Thursday, August 28, 2014

Samsung မှ ကွေးညွှန်နိုင်ပြီး 3G စနစ်ပါဝင်သည့် Gear S စမက်နာရီကို ကြေညာခဲ့

Samsung မှာ ကွေးညွှန့်နိုင်ပြီး 3G စနစ်ပါဝင်သည့် Gear S ဟု အမည်ပေးထားသည့် စမက်နာရီတစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမက်နာရီတွင် မျက်နှာပြင် 2 လက်မရှိပြီး Samsung ၏ စမက်ဖုန်းများတွင် အသုံးပြုသည့် Spuer AMOLED ကို အသုံးပြုကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ယခုထုတ်လုပ်လိုက်တဲ့ Gear S ဟာ ယခင်ထုတ်လုပ်ခဲ့သည့် Gear Fit နှင့် ပုံစံချင်းမတူသည့်အပြင် Samsung ဟာ အဆိုပါနာရီအတွက် Tizen OS ကို အခြေခံထားသည့် ကိုယ်ပိုင် software ကို အသုံးပြုထားပါတယ်။ သို့အတွက် သင့်အနေနဲ့ စမက်ဖုန်းတစ်လုံးကို သီးသန့်ကိုင်နေစရာမလိုတော့ပဲ ယခုနာရီကနေ တစ်ဆင့် bluetooth ကို အသုံးပြုကာ ဖုန်းပြောနိုင်တော့မှာဖြစ်ပါတယ်။
Gear S စမက်နာရီတွင် Samsung ၏ ကိုယ်ပိုင်ထုတ်လုပ်ထားသည့် S Health ကို ပြန်လည်ထည့်သွင်းပေးထားသလို Nike+ software ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Gear S စမက်နာရီတွင် ရေစိုမှုဒဏ် ၊ ဖုန်မှုန့်ဝင်မှု ဒဏ်ကို ခံနိုင်သည့် IP67 certified ကို ရရှိထားပြီး Samsung ၏ accelerometer, barometer, gyroscope, compass နှင့် နှလုံးခုန်မှုကို သိရှိနိုင်မည့် မော်နီတာတို့ကို ထည့်သွင်းပေးထားပါတယ်။ ဘထရီစနစ်အတွက် 300 mAh ကို အသုံးပြုထားပြီး အဆိုပါ ဘထရီဟာ တစ်ကြိမ်အားသွင်းထားရင် နှစ်ရက်လောက်အထိ အားသွင်းစရာမလိုပဲ ခံနိုင်မှာဖြစ်ပါတယ်။
အဆိုပါ Gear S စမက်နာရီကို အောက်တိုဘာလအတွင်း စတင်ဖြန့်ချိနိုင်ဖွယ်ရှိပြီး Gear S နှင့်အတူ Samsung Gear Circle နာကြပ်နှင့် တွဲဖက်ရောင်းချနိုင်ဖွယ်ရှိနေပါတယ်။ အဆိုပါ နာကြပ်ဟာ bluetooth နည်းပညာကို အသုံးပြုထားပြီး အဆိုပါ နာကြပ်မှတစ်ဆင့် ဖုန်းလက်ခံနိုင်ခြင်း ၊ သီချင်းနားထောင်ခြင်း ၊ အစရှိသည်တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Ref : Theverge

No comments:

Post a Comment