တစ်လျှောက် ပိတ်ဆို့ ထား သည်။

ထို့ပြင် နိုင်ငံ၏ အဓိကအချက်အချာ ပို့ဆောင်ရေးဒေသဖြစ်သော အိုင်လိုဗက်မြို့တွင် အစိုးရတပ်ဖွဲ့များ ၀ိုင်းရံခံထားရပြီး ၎င်းတို့ကို အရေးပေါ်စစ်ကူပေးရန် လိုအပ်နေသည်ဟု ယူကရိန်းတပ်မှူးတစ်ဦးက ဖေ့စ် ဘုတ်တွင် တင်ထားသည်။

ခိုင်မာသည့် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိသော ယူကရိန်းနှင့် ရုရှနိုင်ငံသမ္မတ နှစ်ဦး တွေ့ ဆုံဆွေးနွေးမှု နောက် ပိုင်း အခြေအနေ ပိုမိုဆိုးရွားမည့် အထောက်အထားများကို မြင်တွေ့လာရသည်။ လက်ရှိ ယူကရိန်းအရေးအခင်းတွင် ရုရှတို့က တိုက်ရိုက်စွက်ဖက်နေသည်ဟု အနောက်အုပ်စုကပြောကြား ခဲ့ပြီး ၎င်းစွဲချက်များကိုလည်း ရုရှတို့က ပြန်လည် ငြင်းဆိုခဲ့သည်။

ထို့ပြင် ဒိုးနက်စ်ခ်မြို့၏ တောင်ဘက် ကီလိုမီတာ ၅၀ မိုင် ၃၀ အကွာ ပိုဘီဒါရွာအနီးတွင် ရုရှတပ်ဖွဲ့ဝင်များမှာ စစ်ဌာနချုပ်စခန်းကို တည်ဆောက် နေသည်ဟု ယူကရိန်းအစိုးရက သြဂုတ် ၂၇ ရက်က ပြောကြားသည်။
မဇ္ဈိမ

No comments:

Post a Comment