Thursday, August 28, 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်

လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီကျော်တွင် ကျောင်းဝင်း အတွင်းရှိ တက္ကသိုလ်အားကစားခန်းမဆောင်မှ ပင်မလေးထပ်ဆောင်ရှေ့၊ ထိုမှတစ်ဆင့် ကျောင်းအနောက် အဝင်အထွက်ပေါက်သို့ လှည့်လည်ကာ အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
Photo: အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်
Thursday, August 28, 2014

လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီကျော်တွင် ကျောင်းဝင်း အတွင်းရှိ တက္ကသိုလ်အားကစားခန်းမဆောင်မှ ပင်မလေးထပ်ဆောင်ရှေ့၊ ထိုမှတစ်ဆင့် ကျောင်းအနောက် အဝင်အထွက်ပေါက်သို့ လှည့်လည်ကာ အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထို့နောက် ကျောင်းအဝင်အထွက်အ နောက်ပေါက်မှ ကျောင်းအပြင်ဘက်လမ်း တစ်လျှောက်သို့လှည့်လည်ကာ ကျောင်းသား နှင့်ပြည်သူကိုအခြေမခံသော “အမျိုးသား ပညာရေးဥပဒေမူကြမ်းအား အလိုမရှိ”၊ မတရားထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း ဥပဒေများ အမြန်ဆုံးဖျက်သိမ်းပေး၊ အစမ်းသပ်ခံပညာရေးစနစ် လုံးဝအလိုမရှိ၊ အာမခံချက်မရှိသော ပညာရေးစနစ် လုံးဝအလိုမရှိ၊ ကျောင်းသားထု အခွင့်အရေးရရှိရေး စသည့်ကြွေးကြော်သံ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကျောင်းအဝင်အထွက် အလယ်ပေါက်တွင် စုပေါင်းကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတုန်းက ကျောင်းသားထုက ပညာရေးဥပဒေကို ဆန္ဒပြတာတော့သိတယ်။ အမျိုးသားပညာရေးဥပဒေဆိုတာ ဘယ်လိုဟာလဲဆိုတာအ သေးစိတ်မသိကြဘူး။ ကြားထဲမှာ စိတ်ဝင်စားတဲ့ ကျောင်းသားထုက ပညာရေးဥပဒေကို မေးလာကြတယ်။ အဲဒါနဲ့ ပညာရေးဥပဒေကို ရှင်းလင်းတဲ့ ကြေညာချက်တွေ လိုက်ဝေတယ်။ ဒီဥပဒေက ဘာလဲဆိုတာသိတဲ့အခါ တခြားကျောင်းသားထုတွေပါ ပူးပေါင်းပါဝင် ကန့်ကွက်သွားနိုင်အောင်လို့ အခုလို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ဖြစ်တာပါ” ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများ၊ ပြင်ပမှပညာရှင်များ အချိုးအစားမျှတစွာ ပါဝင်ရေးဆွဲစေလိုကြောင်း၊ ရေးဆွဲသည့်အဖွဲ့အနေဖြင့် လွတ်လပ်သော တက္ကသိုလ်များဖြစ်ပေါ်ရေးအား ဦးတည်ကာ ကျောင်းသားအခွင့်အရေး၊ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများနှင့် လွတ်လပ်သော အသင်းအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုကာ အသိအမှတ်ပြုပေးရေး၊ ပညာရေးလွတ်လပ်ခွင့်နှင့် သင်ရိုးညွှန်းတမ်းများ လွတ်လပ်ခွင့်ရရှိရေးတို့အား အလေးထား လုပ်ဆောင်ပေးလိုကြောင်း သိရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားများမှ အဓိကပါဝင်ခဲ့ပြီး ကျောက်ဆည်၊ မုံရွာမှ တက္ကသိုလ်ကျောင်းသားများလည်း လာရောက်ပူးပေါင်းကာ ကျောင်းသားအင်းအား ၇ဝ နီးပါး ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း ဖျက်သိမ်းရေးအတွက် နေရာတစ်နေရာနှင့် အချိန်တစ်ချိန်တည်းတွင် ပြည်သူလူထုနှင့် ကျောင်းသားထုပါဝင်သော စုပေါင်းဆန္ဒထုတ်ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြီးခဲ့သည့် ဇွန်တတိယပတ်၌ အထက်မြန်မာပြည်ရှိ ကန့်ဘလူမြို့တွင်လည်းကောင်း၊ ဇူလိုင် ၇ ရက်က ပြင်ဦးလွင်မြို့တွင်လည်းကောင်း၊ ဇူလိုင် ၂၁ ရက်က မန္တလေးမြို့တွင်လည်း ကောင်း၊ ဇူလိုင် ၃ဝ ရက်က ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ဩဂုတ် ၂၄ ရက်ကမုံရွာမြို့တွင်လည်းကောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှအသီးသီးဆန္ဒဖော်ထုတ်မှုပြုခဲ့ကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ သမ္မတမှ အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားကြောင်း သိရသည်။ 

ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း ကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့စဉ်

Eleven Media Group

No comments:

Post a Comment