Thursday, August 28, 2014

မြန်မာ့ဆက်သွယ်ရေးက မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး ယင်းကုမ္ပဏီများထဲမှ ဈေးနှုန်းသက်သာပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သည့် ကုမ္ပဏီတစ်ခု (သို့) နှစ်ခု ကို ရွေးချယ်ထားပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုကို ယခုလအတွင်း ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်ပဆက်သွယ်ရေးစခန်းမှ သိရသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိတွင် ရရှိထားသည့် အင်တာနက်မြန်နှုန်းမှာ 27 Gigabyite ဖြစ်ပြီး နောက်ထပ် 20 Gigabyite ဝန်ဆောင်မှုပေးနိုင်မည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ပြီးခဲ့သည့်လအတွင်း၌ တင်ဒါခေါ်ယူခဲ့ပြီး လက်ရှိတွင် တင်ဒါပိတ်သိမ်းလိုက်ပြီး ကုမ္ပဏီများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။ လာရောက်လျှောက်ထား သည့် ပြည်ပကုမ္ပဏီများမှာ chinaTelecom အပါအဝင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစွာ လာရောက်လျှောက်ထားကြောင်း သိရသည်။
“အခုလက်ရှိမှာ အင်တာနက်မြန်နှုန်းက 27 Gigabyite ပဲရှိတာ။ ဒါကြောင့်နောက်ထပ် 10 Gigebyite စီထပ်ပေးနိုင်မယ့် ကုမ္ပဏီနှစ်ခု ကို ရွေးချယ်သွားမှာပါ။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုတည်းက 20 Gigebyite လုံး ပေးနိုင်မယ်ဆိုရင် လည်း ရွေးချယ်သွားမှာပါ။ရွေး ချယ်တဲ့နေရာမှာလည်း ဈေးနှုန်းနည်းပါးပြီး ဝန်ဆောင်မှုကောင်းတဲ့ ကုမ္ပဏီကို ရွေးချယ်မှာပါ။ အင်တာနက်မြန်နှုန်းကို ထပ်ပြီးတော့ တိုးချဲ့သွားမှာပါ။ ဒီလထဲမှာပဲ ထုတ်ပြန်ကြေညာသွားဖို့ ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီအင်တာနက်မြန်နှုန်းက အဆင်ပြေပါတယ်။ မိုဘိုင်းဖုန်းတွေနဲ့လည်း အင်တာနက်သုံးတယ်။ ပြီးတော့ အွန်လိုင်းဂိမ်းတွေလည်း အသုံးပြုတဲ့အခါကျတော့ လိုင်းကျတာတွေ လိုင်းနှေး တာတွေ ဖြစ်လာတာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်းရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများနှင့် ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ Fortune International ကုမ္ပဏီ၊ E-lite ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့စ်၊ Redlink ကုမ္ပဏီနှင့် အခြားကုမ္ပဏီများရှိသော်လည်း ယင်းကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတစ်ဆင့် အင်တာနက်လိုင်းများ ပြန်လည်ဝယ်ယူထားသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment