Thursday, August 28, 2014

မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံတားများ ကြံ့ခိုင်မှု အားနည်း သဖြင့် ရှောင်လမ်းများမှသာ သွားလာနေရ

မိုးရာသီတွင် ချောင်း ရေတိုက်စားသဖြင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံ တားများ အောက်ခြေတိုင်များ ယိုင်နဲ့နေသဖြင့် ကားကြီးများတံ တားအောက် ရှောင် လမ်းများမှ သာ သွားလာနေရကြောင်း သ တင်းရရှိသည်။
မြန်မာ-အိန္ဒိယချစ်ကြည် ရေးလမ်းမကြီးဖြစ်သော ကလေး-တမူး ကားလမ်းမကြီး သည် မိုင် ပေါင်း ၉၀ နီးပါး ရှည်လျားပြီးတံတားအစင်းပေါင်း ၇၁ စင်းရှိ သည်။
‘‘အခု မိုးနည်းနည်းပဲကျသေး တဲ့အတွက် ကွင်းလမ်း(ရှောင် လမ်း)တွေက သွားမယ် ဆိုရင် လည်း သွားလို့တော့ရသေးတယ်။ ရှေ့လျှောက် မိုးများပြီး တောင်ကျ ချောင်းရေတွေ များလာပြီဆိုရင် သွားလို့လာလို့မရတော့ဘူး။ တံ တားပေါ်ကလည်း ဖြတ်လို့မရဘူး ဆိုရင် ဟိုဘက်ဒီဘက်ကုန်တွေ ကဲ့ပြီးသယ်နေရတာနဲ့တင်အချိန် ကြာသလို ကုန်စည်တင်ပို့ခတွေ ဈေးမြင့် တက်လာတော့တာပဲ’’ဟု တမူးမြို့ဒေသခံကုန်သည်တစ်ဦး ကပြောသည်။

Photo: မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံတားများ ကြံ့ခိုင်မှု အားနည်း သဖြင့် ရှောင်လမ်းများမှသာ သွားလာနေရ
Thursday, August 28, 2014

မိုးရာသီတွင် ချောင်း ရေတိုက်စားသဖြင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံ တားများ အောက်ခြေတိုင်များ ယိုင်နဲ့နေသဖြင့် ကားကြီးများတံ တားအောက် ရှောင် လမ်းများမှ သာ သွားလာနေရကြောင်း သ တင်းရရှိသည်။

မြန်မာ-အိန္ဒိယချစ်ကြည် ရေးလမ်းမကြီးဖြစ်သော ကလေး-တမူး ကားလမ်းမကြီး သည် မိုင် ပေါင်း ၉၀ နီးပါး ရှည်လျားပြီးတံတားအစင်းပေါင်း ၇၁ စင်းရှိ သည်။

‘‘အခု မိုးနည်းနည်းပဲကျသေး တဲ့အတွက် ကွင်းလမ်း(ရှောင် လမ်း)တွေက သွားမယ် ဆိုရင် လည်း သွားလို့တော့ရသေးတယ်။ ရှေ့လျှောက် မိုးများပြီး တောင်ကျ ချောင်းရေတွေ များလာပြီဆိုရင် သွားလို့လာလို့မရတော့ဘူး။ တံ တားပေါ်ကလည်း ဖြတ်လို့မရဘူး ဆိုရင် ဟိုဘက်ဒီဘက်ကုန်တွေ ကဲ့ပြီးသယ်နေရတာနဲ့တင်အချိန် ကြာသလို ကုန်စည်တင်ပို့ခတွေ ဈေးမြင့် တက်လာတော့တာပဲ’’ဟု တမူးမြို့ဒေသခံကုန်သည်တစ်ဦး ကပြောသည်။

အထက်ပါလမ်းမကြီးပေါ်ရှိ တံတားများတွင် ယခင်က ယာဉ် တန်ချိန် ၁၆တန်ရှိ ကားများဖြတ် သန်းသွားလာခွင့်ပြုခဲ့သော်လည်း လွန်ခဲ့သော ၂နှစ်မှစတင်၍ ယာဉ် ၁၃ တန်ရှိ ကားများသာ ဖြတ်သန်း သွားလာခွင့်ပြုတော့သည်။

သို့သော် ကားကြီးများသည် ရှောင်လမ်းများအသုံးပြု၍ မရ သောနေရာ များနှင့် တောင်ကျ ချောင်းရေများသောအချိန်တွင် တံတားများပေါ်မှ ဖြတ်သန်းကြ ၍ တံတားများမကြာခဏ ကျိုးကျ နေရခြင်းဖြစ်သည်ဟုတာဝန်ကျ အင်ဂျင်နီယာ ပညာရှင်များကပြောသည်။

7Day DAILY

No comments:

Post a Comment