Wednesday, August 13, 2014

ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမည်

Photo: ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမည်
Wednesday, August 13, 2014

နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့်ပီအက်စ်ဂျီအသင်း၏အဓိကနောက်ခံက စားသမားသီယာဂိုဆေးဗားမှာ ရက်သတ္တပတ်ပေါင်းများစွာအနားယူရတော့မည် ဖြစ်သည်။

ထိုပွဲစဉ်တွင် ဆေးဗားသည် ပွဲချိန် ၁၄ မိနစ်မှာပင်ဒဏ်ရာရရှိခဲ့ပြီးထော့နင်းထော့နင်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ၎င်း၏ဒဏ်ရာကိုဆေးကုသမြှု ပုလုပ်ခဲ့ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မည်ဟုပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်က အတည်ပြုသည်။

“ဆေးလ်ဗားရဲ့ဒဏ်ရာကို အမ်ထရာဆောင်းနဲ့ MRI ရိုက်ပြီး စစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ညာဘက်တံကောက်ကြောကြွက်သားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အပတ်ပေါင်းများစွာ အနားယူဖို့လိုအပ်ပါတယ်” ဟု ပီအက်စ်ဂျီအသင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဆေးလ်ဗားဒဏ်ရာရရှိသွားခြင်းသည် အသင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်းနည်းပြလောရင့်ဘလန့်က ပြောသည်။

“ဆေးလ်ဗားဒဏ်ရာရရှိသွားတာက ပီအက်စ်ဂျီအသင်းအတွက် ကံဆိုးမိုးမှောင်ကျတာပါပဲ။သူ့ကို အကောင်းဆုံးဂရုစိုက် ပြုစုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူ့ကို လိုအပ်လို့ပါ” ဟု ဘလန့်က ပြောသည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ် ပွဲစဉ် ၁ တွင် ရိမ်းစ်အသင်းနှင့် ၂-၂ဂိုးဖြင့် သရေကျခဲ့သည်။ လာမည့်အပတ်တွင် ဘတ်စ်တီယာအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref: goal
နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း၏ အဓိကနောက်ခံက စားသမားသီယာဂိုဆေးဗားမှာ ရက်သတ္တပတ်ပေါင်းများစွာအနားယူရတော့မည် ဖြစ်သည်။ထိုပွဲစဉ်တွင် ဆေးဗားသည် ပွဲချိန် ၁၄ မိနစ်မှာပင်ဒဏ်ရာရရှိခဲ့ပြီးထော့နင်းထော့နင်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ၎င်း၏ဒဏ်ရာ ကိုဆေးကုသမြှု ပုလုပ်ခဲ့ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မည်ဟုပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်ကအတည်ပြု သည်။
“ဆေးလ်ဗားရဲ့ဒဏ်ရာကို အမ်ထရာဆောင်းနဲ့ MRI ရိုက်ပြီး စစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ညာဘက်တံကောက်ကြောကြွက်သားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အပတ်ပေါင်းများစွာ အနားယူဖို့လိုအပ်ပါတယ်” ဟု ပီအက်စ်ဂျီအသင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
ဆေးလ်ဗားဒဏ်ရာရရှိသွားခြင်းသည် အသင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်းနည်းပြလောရင့်ဘလန့်က ပြောသည်။
“ဆေးလ်ဗားဒဏ်ရာရရှိသွားတာက ပီအက်စ်ဂျီအသင်းအတွက် ကံဆိုးမိုးမှောင်ကျတာပါပဲ။သူ့ကို အကောင်းဆုံးဂရုစိုက် ပြုစုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူ့ကို လိုအပ်လို့ပါ” ဟု ဘလန့်က ပြောသည်။ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ် ပွဲစဉ် ၁ တွင် ရိမ်းစ်အသင်းနှင့် ၂-၂ဂိုးဖြင့် သရေကျခဲ့သည်။ လာမည့်အပတ်တွင် ဘတ်စ်တီယာအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Ref: goal

No comments:

Post a Comment