Sunday, August 24, 2014

စည်းကမ်းဖောက် အေဂျင်စီများကို လိုင်စင်အပြီးပိတ်ရန် တိုက်တွန်း

စည်းကမ်းချိုးဖောက် သည့် အေဂျင်စီများကိုအစိုးရက ဆိုင်းငံ့ကာလမထားဘဲ အပြီးတိုင် လိုင်စင်ပိတ်သိမ်း  အရေးယူ ဆောင်ရွက်ရန်  အစိုးရသို့ တိုက် တွန်းထားကြောင်း ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ အ တွင်းရေးမှူးဦးကျော်ထင်ကျော် ကပြောသည်။
လက်ရှိပြည်ပသို့ အလုပ်သမားစေလွှတ်သောအေဂျင်စီများ အလုပ်သမားပြဿနာများဖြစ်ပွားပါက အစိုးရကလိုင်စင် သုံးလ၊ ခြောက်လခန့် ပိတ် သိမ်းခြင်းဖြင့် အရေးယူဆောင်ရွက်လျက်ရှိ သည်။ ထို့ကြောင့် အသင်းချုပ်ဖွဲ့ စည်းပြီးနောက်ပိုင်းလုပ်သားစေ လွှတ်ရာတွင် မမှန်မကန်ဆောင် ရွက် သည့်အေဂျင်စီ များကို အစိုးရ မှ ပြင်းပြင်းထန်ထန်အရေးယူရန် လိုအပ်ပြီးမှန်ကန်စွာပို့ဆောင် သည့် အေဂျင်စီများ ကိုမူ ဖြေ လျှော့မှု များပေး ရန်   အစိုးရထံ တိုက်တွန်းထားကြောင်းသတင်း ရရှိသည်။‘‘၀န်ကြီးကိုစာတင်ထား တယ်။ မှန်မှန်ကန်ကန်လုပ်တဲ့အေ ဂျင်စီတွေကို ကြန့်ကြာနေ တဲ့ အ ပိုင်းဖြေလျှော့ပေးဖို့။ စည်းကမ်း ဖောက်ဖျက်တဲ့အေဂျင်စီတွေကို အပြင်းအထန်အရေးယူဖို့သုံးလပဲ အပြီးတိုင်ပိတ်ဖို့တင်ပြ ထား တယ်။ဝန်ကြီးထံ အချက်အလက်တွေတင်ပြဖို့အစည်းအဝေးထပ်ခေါ်ဦးမှာ’’ ဟု  ဦးကျော်ထင်ကျော်ကပြောသည်။

မလေးရှားနိုင်ငံသို့လုပ်သား စေလွှတ်ရာတွင် မလေးရှားနိုင်ငံ အစိုးရက အလုပ်ခေါ်စာများကို တစ်လကျော်ကြာစစ်ဆေး ပြီး နောက် မြန်မာ ဘက်တွင်သံရုံးဗီဇာ ပြုလုပ်ခြင်းအပါအ၀င် ခေါ်စာစစ်ဆေးမှု   နှစ်လနီးပါးကြာမြင့်သည်။ ထို့ကြောင့်အလုပ်ခေါ်စာ များသက်တမ်းကုန်ဆုံးခြင်း၊ လုပ်သားအရေအတွက်လျှော့ခေါ်မှု တို့ ကြုံတွေ့လျက်ရှိသောကြောင့်ယခုအခါ မြန်မာဘက်မှ လုပ်ငန်းစဉ်အချို့ကို   ဖြေလျှော့ပေး ရန် တောင်း ဆိုခြင်းဖြစ်သည်။

လက်ရှိစည်းကမ်းဖောက် ဖျက်၍ အရေးယူခံထားရသော အေဂျင်စီရှစ်ခုခန့်ရှိပြီး ၎င်းတို့ကို ခြောက်လ၊ တစ်နှစ်အရေးယူထား ကြောင်း သိရ သည်။ ထို့အပြင်အေ ဂျင်စီအသင်းချုပ်အနေဖြင့် အေ ဂျင်စီများလိုင်စင်ထုတ်ရာတွင်ယ ခင်ထက်ပို၍တင်းကျပ်စွာဆောင် ရွက်သွားမည်ဖြစ်သည်။ ယခုအခါ အေဂျင်စီနှစ်ရာကျော်ရှိပြီးလိုင် စင်ရအေဂျင်စီများဖောင်းပွနေ၍ လုပ်သားဈးကွက်ပျက်မည်ကို စိုးရိမ်သောကြောင့်စိစစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment