Wednesday, September 10, 2014

မျိုးစေ့မမှန်လို့ ပင်မသန်သော ABSDF

Photo: မျိုးစေ့မမှန်လို့ ပင်မသန်သော ABSDF

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်

လူတစ်ဦးတစ်ယောက်ချင်းစီတွင် မိဘမျိုးရိုး ကောင်းမွန်မှု သည် အဓိကကျလှ၏။ မိဘမျိုးရိုးကောင်းမှသာ ထိုလူသည် လည်း ကောင်းသောအလေ့အထများကို ဆက်ခံခွင့်၊ လူ့ အသိုင်း အ၀ိုင်းမှာလည်း ၀င်ဆန့်ခွင့် ရရှိမည်ဖြစ်ပါသည်။ 

ထိုနည်းတူ အများအကျိုးအတွက် အလုပ်အကျွေးပြုမည်ဟူ သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ သည်လည်း သန္ခေ ကောင်းဖို့လိုပါသည်။ သို့မှသာ ရည်မှန်း ချက်အတိုင်း အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင် မည်ဖြစ်ပါသည်။ ထို အသင်းအဖွဲ့များတွင် ပရဟိတအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းစသဖြင့် အမျိုးမျိုး ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတစ်ဝှမ်း ဟိုးလေးတကြော်ပျံ့နှံ့နေသော အသင်းအဖွဲ့တစ်ခုအကြောင်းပြောစရာဖြစ်လာပါပြီ။ အများ ပြည်သူက အတိုင်းအတာတစ်ခုအထိ အထင်ကြီးထားသော အဖွဲ့တစ်ဖွဲ့မှ နောက်ထပ်အဖွဲ့တစ်ဖွဲ့ ထပ်မံခွဲထွက်လိုက်ပြီ ဟူသောသတင်းကြောင့် အံ့အားသင့်ကြရသည်။ အများမေးစရာမလိုအောင် သူတို့၏ အရှုပ်အရှင်းပြဿနာကို ရဲဘော် ခင်ကျော်က ဖွင့်ချလိုက်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ပြည်ထောင်စုကာကွယ်ရေးတပ်) ABSDF(UNRA) အမည် ဖြင့် ခွဲထွက်လိုက်ကြောင်း စစ်ဦးစီးချုပ်တာဝန်ကို ကိုယ့်ကိုယ်ကိုပေးလိုက်သော ရဲဘော်ခင်ကျော်က စက်တင်ဘာလ ၆ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာလိုက်ခြင်းဖြစ်ပါသည်။

ရဲဘော်ခင်ကျော်ကတော့ ABSDF ကချမှတ်ထားသော မူဝါဒများကို တိတိကျကျအကောင်အထည်ဖော်ရန် အားကျိုးမာန် တက်လုပ်ဖို့က အတော်နည်းပါး၍ ခွဲထွက်လာခြင်းဖြစ်ကြောင်း၊ စိတ်ဝမ်းကွဲတာမျိုးမဟုတ်ဘဲ စိတ်သဘောထားချင်း မတိုက် ဆိုင်၍ ခွဲထွက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုစကားနှင့် ပတ်သက်ပြီး လက်ရှိ ABSDF ဒုဥက္ကဌရဲဘော်မျိုးဝင်း က ဘာကိုသဘောထားကွဲလွဲသည်ဟုပြောဆိုခြင်းကို နားမလည်ကြောင်း၊ တစ်ဦးတစ်ယောက်ကောင်းလုပ်လို့မရဘဲစုပေါင်း  ဦးဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှုနှင့်သွားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

မည်သို့သော အကြောင်းတရားများဖြင့် ခွဲထွက်သည်ဖြစ်စေ လူ ၁၀၀ ကျော်ရှိသော အဖွဲ့အစည်းမှာ အချင်းချင်းမညီညွှတ် ခြင်းကြောင့်ဟုဆိုရပါမည်။ ခေါင်းဆောင်ပိုင်း အာဏာရလိုမှု၊ ဘဏ္ဍာငွေအလွဲသုံးစားမှု၊ အများအကျိုးထက်ကိုယ်ကျိုးအတ္တ ကိုရှေ့တန်းတင်မှုများကြောင့် ABSDF နှစ်ခြမ်းကွဲခြင်းဖြစ်ပါသည်။ အများအတွက် အလုပ်လုပ်ပါမည်ဟု ကြွေးကြော် ဖွဲ့စည်းလာသော ABSDF ၏သက်တမ်း ၂၅ နှစ်ကျော်ကာလရောက်လာသောအခါ သရုပ်မှန်ပေါ်လာပြီဖြစ်ပါသည်။ နဂို တည်းက မျိုးစေ့မမှန်ခဲ့တော့ ယခုလည်း အပင်ဆက်လက်ရှင်သန်ရန် အားအင်ချည့်နဲ့သွားပြီဖြစ်ပါသည်။

ထို့ကြောင့် ABSDF ရဲ့အတိတ်ပုံရိပ်ကို ပြန်ကြည့်လျှင် ယနေ့လိုအဖြစ်မျိုးကြုံရတာ မဆန်းဟုဆိုရမည်ဖြစ်ပါသည်။ ABSDF ဆိုတာ ၈ လေးလုံးအရေးအခင်းကာလတုန်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် နယ်စပ်ကိုရောက်ရှိလာသော ကျောင်းသားလူငယ်များစုပေါင်းပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ ABSDF မြောက်ပိုင်းနယ်မြေဟုခေါ်တွင်သော ပါချောင်ဒေသမှာ ကျောင်းသား ၁၀၇ ဦးကိုစစ်ထောက် လှမ်းရေးဟုစွပ်စွဲပြီး ဖမ်းဆီးမှုများရှိခဲ့သည်။ ဖမ်းဆီးထားသူများအနက် အထက်ဗမာပြည် ABSDF ဥက္ကဋ္ဌကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၄၀ ဦးခန့်အားသတ်ဖြတ်ခဲ့သည်။ ထိုအချိန်က ABSDF ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာနိုင်အောင်အား တာဝန်ယူဖြေရှင်းရန် သတ်ဖြတ်ခံရသော ကျောင်းသားမိဘများက တောင်းဆိုခဲ့မှုကြောင့် ဖြေရှင်းပေးပါမည်ဟု လက်မှတ်ထိုး ကတိပြုခဲ့သော်လည်း ယနေ့တိုင် အဖြေမထွက်သေးပါ။

ပါချောင်ဒေသလူသတ်မှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ABSDF အဖွဲ့ကွဲသွားခဲ့ရာ ကျန်ရှိသော အဖွဲ့ ၀င်အနည်းငယ်က KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ ပြည်ပအထောက်အပံ့၊ အလှူငွေများမျှော်ကိုးပြီး ရပ်တည် နေကြရခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ ယင်းအဖွဲ့အတွင်းအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ရဲဘော်ခင်ကျော်နှုတ် ထွက်မှု၊ ပြည်သူ့အတွက် အကျိုးမပြုနိုင်မှုများက ABSDF ၏အရည်အချင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။

လူ ၁၀၀ ကျော်ရှိသော ABSDF အဖွဲ့အား အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ တွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ပြုပြင်ပြောင်းလဲလာသော ဒီမို ကရေစီခေတ်တွင် ABSDF အဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အနေဖြင့် လူရာသွင်းခြင်းခံရပေမယ့် ပြာသလောက်        ဖွဲမထွက်သောလုပ်ရပ်များက အံအားသင့်စရာ ကောင်းနေပါသည်။ ရဲဘော်သံခဲဦးဆောင်သော ABSDF အဖွဲ့နှင့် ရဲဘော် ခင်ကျော် ဦးဆောင်သော ABSDF(UNRA) အဖွဲ့နှစ်ခြမ်းကွဲပြီးနောက်ပိုင်းတွင် ဘယ်သူတွေထပ်ပြီး ခွဲထွက်ကြဦးမလဲ စောင့်ကြည့်နေကြပါသည်။ အချုပ်ပြောရရင်အစကတည်းက မျိုးစေ့မမှန်သော ABSDF ဆိုတဲ့အဖွဲ့အစည်းရေရှည်မှာလည်း ထပ်မံပြိုကွဲရုံကလွဲလို့ အခြားမရှိနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

