Tuesday, August 5, 2014

(၅၀၀၀) ကျပ်တန်အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်အား CID သို့ ပေးပို့ စစ်ဆေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လယ်သမားတစ်ဦးထံမှ (၅၀၀၀) ကျပ်တန် အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်ကို ရန်ကုန်မြို့ CID သို့ ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ငွလာသွင်းတဲ့ လယ်သမားကိုလည်း ဖမ်းထားတာ မရှိပါဘူး။ အတုအစစ် ခွဲခြားနိုင်ဖို့ CID ကို ပို့မှာပါ။ လောလောဆယ်တော့ စစ်ဆေးရေး အဖွဲ့က ကနောင်ဘက်ကို သွားရောက် စစ်ဆေးနေပြီ။ ဘယ်ကရတာ ဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး ဟု ဖျာပုံ မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Messenger Media သို့ ပြောသည်။ ဇူလိုင်လ (၃၀) ရက်နေ့၊ နေ့လယ် (၁) နာရီခွဲ အချိန်ခန့် ကဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ ဖျာပုံမြို့နယ်၊ ကနောင် ရှမ်းကွင်းအုပ်စုမှ လယ်သမား တစ်ဦးသည် ၎င်းချေးယူထားသော ငွေများကို ဘဏ်သို့ ပြန်လည်ပေးဆပ်ခဲ့ ကြောင်း သိရသည်။ ပြန်လည်ပေးဆပ်သည့် ယင်းငွေများထဲမှ အတုဟုယူဆရသော ငွေကျပ် (၅၀၀၀) တန်ငွေစက္ကူ (၇၃)ရွက်၊ တန်ဖိုးငွေ ကျပ် (၃၆၅၀၀၀)ပါရှိ လာခဲ့ရာ ဖျာပုံခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိသက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ဖျာပုံမြို့မ ရဲစခန်းမှ သိရသည်။
messengernewsjournal

No comments:

Post a Comment