Tuesday, August 5, 2014

အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ပိုမိုနီးစပ်လာ

ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်များ ကချင်ပြည်နယ်အစိုးရရုံးတွင်အလွတ် သဘောတွေ့ဆုံခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်းတွေ့ဆုံ မှု အပြီးနှစ်ဖက်ပုဂ္ဂိုလ်များကပြောသည်။ ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းဇော်တို့ဦးဆောင်ပြီးစုစု ပေါင်းခြောက်ဦး၊မြန်မာငြိမ်းချမ်းရေး စင်တာမှလေးဦးနှင့် NCCT အဖွဲ့ဝင် ၁၁ဦးတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာငြိမ်းချမ်ရေးစင်တာမှ ဦးလှမောင်ရွှေက ''ကျွန်တော်တို့ ဘက်ကပြောနိုင်တာတစ်ခုက အခု အလွတ်သဘော ဆွေးနွေးတာဆို ပေမယ့် မူပိုင်းတွေဆွေးနွေးတာဖြစ် တဲ့အတွက် တစ်ဆို့တဲ့ကိစ္စတွေမှာ ကျော်လွှားနိုင်ဖို့ရှိလာပြီ။အခြေခံအား ဖြင့် မူမှာထည့်တာထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်တာ မျိုးစသဖြင့်ဒီလိုမျိုးအမြန်လက်မှတ် ရေးထိုးနိုင်မယ့်ကိစ္စတွေကိုနှစ်ဖက် ခေါင်းဆောင်တွေကအလွတ်သဘော ကြိုပြင်ဆင်တာပါပဲ။မျှော်တာထက် အများကြီးကျေနပ်အားရပါတယ်'' ဟုပြောသည်။
ယခုလလလယ် ပိုင်းတွင် UPWC နှင့် NCCT တို့ တွေ့ဆုံကြမည်ဖြစ်ပြီးယင်းဆွေးနွေး မှုပြီးပါကတစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချူပ်ကိုနှစ်လ ခန့်အတွင်းရေးထိုးသွားနိုင်ဖွယ်ရှိ ကြောင်း ၄င်းက ပြောသည်။
''လိုင်ဇာသဘောတူညီချက် တွေကို လာမယ့်ပြည်ထောင်စုဆွေး နွေးပွဲကျမှအသေးစိတ်ဆွေးနွေးမယ်။ အခုအနေအထားကတော့ နှစ်ဖက် စလုံးတိုင်ပင်ကြတာအစိုးရဘက်က လဲ သဘောထားတွေပြောပြပြီး ကိုယ့်ဘက်ကလဲ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် တွေကိုပြောပြီး အခြေအနေမှန်ကို သိအောင်လုပ်တာပါ။
UPWC နဲ့ NCCT ဆိုတာတစ်ပြည်လုံးအပစ်ရပ် ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရ တဲ့အဖွဲ့၊ ဒီတော့ နှစ်ဖက်ကြားမှာ နားလည်မှုရှိအောင် တိုင်ပင်ကြတဲ့ သဘောပါ''ဟု NCCT ခေါင်းဆောင် နိုင်ဟံသာကပြောသည်။
ယခုလအတွင်း ဆွေးနွေးမည့် ရက်ကို အတိအကျမသတ်မှတ်ရ သေးဘဲ အစိုးရဘက်မှ ၁၅ရက်နှင့် ၁၇ရက်ကိုကမ်းလှမ်းထားပြီး NCCT ဘက်မှ ၁၇ရက်၊ ၁၈ ရက်ကိုကမ်း လှမ်းထားကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းကလိုင်ဇာအစည်းအဝေးဆုံးဖြတ် ချက်များသည် ကောင်းမွန်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
The Union Daily

No comments:

Post a Comment