Wednesday, August 13, 2014

မြေပဲဆန်ဈေးမြင့်၍ တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းများ တွက်ခြေမကိုက်

မြေပဲအသစ်မပေါ်မီ ကာလအတွင်း မြေပဲဆန်ဈေးမြင့် တက်လာနေ သောကြောင့် ကုန် ကြမ်းအဖြစ် အသုံးပြုသောတစ်နိုင်တစ်ပိုင်စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်သူများတွက်ခြေ မကိုက်ဖြစ်နေကြောင်း သတင်းရ ရှိသည်။
‘‘မြေပဲဆန်ဈေးက တက်သွား တော့ အမြတ်လျော့သလိုတော့ ဖြစ်တာပေါ့။ ပစ္စည်းက လျှော့ လိုက်လို့လည်း မရဘူး။ အပြိုင် အဆိုင်ဖြစ်နေတော့ သိပ်တော့ တွက်ခြေမကိုက်တော့ဘူးပေါ့။ ဒါပေမဲ့ ရပ်လိုက်လည်း ဖောက် သည်ပျက်သွားမှာ။ မြေပဲပေါ်ချိန် ရောက်ရင်တော့ ပြန်အဆင်ပြေ မှာပါ။ နှစ်တိုင်းနီးပါးတော့ ဒီအ ချိန်တက်တတ်တယ်။ ဒါပေမဲ့ ဒီ နှစ်က ပိုတက်တယ်ထင်တယ်’’ ဟု အောင်လံမြို့မှ တစ်နိုင်တစ်ပိုင်မြေပဲဆားလှော်လုပ်ငန်းလုပ် ကိုင်သူ ဒေါ်လဲ့ကပြောသည်။ယခင်က မြေပဲတစ်ပိဿာ လျှင်(တစ်ပြည်) ကျပ် ၁၅၀၀ ခန့်ဝယ်ခဲ့ရာမှာ ယခုအချိန်တွင် ကျပ် ၁၉၀၀ နှုန်းဝယ်ယူနေရခြင်းဖြစ် သည်။

ကုန်ကြမ်းဈေးတက်သွား ပြီး အထွေထွေကုန်ကျစရိတ်မှာ လည်း လျှော့ချနိုင်ခြင်းမရှိဖြစ်နေ ရသော်လည်း နာမည်ရရှိရေးနှင့် ဈေးကွက်အတွင်း စားသောက် ကုန်လုပ်ငန်းရှင်ကြီးများနှင့် အပြိုင်ရောင်းချနေရသောကြောင့် အကျိုးအမြတ်မရှိ တွက်ခြေမ ကိုက်သော်လည်း ဆက်လက်လုပ်ကိုင်နေရကြောင်း အောင်လံမြို့ မှ မြေပဲယိုလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
မြေပဲဆန်ဈေးမြင့်တက်လာ မှုကြောင့် အကျိုးအမြတ်မရှိတွက် ခြေမကိုက်ဖြစ်ရသူ အများစုမှာ လှောင်လက်ကြီးများနှင့် ပွဲရုံများ မှ တစ်နေ့တာကုန်နိုင်သလောက် လက်လီဝယ်ယူလုပ်ကိုင်နေကြရ သူလုပ်ငန်းငယ်လေးများဖြစ်ပြီး ကုန်ကြမ်းပေါ်ချိန်တွင် ငွေ လုံးငွေရင်းဖြင့် တစ်နှစ်စာလုံးအ တွက် ကုန်ကြမ်းအလုံအလောက်ဝယ်ယူထားနိုင်သော လုပ်ငန်းရှင် ကြီးများမှာ များစွာထိခိုက်မှုမရှိ ကြောင်းလည်း အောင်လံမြို့မှ ပဲကြော်ပဲလှော်လုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ပြောသည်။
မြေပဲဆန်ဈေးမြင့်တက်လာရ ခြင်းမှာ မြေပဲအသစ်ပေါ်ရန်အချိန်လိုနေသေးပြီး အဟောင်းမှာလည်း ပွဲရုံအများစုတွင် ပစ္စည်းပြတ်လု ဖြစ်နေသော ပြည်၊ မကွေး စသော မြို့ကြီးများမှ ပြန်လည်ဝယ်ယူ ရောင်းချရသောကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း အောင် လံမြို့ခံ မြေပဲပွဲရုံလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အောင်လံနယ်အတွင်း မြေပဲကုန်ကြမ်းအဖြစ် မြေပဲဆားလှော် လုပ်ငန်း၊ မြေပဲဆီကြော်လုပ်ငန်း၊ ဆီကြိတ်လုပ်ငန်းနှင့် မြေပဲယိုပြု လုပ်ခြင်းလုပ်ငန်းများ အများစု လုပ်ကိုင်လျက်ရှိသည်။
7Day DAILY

No comments:

Post a Comment