Tuesday, August 5, 2014

ခေတ္တ ဆိုင်းငံ့ထားသော ဟာ့ဂ်ျဘုရားဖူး ခရီးစဉ် တင်ခါဒေါ်ယူမှု ပြန်လည် စတင်မည်

ဟာ့ခ်ျ ဘုရားဖူးခရီးစဉ် တင်ဒါ ခေါ်ယူခြင်းအား သြဂုတ်လ (၅)ရက်နေ့တွင် ဟဂ်ျခရီးစဉ် စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီရုံးခန်း၌ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဟာ့ဂ်ျခရီးစဉ်စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီဝင် ဦးလှအောင်က The Messenger Media သို့ ပြောသည်။ ကျွန်တော် တို့ကို သာသနာရေးဝန်ကြီး ဌာနက ကုမ္ပဏီငါးခုလောက်ပေး စေချင်တယ်။  ကျွန်တော်တို့က ကုမ္ပဏီတွေကလည်း များတော့ နှစ်ခုလောက်ပေးနိုင်ဖို့ ကုမ္ပဏီ တွေကို မိတ်ဖက်ကုမ္ပဏီတွေနဲ့ တွဲပြီး တင်ခိုင်းထားတာပါ ဟု ၎င်းကပြောသည်။
သြဂုတ်လ(၅) ရက်နေ့ ၊ နေ့လယ် နှစ်နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပြီး၊ နှစ်နာရီခွဲတွင် တင်ဒါအောင်မြင်သူကို ကြေညာမည် ဖြစ်ကြောင်း မြင့်မြတ် ကျောက်နက် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစနေထွန်းက The Messenger Media သို့ ပြောသည်။ ဟာ့ခ်ျခရီးစဉ်အတွက် ကုမ္ပဏီ များအား တင်ဒါခေါ်ယူရာတွင် နှစ်စဉ်တင်ဒါတစ်ခုသာ ပေးလေ့ရှိကြောင်း သိရသည်။
ယခင်က ဇူလိုင်လ (၂၄) မှ (၃၁) ရက် နေ့ထိ တင်ဒါတင်သွင်းရန် သတ်မှတ်ထားခဲ့ သော်လည်း အငြင်းပွားမှု တချို့ကြောင့် သြဂုတ်လ (၅) ရက် အထိ ရက်တိုးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  ဆော်ဒီအာရေဗျ နိုင်ငံသို့ ဟာ့ဂ်ျဘုရား ဖူးခရီးစဉ်စေလွှတ်ခြင်း စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး နှစ်စဉ် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ (၄၀၀၀)ကျော် သွားခွင့်ရခဲ့ကာ ယခုနှစ်တွင် (၃၅၅၀)ဦးသွားခွင့်ရကြောင်း သိရသည်။
messengernewsjournal

No comments:

Post a Comment