Saturday, August 30, 2014

ရုရှားတပ်များ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်နေသည့် ဂြိုဟ်တုဓာတ်ပုံများကို NATO ပြသ


Photo: ရုရှားတပ်များ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်နေသည့် ဂြိုဟ်တုဓာတ်ပုံများကို NATO ပြသ
Saturday , August 30, 2014

ယူကရိန်း ပိုင်နက်ထဲသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို NATO စစ်မဟာမိတ် တပ်ဖွဲ့က ထုတ်ဖော် ပြသလိုက်သည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို ရုရှားက အကူအညီ ပေးနေကြောင်း စွပ်စွဲမှုများကို ကရင်မလင် နန်းတော်က တွင်တွင် ငြင်းဆိုနေသော်လည်း NATO တပ်ဖွဲ့က အဆိုပါ ဓာတ်ပုံများကို စတင် ထုတ်ပြလာခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်တပ်များသည် ရုရှား၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရသော အခြေအနေ၌ စစ်မျက်နှာသစ် ဖွင့်လှစ် တိုက်ခိုက်လာပြီး ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နိုဗိုအာဇော့ခ်မြို့ကို သိမ်းပိုက်လိုက်သည်။

“ရုရှားအနေနဲ့ လိမ်ညာတာတွေကို ရပ်တန့်လိုက်ပြီး ပဋိပက္ခ ပိုဆိုးအောင် မီးစာထိုးပေးနေတာကို မလုပ်သင့်တော့ပါဘူး”ဟု အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ဆမန်သာပါဝါက လုံခြုံရေး ကောင်စီတွင် ကန့်ကွက် ပြောကြားခဲ့သည်။ ဗြိတိသျှ သံအမတ် ဆာမာ့ခ်လီဂရန့်ကလည်း “ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်နေတယ်ဆိုတာ အရမ်းရှင်းလင်းနေပါတယ်”ဟု အရေးဆိုခဲ့သည်။ ၎င်းက ရုရှားအနေဖြင့် သူပုန်တပ်များကို ထောက်ပံ့ပေးမနေပါက အဆိုပါ ပဋိပက္ခသည် ထိုမျှထိ ကြာရှည်နေမည် မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

NATO မှ စစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး နစ်ကိုတက်ခ်က ရုရှားတပ်ဖွဲ့ဝင် (၁၀၀၀)ကျော်မျှသည် စစ်ယာဉ်တန်းများကို အသုံးပြုကာ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဆိုသည်။ “ယူကရိန်း နယ်မြေထဲမှာ ရုရှားစစ်တပ်ရဲ့ ပါဝင်စွက်ဖက်မှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်လာပုံရပါတယ်”ဟုလည်း ၎င်းက BBC သို့ မှတ်ချက်ပေးခဲ့သည်။

ထိုအတောအတွင်း ရုရှားမှ မီဒီယာအချို့ ကိုယ်တိုင်က ရုရှားတပ်များသည် ယူကရိန်းသို့ ကျူးကျော် ဝင်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သတင်းစာများက ရုရှားသည် စစ်ပွဲတစ်ခုတွင် ပါဝင် တိုက်ခိုက်နေကြောင်း ရေးသားခဲ့သလို ရုရှား Social Media အသုံးပြုသူ အများစုကလည်း ယူကရိန်းသည် ရုရှား၏ တိုက်ခိုက်မှုကို ခံနေရပြီဟု ယုံကြည်ကြောင်း သဘောထား မှတ်ချက် ပေးနေကြောင်း သိရသည်။

_Ref: BBC 
ယူကရိန်း ပိုင်နက်ထဲသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို NATO စစ်မဟာမိတ် တပ်ဖွဲ့က ထုတ်ဖော် ပြသလိုက်သည်။ ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို ရုရှားက အကူအညီ ပေးနေကြောင်း စွပ်စွဲမှုများကို ကရင်မလင် နန်းတော်က တွင်တွင် ငြင်းဆိုနေသော်လည်း NATO တပ်ဖွဲ့က အဆိုပါ ဓာတ်ပုံများကို စတင် ထုတ်ပြလာခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်တပ်များသည် ရုရှား၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရသော အခြေအနေ၌ စစ်မျက်နှာသစ် ဖွင့်လှစ် တိုက်ခိုက်လာပြီး ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နိုဗိုအာဇော့ခ်မြို့ကို သိမ်းပိုက်လိုက်သည်။
“ရုရှားအနေနဲ့ လိမ်ညာတာတွေကို ရပ်တန့်လိုက်ပြီး ပဋိပက္ခ ပိုဆိုးအောင် မီးစာထိုးပေးနေတာကို မလုပ်သင့်တော့ပါဘူး”ဟု အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ဆမန်သာပါဝါက လုံခြုံရေး ကောင်စီတွင် ကန့်ကွက် ပြောကြားခဲ့သည်။ ဗြိတိသျှ သံအမတ် ဆာမာ့ခ်လီဂရန့်ကလည်း “ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်နေတယ်ဆိုတာ အရမ်းရှင်းလင်းနေပါတယ်”ဟု အရေးဆိုခဲ့သည်။ ၎င်းက ရုရှားအနေဖြင့် သူပုန်တပ်များကို ထောက်ပံ့ပေးမနေပါက အဆိုပါ ပဋိပက္ခသည် ထိုမျှထိ ကြာရှည်နေမည် မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

NATO မှ စစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး နစ်ကိုတက်ခ်က ရုရှားတပ်ဖွဲ့ဝင် (၁၀၀၀)ကျော်မျှသည် စစ်ယာဉ်တန်းများကို အသုံးပြုကာ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဆိုသည်။ “ယူကရိန်း နယ်မြေထဲမှာ ရုရှားစစ်တပ်ရဲ့ ပါဝင်စွက်ဖက်မှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်လာပုံရပါတယ်”ဟုလည်း ၎င်းက BBC သို့ မှတ်ချက်ပေးခဲ့သည်။

ထိုအတောအတွင်း ရုရှားမှ မီဒီယာအချို့ ကိုယ်တိုင်က ရုရှားတပ်များသည် ယူကရိန်းသို့ ကျူးကျော် ဝင်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သတင်းစာများက ရုရှားသည် စစ်ပွဲတစ်ခုတွင် ပါဝင် တိုက်ခိုက်နေကြောင်း ရေးသားခဲ့သလို ရုရှား Social Media အသုံးပြုသူ အများစုကလည်း ယူကရိန်းသည် ရုရှား၏ တိုက်ခိုက်မှုကို ခံနေရပြီဟု ယုံကြည်ကြောင်း သဘောထား မှတ်ချက် ပေးနေကြောင်း သိရသည်။

_Ref: BBC

No comments:

Post a Comment