Saturday, August 23, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများနှင့် ဆိပ်ကမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများနှင့်
ဆိပ်ကမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို
Saturday, August 23, 2014

ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူခြင်းအတွက် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ နှင့် ဆိပ်ကမ်းမြို့နယ်ပြည်သူ့ရဲတပ် ဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေးအဖွဲ့မှသိရ သည်။
ခေါင်းလောင်းရှာဖွေမှုအတွက် လိုအပ်သောအကူအညီကို ပေးနိုင် ရန် သင်္ဘောဖြင့် နေ့စဉ်လာရောက် ကူညီပေးလျက်ရှိကြောင်း ပြန်ကြား ရေးအဖွဲ့မှ ဦးကြည်ဝင်းကပြောသည်။
''နေ့စဉ်တာဝန်ရှိသူတွေ လာပြီး ကူညီပေးနေတယ်။ ဦးစံလင်းကလဲ သူတို့ကို ပြန်ပြီး သတ်သတ်လွတ်ထ မင်းပြန်ကျွေးတယ်။ အားလုံးကကူ ညီကြတယ်လို့သိရတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
ပြည်သူများကြားတွင်ထွက်ပေါ် နေသော ခေါင်းလောင်းဆယ်ယူရေး အဖွဲ့မှတစ်ဦး ရေနစ်သေဆုံးခြင်းဆို သည့်သတင်းများမှာလည်း အမှန် တကယ်မဟုတ်ဘဲ ကောလာဟလ များဖြစ်ကြောင်း၊ ရှာဖွေရေးအဖွဲ့မှာ အားလုံး ကျန်းမာရေး ကောင်းမွန် ကြောင်း ဦးကြည်ဝင်းကပြောသည်။
မြစ်အတွင်း ခေါင်းလောင်းရှာ ဖွေမှုကို လာရောက်ကြည့်ရှုသူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကြည့်ရှုရာအနီးတွင်လည်း ဒေါပုံ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့က စောင့် ကြည့်လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂၂ရက်တွင်သောင်တူး ခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း နှင့် လာရောက်ကြည့်ရှုသူများမှာ လျော့နည်းသွားကြောင်း သိရသည်။
''မနက်ကတည်းက သောင်တူး စက်အလုပ်မလုပ်တာ။ စက်ထပ်ပြီး ပျက်တာလို့တော့ထင်တယ်။ လူလဲ နည်းနည်းပါးတယ်။ လှေလဲသိပ်မဆွဲ ရဘူး''ဟု လှေဖြင့် ပို့ဆောင်ပေးသူ တစ်ဦးက ပြောသည်။
ခေါင်းလောင်းဆယ်ယူခြင်းကို အထောက်အကူပြုရန်အတွက် ရွှေ ဘုန်းပွင့်စေတီဝင်းအတွင်းမှ ကျောင်း ကြီးကျောင်းတွင် သီတင်းသုံးသော ဆရာတော်ဦးသုမနကလည်း သုံးရက် တိုင်တိုင် နွားနို့၊ ပေါက်ပေါက်ဆုပ် နှင့် စံပယ်ပန်းတို့ကို ခေါင်းလောင်း ရှာဖွေရာနေရာအနီးတွင် မေတ္တာ သုတ်ရွတ်ဖတ်ကာ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်း ဆယ်ယူခြင်း နှင့်ပတ်သက်၍ ပြည်သူများအကြား တွင် သတင်းမျိုးစုံ ထွက်ပေါ်လျက် ရှိသော်လည်း သတင်းအမှန်မှာရှိပြီး ဖြစ်ကြောင်း၊ မကြာမီ ထုတ်ဖော်ပြော ကြားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှ စိတ်ဝင်စားသူများ ကလည်း လာရောက်လေ့လာမှုများ ရှိနေပြီး ခေါင်းလောင်းဆယ်ယူခြင်း မှာ သြဂုတ်လ ၉ရက်က စတင်ခဲ့ရာ ရက်ပေါင်း ၁၄ရက်ခန့်ရှိပြီဖြစ်ကာ ဆယ်ယူသူဦးစံလင်းက သြဂုတ်လ ၂၆ရက်တွင် အပြီးသတ်ဆယ်ယူမည် ဟု ပြောကြားထားသည်။
MTZ
( ဓါတ်ပုံ - ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူသည့်နေရာ အနီး စောင့်ကြပ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် သင်္ဘောတစ်စီးအားတွေ့ရစဉ်။)
( ဓါတ်ပုံ - ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူသည့်နေရာ အနီး စောင့်ကြပ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များ ပါရှိသည့် သင်္ဘောတစ်စီးအားတွေ့ရစဉ်။)
ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူခြင်းအတွက် တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ နှင့် ဆိပ်ကမ်းမြို့နယ်ပြည်သူ့ရဲတပ် ဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေးအဖွဲ့မှသိရ သည်။ခေါင်းလောင်းရှာဖွေမှုအတွက် လိုအပ်သောအကူအညီကို ပေးနိုင် ရန် သင်္ဘောဖြင့် နေ့စဉ်လာရောက် ကူညီပေးလျက်ရှိကြောင်း ပြန်ကြား ရေးအဖွဲ့မှ ဦးကြည်ဝင်းကပြောသည်။

