ကားပေါ် ကျန်ရစ်သည့် ကျပ် ငါး သိန်းနီးပါး တန်ဖိုးရှိ ပစ္စည်းတစ်ခုအား စီးနင်းခဲ့သူ ကို စုံစမ်း၍ လာရောက် အပ်နှံ ခဲ့သော Taxi ဒရိုင်ဘာ တစ်ဦးကို သက် ဆိုင်ရာ ကုမ္ပဏီက ဂုဏ်ပြု ဆုငွေချီးမြှင့်ခဲ့ ကြောင်း သိရသည်။ယနေ့ မနက် ၁ဝ နာရီခန့်တွင် တာချီလိတ်မြို့မှ ရန်ကုန်တွင် သင်တန်း တစ်ခု တက်ရောက်နေသော ကိုစော ထွန်းဦးက မြေတိုင်းရာတွင် အသုံးပြု သော G.P.S စက် Taxi ပေါ်တွင် မေ့ ကျန်ခဲ့သည်။ အဆိုပါ ယာဉ်မောင်းမှာ ယင်းပစ္စည်း ဝယ်ယူခဲ့သော ကုမ္ပဏီအား ဆက်သွယ် မေးမြန်းပြီး ပြန်လည်အပ်နှံ သွားခဲ့ခြင်း ဖြစ်ကြောင်း Design Printing Services မှ ဈေးကွက် မန်နေဂျာ ကိုနေ ထက်နိုင်က ပြောသည်။
”တက္ကစီသမားရဲ့ ရိုးသားမှုဂုဏ်ကို လေးစားလို့ ငွေကျပ် ၃ဝဝဝဝ ချီးမြှင့်ခဲ့ တာပါ” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် ကားနံပါတ် AA 1074 Taxi မောင်းနှင်သော ကိုထွန်း သန်းသည် ယာဉ်မောင်းသက် ဆယ့်ရှစ် နှစ်ကျော် ရှိပြီး တာမွေမြို့နယ်တွင် နေ ထိုင်သည်။
ဤသို့ ချီးမြှင့်ခံရခြင်း အပေါ် သူ က ”ဘယ်လောက် တန်ဖိုးကြီးကြီး သူ တစ်ပါး ပစ္စည်းကို ကျွန်တော် မယူဘူး။ ကားမောင်းသက် တစ်လျှောက်မှာ ကျန် ခဲ့တဲ့ပစ္စည်း မှန် သမျှ ရှာဖွေပြီး ပြန်ပေး ခဲ့တာချည်းပဲ” ဟု ၄င်းက ဆိုသည်။
ထိုကဲ့သို့ ရိုးသားသည့် ယာဉ်မောင်း မျိုးကြောင့် ခရီးသွားသူများ စိတ်ချမ်းမြေ့ မှုရရှိနိုင်ပြီး ထိုသို့ ရိုးသားဖြောင့်မတ် သူ များစွာ လူ့လောက အတွက် လိုအပ် ကြောင်း ပစ္စည်းပျောက်ဆုံး ခဲ့သူ ကိုစော ထွန်းဦးက ပြောသည်။
popularmyanmar
No comments:
Post a Comment