Monday, August 18, 2014

စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား

စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့်အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့်လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ ဖြစ်စဉ်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ မှ ပေတလူ(ခ) မျိုးငြိမ်းဇော်၊ မျိုးဝင်း၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်၊ ဒေါ်ခင်မြင့်၊ မစန်းကျင်နုတို့အား ကျူးလွန်ခဲ့သူများအဖြစ် အရေးယူပေးရန် သြဂုတ်လ ၁၅ ရက်က လက်ပန်လှရဲစခန်းမှ (ပ)၁၆၃/ ၁၄။ ပြစ်မှုပုဒ်မ ၃၃၃ /၁၄၉/၄၂၇/၅၀၅ (ခ)အရ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။
ထို့ပြင် မဆန်းကြင်နု (၃၇)နှစ် ခြေထောက်တွင် သေနတ်မှန်ခဲ့ရာမှ ပြင်းထန်စွာ ဒဏ်ရာရအောင် မဆင်မခြင် သေနတ်ပစ်ခတ်သူကို ဖော်ထုတ် အရေးယူပေး ပါရန် ဒေါ်စန်းတင့်က တိုင်တန်းခြင်းကို လက်ပံလှ ရဲကင်းစခန်းက (ပ)၁၆၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈အရ သြဂုတ် ၁၅ ရက်က လက်ခံထားရှိသည်။
အမှုဖွင့်အရေးယူခြင်းအပြင် ရဲတပ်ဖွဲ့နှင့် ဒေသခံတောင်သူများ ညှိနှိုင်းမှုတစ်ခု ကို ပြုလုပ်ခဲ့ပြီး အချက်လေးချက်ဖြစ်သည့် ကျောင်းဆောင်နှင့် နေအိမ် ပျက်စီးမှုများကို ပြင်ဆင်ပေးရန်၊ သေနတ်ဒဏ်ရာရရှိသူအား ဘ၀အာမခံ ချက် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်း၍ တရားစွဲဆိုပေး ရန်၊ နောင်တွင် ယခုကဲ့သို့သော အကြမ်းဖက်မှုများကို မပြုရန် စသည်တို့ ပါဝင်၍ တိုင်းဒုတိယရဲမှူးကြီး မြင့်စိုးနှင့် ရဲမှူးအောင်စိုးက လက်မှတ်ရေးထိုးထားသည် ဟု ဒေသခံ ကိုမျိုးက ပြောသည်။
တပ်မတော် သိမ်းယူထားသော မြေဧကများ သုံထောင်ကျော်ရှိရာမှ ဂရိတ်ဝေါလ်က သီးစားချလုပ်ကိုင်နေပြီး ယင်းတို့ မလုပ်ကိုင်နိုင်ဘဲ ကျန်ရှိနေသည့် မြေလွတ်များပေါ်တွင် ညောင်ဝန်းကျေးရွာ တောင်သူများက ၀င်ရောက်လုပ်ကိုင်ရန် အဆိုပါရွာရှိ ဘောလုံးကွင်းအတွင်းတွင် သြဂုတ် ၁၄ ရက်က တိုင်ပင်နေစဉ် ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့်က ကားဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ဖေါက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံတောင်သူ ကိုမျိုးက ပြောသည်။“သြဂုတ်လ ၁၄ ရက်မှာ ရဲတွေက ရွာထဲကို ၀င်လာပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးတာ လုပ်တယ်”ဟု ဒေသခံ ကိုမျိုးက ပြောကြားခဲ့သည်။“အဲလိုစီးနင်းတဲ့ အချိန်မှာ မဆိုင်တဲ့ ဈေးသည် မစန်းကြင်နု အပြန်မှာ ပစ်လိုက်လို့ ခြေထောက် သေနတ်မှန်တာကြောင့် ရွာသားတွေက ပစ်ပေါက်တာ၊ ခုခံတာတွေ လုပ်တာပါ”ဟု ၎င်းက ပြောသည်။ ထိုဖြစ်စဉ်ကြောင့် ရွာသား နှစ်ရာခန့်သည် ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ကျောက်ခဲများ၊ တုတ်များကို ကိုင်ဆောင်ကာ ပစ်ပေါက်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သည့် ဆိုင်ကယ် လေးစီးနှင့် လောကဟိတ လူမှုကူညီရေးအသင်းပိုင် ယာဉ်တစ်စီးတို့ကို ရိုက်ချိုးဖျက်ဆီးခြင်းခံခဲ့ရသဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Mizzima - News in Burmese

Photo: စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား
Monday, August 18, 2014

စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့်အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့်လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ မှ ပေတလူ(ခ) မျိုးငြိမ်းဇော်၊ မျိုးဝင်း၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်၊ ဒေါ်ခင်မြင့်၊ မစန်းကျင်နုတို့အား ကျူးလွန်ခဲ့သူများအဖြစ် အရေးယူပေးရန် သြဂုတ်လ ၁၅ ရက်က လက်ပန်လှရဲစခန်းမှ (ပ)၁၆၃/ ၁၄။ ပြစ်မှုပုဒ်မ ၃၃၃ /၁၄၉/၄၂၇/၅၀၅ (ခ)အရ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ထို့ပြင် မဆန်းကြင်နု (၃၇)နှစ် ခြေထောက်တွင် သေနတ်မှန်ခဲ့ရာမှ ပြင်းထန်စွာ ဒဏ်ရာရအောင် မဆင်မခြင် သေနတ်ပစ်ခတ်သူကို ဖော်ထုတ် အရေးယူပေး ပါရန် ဒေါ်စန်းတင့်က တိုင်တန်းခြင်းကို လက်ပံလှ ရဲကင်းစခန်းက (ပ)၁၆၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈အရ သြဂုတ် ၁၅ ရက်က လက်ခံထားရှိသည်။

အမှုဖွင့်အရေးယူခြင်းအပြင် ရဲတပ်ဖွဲ့နှင့် ဒေသခံတောင်သူများ ညှိနှိုင်းမှုတစ်ခု ကို ပြုလုပ်ခဲ့ပြီး အချက်လေးချက်ဖြစ်သည့် ကျောင်းဆောင်နှင့် နေအိမ် ပျက်စီးမှုများကို ပြင်ဆင်ပေးရန်၊ သေနတ်ဒဏ်ရာရရှိသူအား ဘ၀အာမခံ ချက် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်း၍ တရားစွဲဆိုပေး ရန်၊ နောင်တွင် ယခုကဲ့သို့သော အကြမ်းဖက်မှုများကို မပြုရန် စသည်တို့ ပါဝင်၍ တိုင်းဒုတိယရဲမှူးကြီး မြင့်စိုးနှင့် ရဲမှူးအောင်စိုးက လက်မှတ်ရေးထိုးထားသည် ဟု ဒေသခံ ကိုမျိုးက ပြောသည်။

တပ်မတော် သိမ်းယူထားသော မြေဧကများ သုံထောင်ကျော်ရှိရာမှ ဂရိတ်ဝေါလ်က သီးစားချလုပ်ကိုင်နေပြီး ယင်းတို့ မလုပ်ကိုင်နိုင်ဘဲ ကျန်ရှိနေသည့် မြေလွတ်များပေါ်တွင် ညောင်ဝန်းကျေးရွာ တောင်သူများက ၀င်ရောက်လုပ်ကိုင်ရန် အဆိုပါရွာရှိ ဘောလုံးကွင်းအတွင်းတွင် သြဂုတ် ၁၄ ရက်က တိုင်ပင်နေစဉ် ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့်က ကားဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ဖေါက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံတောင်သူ ကိုမျိုးက ပြောသည်။

“သြဂုတ်လ ၁၄ ရက်မှာ ရဲတွေက ရွာထဲကို ၀င်လာပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးတာ လုပ်တယ်”ဟု ဒေသခံ ကိုမျိုးက ပြောကြားခဲ့သည်။

“အဲလိုစီးနင်းတဲ့ အချိန်မှာ မဆိုင်တဲ့ ဈေးသည် မစန်းကြင်နု အပြန်မှာ ပစ်လိုက်လို့ ခြေထောက် သေနတ်မှန်တာကြောင့် ရွာသားတွေက ပစ်ပေါက်တာ၊ ခုခံတာတွေ လုပ်တာပါ”ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ရွာသား နှစ်ရာခန့်သည် ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ကျောက်ခဲများ၊ တုတ်များကို ကိုင်ဆောင်ကာ ပစ်ပေါက်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သည့် ဆိုင်ကယ် လေးစီးနှင့် လောကဟိတ လူမှုကူညီရေးအသင်းပိုင် ယာဉ်တစ်စီးတို့ကို ရိုက်ချိုးဖျက်ဆီးခြင်းခံခဲ့ရသဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese 

ညောင်ပင်ဝန်းကျေးရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဒေသခံနှင့် လုံခြုံရေးယူထာသည့် ရဲများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး 
 ညောင်ပင်ဝန်းကျေးရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဒေသခံနှင့် လုံခြုံရေးယူထာသည့် ရဲများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး

No comments:

Post a Comment