Thursday, August 14, 2014

ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်

Photo: ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်
Thursday, August 14, 2014

 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ငါးနှစ်တစ်ကြိမ် ကပ်လှူလေ့ရှိသည့် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေ သင်္ဃန်း ကပ်လှူပူဇော်ခြင်းကို စက်တင်ဘာလ ၁၅ရက်မှ ၂ဝ၁၅ခုနှစ် ဧပြီလ ၂၈ရက် အထိ ခုနှစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြား၊ ရွှေမျက်ပါးနှင့် ရွှေစင်ပြားပေါင်း တစ်သောင်းကျော်ခန့် အသုံးပြုသွားမည်ဖြစ်သည်။

လုံးတော်ပြည့်ကပ်လှူရာတွင်  ၂ဝဝ၉ခုနှစ်မှ စတင်ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခြောက်ကျပ်သား ရွြှေုပားပေါင်း ၁၁၉ချပ်၊ သုံးကျပ်သား ရွှေပြားပေါင်း ၁ဝ၆၃ ချပ်နှင့် တစ်ကျပ်သား ရွှေပြားပေါင်း ၄၈၄၁ ချပ် လှူဒါန်းမှုများ ရရှိထားပြီး ဖြစ်သည်။ ရွှေသင်္ဃန်းအတွက် လှူဒါန်းရရှိသည့် ငွေသားများမှ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆ဝဝ,ဝဝဝ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူရာတွင် အခြားစရိတ်များအဖြစ် ကျပ်သိန်းပေါင်း ၉ဝဝဝကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

“ ရွှေပြားစုတ်ပြဲတာတွေ ပြန်ကောက်ပြီးလည်း ရွှေပြန်သန့်စင်ပြီးလည်း ပြန်ကပ်ပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြားသင်္ဃန်း ကပ်ထားသော ဧရိယာမှ စုတ်ပြဲပျက်စီးသော ရွှေပြားများ အစားထိုး ဖြည့်စွက်ခြင်း၊ ပထမကြေးဝန်းနှင့် ဒုတိယ ကြေးဝန်းတို့တွင် ရွှေစင်ပြားများ တိုးချဲ့ကပ်လှူခြင်း၊ ယခင် ရွှေမျက်ပါးကပ်ထားသော ပန်းဆွဲကြီး ၁၆ ခုကို ရွှေစင်ပြား ပြောင်းလဲကပ်လှူခြင်းနှင့် အောက်ဆုံးပစ္စယာ သုံးဆင့်၊ ရှစ်မြှောင့် ပစ္စယာတို့အား ရွှေမျက်ပါးအသစ် ကပ်လှူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ရွှေမျက်ပါး၊ ရွှေပြားနှင့် ရွှေစင်ပြား အမျိုးအစားသုံးမျိုးဖြင့် ရွှေသင်္ဃန်း ကပ်လှူထားခြင်းဖြစ်သည်။ ငှက်ပျောဖူးတော်ကြီး၊ ဖောင်းရစ်များ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတော် စသည်တို့ကို ရွှေပြားကပ်လှူထားခြင်း၊ ပဉ္စမကြေးဝန်း၊ စတုတ္ထကြေးဝန်း၊ တတိယ ကြေးဝန်းနှင့် ကြာမှောက်၊ ကြာလန်ဧရိယာကို ရွှေစင်ပြားကပ်ထားခြင်း၊ အနိမ့်ဆုံးနှင့် အကျယ်ဆုံး အပိုင်းဖြစ်သော စေတီတော်ကြီး ပစ္စယာသုံးဆင့်နှင့် ရှစ်မြှောင့်ပစ္စယာ၊ အခုံးအခွက်များဖြင့် တန်ဆာဆင်ထားသော ပန်းဆွဲကြီး ၁၆ခုတွင် ရွှေမျက်ပါး ကပ်လှူထားသည်။

Mizzima - News in Burmese
 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူ သွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ငါးနှစ်တစ်ကြိမ် ကပ်လှူလေ့ရှိသည့် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေ သင်္ဃန်း ကပ်လှူပူဇော်ခြင်းကို စက်တင်ဘာလ ၁၅ရက်မှ ၂ဝ၁၅ခုနှစ် ဧပြီလ ၂၈ရက် အထိ ခုနှစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြား၊ ရွှေမျက်ပါးနှင့် ရွှေစင်ပြားပေါင်း တစ်သောင်းကျော်ခန့် အသုံးပြုသွား မည်ဖြစ်သည်။

လုံးတော်ပြည့်ကပ်လှူရာတွင်  ၂ဝဝ၉ခုနှစ်မှ စတင်ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခြောက်ကျပ်သား ရွြှေုပားပေါင်း ၁၁၉ချပ်၊ သုံးကျပ်သား ရွှေပြားပေါင်း ၁ဝ၆၃ ချပ်နှင့် တစ်ကျပ်သား ရွှေပြားပေါင်း ၄၈၄၁ ချပ် လှူဒါန်းမှုများ ရရှိထားပြီး ဖြစ်သည်။ ရွှေသင်္ဃန်းအတွက် လှူဒါန်းရရှိသည့် ငွေသားများမှ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆ဝဝ,ဝဝဝ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူရာတွင် အခြားစရိတ်များအဖြစ် ကျပ်သိန်းပေါင်း ၉ဝဝဝကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

“ ရွှေပြားစုတ်ပြဲတာတွေ ပြန်ကောက်ပြီးလည်း ရွှေပြန်သန့်စင်ပြီးလည်း ပြန်ကပ်ပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြားသင်္ဃန်း ကပ်ထားသော ဧရိယာမှ စုတ်ပြဲပျက်စီးသော ရွှေပြား များ အစားထိုး ဖြည့်စွက်ခြင်း၊ ပထမကြေးဝန်းနှင့် ဒုတိယ ကြေးဝန်းတို့တွင် ရွှေစင်ပြားများ တိုးချဲ့ကပ်လှူခြင်း၊ ယခင် ရွှေမျက်ပါးကပ်ထားသော ပန်းဆွဲကြီး ၁၆ ခုကို ရွှေစင်ပြား ပြောင်းလဲကပ်လှူခြင်းနှင့် အောက်ဆုံးပစ္စယာ သုံးဆင့်၊ ရှစ်မြှောင့် ပစ္စယာတို့အား ရွှေမျက်ပါးအသစ် ကပ်လှူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ရွှေမျက်ပါး၊ ရွှေပြားနှင့် ရွှေစင်ပြား အမျိုးအစားသုံးမျိုးဖြင့် ရွှေသင်္ဃန်း ကပ်လှူထားခြင်းဖြစ်သည်။ ငှက်ပျော ဖူးတော်ကီး၊ ဖောင်းရစ်များ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတော် စသည်တို့ကို ရွှေပြားကပ်လှူထားခြင်း၊ ပဉ္စမကြေးဝန်း၊ စတုတ္ထကြေး ဝန်း၊ တတိယ ကြေးဝန်းနှင့် ကြာမှောက်၊ ကြာလန်ဧရိယာကို ရွှေစင်ပြားကပ်ထားခြင်း၊ အနိမ့်ဆုံးနှင့် အကျယ်ဆုံး အပိုင်းဖြစ်သော စေ တီတော်ကြီး ပစ္စယာသုံးဆင့်နှင့် ရှစ်မြှောင့်ပစ္စယာ၊ အခုံးအခွက်များဖြင့် တန်ဆာဆင်ထားသော ပန်းဆွဲကြီး ၁၆ခုတွင် ရွှေမျက်ပါး ကပ်လှူထား သည်။

Mizzima - News in Burmese

No comments:

Post a Comment