''နေ့စဉ်တာဝန်ရှိသူတွေ လာပြီး ကူညီပေးနေတယ်။ ဦးစံလင်းကလဲ သူတို့ကို ပြန်ပြီး သတ်သတ်လွတ်ထ မင်းပြန်ကျွေးတယ်။ အားလုံးကကူ ညီကြတယ်လို့သိရတယ်''ဟု ယင်းက ဆက်လက်ပြောသည်။ပြည်သူများကြားတွင်ထွက်ပေါ် နေသော ခေါင်းလောင်းဆယ်ယူရေး အဖွဲ့မှတစ်ဦး ရေနစ်သေဆုံးခြင်းဆို သည့်သတင်းများမှာလည်း အမှန် တကယ်မဟုတ်ဘဲ ကောလာဟလ များဖြစ်ကြောင်း၊ ရှာဖွေရေးအဖွဲ့မှာ အားလုံး ကျန်းမာရေး ကောင်းမွန် ကြောင်း ဦးကြည်ဝင်းကပြောသည်။
မြစ်အတွင်း ခေါင်းလောင်းရှာ ဖွေမှုကို လာရောက်ကြည့်ရှုသူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကြည့်ရှုရာအနီးတွင်လည်း ဒေါပုံ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့က စောင့် ကြည့်လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂၂ရက်တွင်သောင်တူး ခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း နှင့် လာရောက်ကြည့်ရှုသူများမှာ လျော့နည်းသွားကြောင်း သိရသည်။
''မနက်ကတည်းက သောင်တူး စက်အလုပ်မလုပ်တာ။ စက်ထပ်ပြီး ပျက်တာလို့တော့ထင်တယ်။ လူလဲ နည်းနည်းပါးတယ်။ လှေလဲသိပ်မဆွဲ ရဘူး''ဟု လှေဖြင့် ပို့ဆောင်ပေးသူ တစ်ဦးက ပြောသည်။
ခေါင်းလောင်းဆယ်ယူခြင်းကို အထောက်အကူပြုရန်အတွက် ရွှေ ဘုန်းပွင့်စေတီဝင်းအတွင်းမှ ကျောင်း ကြီးကျောင်းတွင် သီတင်းသုံးသော ဆရာတော်ဦးသုမနကလည်း သုံးရက် တိုင်တိုင် နွားနို့၊ ပေါက်ပေါက်ဆုပ် နှင့် စံပယ်ပန်းတို့ကို ခေါင်းလောင်း ရှာဖွေရာနေရာအနီးတွင် မေတ္တာ သုတ်ရွတ်ဖတ်ကာ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်း ဆယ်ယူခြင်း နှင့်ပတ်သက်၍ ပြည်သူများအကြား တွင် သတင်းမျိုးစုံ ထွက်ပေါ်လျက် ရှိသော်လည်း သတင်းအမှန်မှာရှိပြီး ဖြစ်ကြောင်း၊ မကြာမီ ထုတ်ဖော်ပြော ကြားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှ စိတ်ဝင်စားသူများ ကလည်း လာရောက်လေ့လာမှုများ ရှိနေပြီး ခေါင်းလောင်းဆယ်ယူခြင်း မှာ သြဂုတ်လ ၉ရက်က စတင်ခဲ့ရာ ရက်ပေါင်း ၁၄ရက်ခန့်ရှိပြီဖြစ်ကာ ဆယ်ယူသူဦးစံလင်းက သြဂုတ်လ ၂၆ရက်တွင် အပြီးသတ်ဆယ်ယူမည် ဟု ပြောကြားထားသည်။
MTZ

No comments:

Post a Comment