Monday, August 4, 2014

ရာဇကုမာရ်ကျောက်စာ ကမ္ဘာ့အမွေအနှစ်အထိမ်းအမှတ်စာရင်း ဝင်၊မဝင် ၂ဝ၁၅တွင် ဆုံးဖြတ်မည်


- ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ် စာရင်း ဝင်ရန်အတွက် ယူနက်စကိုသို့ တင် ပြထားသော ရာဇကုမာရ်ကျောက် စာကို လာမည့် ၂ဝ၁၅တွင် စာရင်း ဝင်၊မဝင် အဆုံးအဖြတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ရာဇကုမာရ် ကျောက်စာကို ယူနက်စကိုမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို လာရောက်စစ်ဆေးခဲ့ပြီး ၂ဝ၁၅ခုနှစ်တွင် ပြုလုပ်မည့် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဗဟိုကော်မတီ၏အစည်းအဝေး၌ အဆုံးအဖြတ်ပေး သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောသည်။''ပျူမြို့ဟောင်းတွေကို အဆုံး အဖြတ်ပေးသလိုပဲ သူတို့လုပ်တဲ့အ စည်းအဝေးမှာ ဒီကျောက်စာဟာ အမွေအနှစ်စာရင်း ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုပြီး အဆုံးအဖြတ် ပေးသွားမှာ''ဟု ယင်းက ဆက်လက် ပြောသည်။

ရာဇကုမာရ်ကျောက်စာမှာ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ ဘာသာလေးမျိုး နှင့် ရေးထိုး ထားပြီး ခမည်းတော် ကျန်စစ်သားမင်းကြီး ကွယ်လွန်ပြီး သက္ကရာဇ် ၄၇၅ခုနှစ်တွင် သားတော် ရာဇကုမာရ်မှ ကျေးဇူးဆပ်သည့် အနေဖြင့် ရေးထိုးခဲ့သော ကျောက် စာတစ်ချပ်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ''ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ်စံနဲ့ကိုက်၊ မကိုက်စစ်ဆေးကြမယ်။ ဘာသာ လေးမျိုးနဲ့ရေးထိုးထားတဲ့ ဒီကျောက် စာက ကမ္ဘာ့အမွေအနှစ်အထိမ်းအ မှတ်စာရင်းဝင်ဖို့အတွက် အားကောင်း တဲ့ကျောက်စာတစ်ချပ်ပါ''ဟု ပျူ မြို့သုံးမြို့ယဉ်ကျေးမှုကို အမွေအ နှစ်စာရင်းဝင်ရေး အဆိုပြုလွှာရေး ဆွဲရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်း က ပြောသည်။
ရာဇကုမာရ်ကျောက်စာကို အမွေအနှစ်စာရင်းဝင်အဖြစ် အသိ အမှတ်ပြုရန်အတွက် ယခုနှစ်အ တွင်းမှာပင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(ယူနက်စကို) သို့ တင်ပြခဲ့သည်။
ရာဇကုမာရ်ကျောက်စာတိုင် မှာ နှစ်ခုရှိပြီး တစ်ခုကို မြစေတီ ဘုရားခြေရင်းတွင် တွေ့ရှိခဲ့ကာ တစ်ခုကို ဂူပြောက်ကြီးဘုရားလိုဏ် ဂူအတွင်း တွေ့ရှိခဲ့ပြီ ယခုလက်ရှိ တွင် မြစေတီဘုရားနှင့် ပုဂံရှေး ဟောင်း သုတေသနပြတိုက်တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
၂ဝ၁၃ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံးကမ္ဘာ့အမွေအနှစ်အထိမ်း အမှတ်စာရင်းဝင်အဖြစ် မန္တလေး ကုသိုလ်တော်ကျောက်စာနှင့် ယဉ် ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပျူမြို့ဟောင်းသုံးမြို့ကို အတည်ပြု ခဲ့ပြီး ရာဇာကုမာရ်ကျောက်စာသည် လည်း မြန်မာ့သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေအတွက် အထူးအရေး ပါသော အထောက်အထား တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
MTZ
Democracytoday

No comments:

Post a Comment