Sunday, August 24, 2014

အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် မိုင်လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို ဒိုမီနစ်ကန်အစိုးရ တားမြစ်

Photo: အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် မိုင်လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို ဒိုမီနစ်ကန်အစိုးရ တားမြစ်

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၄ ခုနှစ် 

ဒိုမီနစ်ကန်သမ္မတ နိုင်ငံတွင် ပြုလုပ်မည့် မိုင်လေ ဆိုင်းရပ်စ်ဖျော်ဖြေပွဲမှာ အကျင့် စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြ ချက်ဖြင့် ပိတ်ပင်ခြင်း ခံရသည်။

ဒိုမီနစ်ကန်နိုင်ငံ၏ ပြည်သူ့ ဖျော်ဖြေရေးကဏ္ဍကို ကြီးကြပ် သော အစိုးရကော် မရှင် အ ဖွဲ့ သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် စက်တင် ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို တား မြစ် ထားသည်ဟု ကြေညာလိုက် သည်။

မိုင်လေဆိုင်းရပ်စ်သည် ဒိုမီ နစ်ကန်နိုင်ငံဥပဒေအရ အပြစ် ဒဏ်ထိုက်သော အပြုအမူများကို မကြာခဏ လုပ်လေ့ရှိသော ကြောင့် ၎င်း၏ ဖျော်ဖြေပွဲကို တားမြစ်ခြင်းဖြစ်သည်ဟု အဆိုပါ ကော်မရှင်အဖွဲ့က ပြောသည်။ ဖျော်ဖြေရေး စတိတ်စင်ပေါ်၌ မိုင် လေဆိုင်းရပ်စ်လုပ်ပြသည့် အပြု အမူအချို့မှာ ရိုင်းပျ၍ အရှက် ကင်းမဲ့သည်ဟု ဝေဖန်သူအချို့က ပြောသည်။

စက်တင်ဘာလတွင် ဆန်တို ဒိုမင်ဂိုမြို့တော်၌ ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ်ဖျော်ဖြေပွဲ လက် မှတ်ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၂၇ ဒေါ်လာမှ ဒေါ်လာ ၃၇၀ အထိရှိပြီး ဇူလိုင်လကတည်း က စတင်ရောင်းချလျက်ရှိသည် ဟု သိရသည်။

ဖျော်ဖြေပွဲ ပိတ်သိမ်းခံရမှု နှင့်ပတ်သက်၍ မိုင်လေဆိုင်းရပ်စ် ကိုယ်စားလှယ်နှင့် ပွဲစီစဉ်သူများ က မည်သည့်မှတ်ချက်မျှ မပေး သေးပေ။                

Ref: AP
7Day DAILY
ဒိုမီနစ်ကန်သမ္မတ နိုင်ငံတွင် ပြုလုပ်မည့် မိုင်လေဆိုင်းရပ်စ်ဖျော်ဖြေပွဲမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းခံရသည်။
ဒိုမီနစ်ကန်နိုင်ငံ၏ ပြည်သူ့ ဖျော်ဖြေရေးကဏ္ဍကို ကြီးကြပ် သော အစိုးရကော်မရှင်အဖွဲ့ သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် စက်တင် ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို တား မြစ်ထားသည်ဟု ကြေညာလိုက် သည်။

မိုင်လေဆိုင်းရပ်စ်သည် ဒိုမီနစ်ကန်နိုင်ငံဥပဒေအရ အပြစ်ဒဏ်ထိုက်သောအပြုအမူများကို မကြာခဏ လုပ်လေ့ရှိသော ကြောင့် ၎င်း ၏ ဖျော်ဖြေ ပွဲကို တားမြစ်ခြင်းဖြစ်သည်ဟု အဆိုပါ ကော်မရှင်အဖွဲ့က ပြောသည်။ ဖျော်ဖြေရေး စတိတ်စင်ပေါ်၌ မိုင် လေဆိုင်းရပ်စ်လုပ်ပြသည့် အပြု အမူအချို့မှာ ရိုင်းပျ၍ အရှက် ကင်းမဲ့သည်ဟု ဝေဖန်သူအချို့က ပြောသည်။

စက်တင်ဘာလတွင် ဆန်တို ဒိုမင်ဂိုမြို့တော်၌ ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ်ဖျော်ဖြေပွဲ လက် မှတ်ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၂၇ ဒေါ်လာမှ ဒေါ်လာ ၃၇၀ အထိရှိပြီး ဇူလိုင်လကတည်း က စတင်ရောင်းချလျက်ရှိသည် ဟု သိရသည်။

ဖျော်ဖြေပွဲပိတ်သိမ်းခံရမှု နှင့်ပတ်သက်၍ မိုင်လေဆိုင်းရပ်စ်ကိုယ်စားလှယ်နှင့် ပွဲစီစဉ်သူများက မည်သည့်မှတ်ချက်မျှမပေး သေးပေ။               

Ref: AP
7Day DAILY

No comments:

Post a Comment