Friday, August 15, 2014

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Photo: မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Friday, August 15, 2014

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ကျင့်သုံးနေသောစနစ်ဖြစ်သည့် မဲများသူအနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာရာမှာ နံပါတ်တစ်ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ်နှစ်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးလည်း ဦးတည်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ရွေးကောက်ပွဲစနစ် ကို လေ့လာသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ တစ်ဆင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်များ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

၎င်းကော်မရှင်မှ တင်သွင်းမည့် ရွေးကောက်ပွဲစနစ်သည် အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့်စနစ်လည်း ဖြစ်နိုင်သည့်အပြင် လက်ရှိရွေးကောက်ပွဲစနစ်ကို အခြေခံသည်လည်း ဖြစ်နိုင်ပါကြောင်း၊ သို့မဟုတ် လက်ရှိစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်ကိုပါ အခြေခံသည့် စနစ်လည်းဖြစ်နိုင်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေးရရှိခဲ့သည့် နိုင်ငံဟူသည်မရှိခဲ့ဖူးကြောင်း၊ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင်တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း PR စနစ်အား ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်အစည်းအဝေးများမတက်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး PR စနစ်ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သည်ဟု လွှတ်တော်တွင်း ဆွေးနွေးပြောကြားထားသည်။ 

ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ အများဆုံးရက်ပေါင်း ၆ဝ သတ်မှတ်ပြီး ကော်မရှင်သည် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ပြီး သင့်လျော်သောစနစ်ရွေးချယ်၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြရမည်ဖြစ်သည်။

ထို့ကြောင့် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အား ရွေးချယ်ကာ လွှတ်တော်သို့တင်သွင်းမည်ဟု ဦးတင်မောင်ဦးက ပြောကြားသည်။

ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ငါးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နှစ်ဦးနှင့် ကျန်ပါတီများမှ ၁၆ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို အဖွဲ့ ဝင် ၂၄ ဦးဖြင့် ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပီအာရ်စနစ်ကျင့်သုံးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ သြဂုတ် ၅ ရက်က ဆန္ဒပြစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
Eleven Media Group
ပီအာရ်စနစ်ကျင့်သုံးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ သြဂုတ် ၅ ရက်က ဆန္ဒပြစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန်ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်  ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ကျင့်သုံးနေသောစနစ်ဖြစ်သည့် မဲများသူအနိုင်ယူသည့် စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံး ရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ရွေးကောက်ပွဲစနစ် အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာရာမှာ နံပါတ်တစ်ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ်နှစ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးလည်း ဦးတည် ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ရွေးကောက်ပွဲစနစ် ကို လေ့လာသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ တစ်ဆင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်များ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ၎င်းကော်မရှင်မှ တင်သွင်းမည့် ရွေးကောက်ပွဲ စနစ်သည် အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့်စနစ်လည်း ဖြစ်နိုင်သည့်အပြင် လက်ရှိရွေးကောက်ပွဲစနစ်ကို အခြေခံသည်လည်း ဖြစ်နိုင်ပါကြောင်း၊ သို့မဟုတ် လက်ရှိစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်ကိုပါ အခြေခံသည့် စနစ် လည်းဖြစ်နိုင်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေးရရှိခဲ့ သည့် နိုင်ငံဟူသည်မရှိခဲ့ဖူးကြောင်း၊ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန် ပင်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင်တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း PR စနစ်အား ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်အစည်းအဝေးများမတက်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး PR စနစ်ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သည်ဟု လွှတ်တော်တွင်း ဆွေးနွေးပြောကြားထားသည်။ 
ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ အများဆုံးရက်ပေါင်း ၆ဝ သတ်မှတ်ပြီး ကော်မရှင် သည် မြန်မာနိုင် ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ပြီး သင့်လျော်သောစနစ်ရွေးချယ် ၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြရမည်ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အား ရွေးချယ်ကာ လွှတ်တော်သို့တင်သွင်းမည်ဟု ဦးတင်မောင်ဦးက ပြောကြားသည်။
ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ငါးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နှစ်ဦးနှင့် ကျန်ပါတီများမှ ၁၆ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို အဖွဲ့ ဝင် ၂၄ ဦးဖြင့် ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
Eleven Media Group

No comments:

Post a Comment