Sunday, August 24, 2014

တန်ဖိုးနည်းအိမ်ရာ စနစ်ကို နှစ်ရှည်ချေးငွေဖြင့် အကောင်အထည်ဖော်မည်

Photo: တန်ဖိုးနည်းအိမ်ရာ စနစ်ကို နှစ်ရှည်ချေးငွေဖြင့် အကောင်အထည်ဖော်မည်
Sunday, August 24, 2014

ဝင်ငွေနည်းပါးသော လူ တန်းစားများနေထိုင်မည့် တန်ဖိုး နည်းအိမ်ရာစနစ်ကို အရစ်ကျနှစ် ရှည်ချေးငွေစနစ်ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့ကြီးများတွင် လူဦးရေထူ ထပ်သည့်အတွက် အထပ်မြင့် အဆောက်အအုံ များ ဆောက် လုပ်ရာတွင် ဆင်းရဲနွမ်းပါးသူများ၊ အငြိမ်းစားဝန်ထမ်းများ၊ စစ်မှု ထမ်းဟောင်းများ၊ မသန်စွမ်းများ၊ ကျဆုံး စစ်သည်မိသားစုများကို ဦးစားပေး ရွေး ချယ်၍ ရောင်းချ ပေးရန် ပြောကြားသွားခဲ့သည်။

ထို့အပြင် သန်းခေါင်စာရင်း စစ်ဆေးမှုနှင့်အတူ စစ်မှန်သည့် မြေမဲ့ယာမဲ့ပြည်သူ များ ကိုလည်း သစ်တောမြေ၊ မြေရိုင်းနှင့် ရွာမြေ များတွင် နေရာချထားပေးမည်ဟု ဩဂုတ် ၁၅ ရက်တွင် ကျင်းပသော မြို့ပြကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများ အတွက် မြေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတက ပြောကြားသည်။

‘‘အမှန်တကယ်မြေမဲ့ယာမဲ့ တွေမဟုတ်ဘဲ ကျူးကျော်နေသူ တွေရောနှောနေတဲ့ အတွက် စိစစ် ပြီးမှသာ စစ်မှန်တဲ့ မြေမဲ့ယာမဲ့ တွေကို နေရာချထားပေးမှာပါ’’ ဟု နိုင်ငံတော် သမ္မတက ပြော ကြားသည်။

လက်ရှိ မြို့ပြကျေးရွာများ သည် ရှေးနှစ်ပေါင်းများစွာက ထူ ထောင်ခဲ့ကြသဖြင့် လက်ရှိအချိန် တွင် လူဦးရေတိုးတက်မှုနှင့်အတူ အိမ်ခြံများတိုးပွားလာသည်။ ထို့ ကြောင့် မြို့ပြကျေးရွာများတွင် သောက်သုံးရေရှားပါးမှု၊ လမ်း များကျပ်တည်းမှု၊ မီးရထားလမ်း၊ ကားလမ်းဘေးတွင် ကျူးကျော် နေထိုင်သူများ တိုးပွားလာမှုတို့ ကြောင့် ဥပဒေနှင့်အညီ မြို့ပြ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကို စနစ်တကျ ဆောင်ရွက်ပေးသွား မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

‘‘တကယ်မရှိသူတွေကိုပေး ဖို့လိုတယ်။ ရန်ကုန်မှာဆိုရင် အလုပ်လုပ်ပြီး အိုးမဲ့အိမ်မဲ့လမ်း ဘေးမှာနေတဲ့ အိုးမဲ့အိမ်မဲ့တွေက အများကြီးပဲ’’ဟု အငြိမ်းစားအစိုးရအရာရှိတစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် သစ် တောမြေမှစွန့်ပစ်ကျေးရွာပေါင်း ၁,၂၀၀ ကျော်ကို ဥပဒေနှင့်အညီ နေရာချထားပေးပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားလိုအပ် ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနေသည်ဟု ၎င်းက ပြော ကြားသည်။

7day DAILY 

ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဝင်ငွေနည်းပါးသော လူ တန်းစားများနေထိုင်မည့် တန်ဖိုး နည်းအိမ်ရာစနစ်ကို အရစ်ကျနှစ် ရှည်ချေးငွေစနစ်ဖြင့် အကောင် အထည်ဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့ကြီးများတွင် လူဦးရေထူ ထပ်သည့်အတွက် အထပ်မြင့် အဆောက်အအုံများ ဆောက် လုပ်ရာတွင် ဆင်းရဲနွမ်းပါးသူများ၊ အငြိမ်းစားဝန်ထမ်း များ၊ စစ်မှု ထမ်းဟောင်းများ၊ မသန်စွမ်းများ၊ ကျဆုံး စစ်သည်မိသားစုများကို ဦးစားပေး ရွေးချယ်၍ ရောင်းချ ပေးရန် ပြောကြားသွားခဲ့သည်။

ထို့အပြင် သန်းခေါင်စာရင်း စစ်ဆေးမှုနှင့်အတူ စစ်မှန်သည့် မြေမဲ့ယာမဲ့ပြည်သူများကိုလည်း သစ်တောမြေ၊ မြေရိုင်းနှင့် ရွာမြေ များတွင် နေရာချ ထားပေး မည်ဟု ဩဂုတ် ၁၅ ရက်တွင် ကျင်းပသော မြို့ပြကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများအတွက် မြေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတက ပြောကြားသည်။

‘‘အမှန်တကယ်မြေမဲ့ယာမဲ့ တွေမဟုတ်ဘဲ ကျူးကျော်နေသူ တွေရောနှောနေတဲ့အတွက် စိစစ် ပြီးမှသာ စစ်မှန်တဲ့ မြေမဲ့ယာမဲ့ တွေ ကို နေရာချ ထားပေး မှာပါ’’ ဟု နိုင်ငံတော် သမ္မတက ပြော ကြားသည်။

လက်ရှိ မြို့ပြကျေးရွာများ သည် ရှေးနှစ်ပေါင်းများစွာက ထူ ထောင်ခဲ့ကြသဖြင့် လက်ရှိအချိန် တွင် လူဦးရေတိုးတက်မှုနှင့်အတူ အိမ်ခြံများတိုးပွား လာသည်။ ထို့ ကြောင့် မြို့ပြကျေးရွာများတွင် သောက်သုံးရေရှားပါးမှု၊ လမ်း များကျပ်တည်းမှု၊ မီးရထားလမ်း၊ ကားလမ်းဘေးတွင် ကျူးကျော် နေထိုင်သူများ တိုးပွားလာမှုတို့ ကြောင့် ဥပဒေနှင့်အညီ မြို့ပြ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကို စနစ်တကျ ဆောင်ရွက်ပေးသွား မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

‘‘တကယ်မရှိသူတွေကိုပေး ဖို့လိုတယ်။ ရန်ကုန်မှာဆိုရင် အလုပ်လုပ်ပြီး အိုးမဲ့အိမ်မဲ့လမ်း ဘေးမှာနေတဲ့ အိုးမဲ့အိမ်မဲ့တွေက အများကြီးပဲ’’ဟု အငြိမ်းစားအစိုးရအရာရှိတစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် သစ် တောမြေမှစွန့်ပစ်ကျေးရွာပေါင်း ၁,၂၀၀ ကျော်ကို ဥပဒေနှင့်အညီ နေရာချထားပေးပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှု စီးပွား လိုအပ် ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနေသည်ဟု ၎င်းက ပြော ကြားသည်။

7day DAILY

No comments:

Post a Comment