Credit: ထွန်းသစ်အောင်
လူတစ်ဦးတစ်ယောက်ချင်းစီတွင် မိဘမျိုးရိုး ကောင်းမွန်မှု သည် အဓိကကျလှ၏။ မိဘမျိုးရိုးကောင်းမှသာ ထိုလူသည် လည်း ကောင်းသောအလေ့အထများကို ဆက်ခံခွင့်၊ လူ့ အသိုင်း အ၀ိုင်းမှာလည်း ၀င်ဆန့်ခွင့် ရရှိမည်ဖြစ်ပါသည်။

ထိုနည်းတူ အများအကျိုးအတွက် အလုပ်အကျွေးပြုမည်ဟူ သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ သည်လည်း သန္ခေ ကောင်းဖို့လိုပါသည်။ သို့မှသာ ရည်မှန်း ချက်အတိုင်း အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင် မည်ဖြစ်ပါသည်။ ထို အသင်းအဖွဲ့များတွင် ပရဟိတအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းစသဖြင့် အမျိုးမျိုး ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတစ်ဝှမ်း ဟိုးလေးတကြော်ပျံ့နှံ့နေသော အသင်းအဖွဲ့တစ်ခုအကြောင်းပြောစရာဖြစ်လာ ပါပြီ။ အများ ပြည်သူက အတိုင်းအတာတစ်ခုအထိ အထင်ကြီးထားသော အဖွဲ့တစ်ဖွဲ့မှ နောက်ထပ်
အဖွဲ့တစ်ဖွဲ့ ထပ်မံခွဲထွက်လိုက်ပြီ ဟူသောသတင်းကြောင့် အံ့အားသင့်ကြရသည်။ အများမေးစရာမလိုအောင် သူတို့၏ အရှုပ်အရှင်းပြဿနာကို ရဲဘော် ခင်ကျော်က ဖွင့်ချလိုက်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ပြည်ထောင်စုကာကွယ်ရေးတပ်) ABSDF(UNRA) အမည် ဖြင့် ခွဲထွက်လိုက်ကြောင်း စစ်ဦးစီးချုပ်တာဝန်ကို ကိုယ့်ကိုယ်ကိုပေးလိုက်သော ရဲဘော်ခင်ကျော်က စက်တင်ဘာလ ၆ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာလိုက်ခြင်းဖြစ်ပါသည်။

ရဲဘော်ခင်ကျော်ကတော့ ABSDF ကချမှတ်ထားသော မူဝါဒများကို တိတိကျကျအကောင်အထည်ဖော်ရန် အားကျိုးမာန် တက်လုပ်ဖို့က အတော်နည်းပါး၍ ခွဲထွက်လာခြင်းဖြစ်ကြောင်း၊ စိတ်ဝမ်းကွဲတာမျိုးမဟုတ်ဘဲ စိတ်သဘောထားချင်း မတိုက် ဆိုင်၍ ခွဲထွက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုစကားနှင့် ပတ်သက်ပြီး လက်ရှိ ABSDF ဒုဥက္ကဌရဲဘော်မျိုးဝင်း က ဘာကိုသဘောထားကွဲလွဲသည်ဟုပြောဆိုခြင်းကို နားမလည်ကြောင်း၊ တစ်ဦးတစ်ယောက်ကောင်းလုပ်လို့မရဘဲစုပေါင်း ဦးဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှုနှင့်သွားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

မည်သို့သော အကြောင်းတရားများဖြင့် ခွဲထွက်သည်ဖြစ်စေ လူ ၁၀၀ ကျော်ရှိသော အဖွဲ့အစည်းမှာ အချင်းချင်းမညီညွှတ် ခြင်းကြောင့်ဟုဆိုရပါမည်။ ခေါင်းဆောင်ပိုင်း အာဏာရလိုမှု၊ ဘဏ္ဍာငွေအလွဲသုံးစားမှု၊ အများအကျိုးထက်ကိုယ်ကျိုးအတ္တ ကိုရှေ့တန်းတင်မှုများကြောင့် ABSDF နှစ်ခြမ်းကွဲခြင်းဖြစ်ပါသည်။ အများအတွက် အလုပ်လုပ်ပါမည်ဟု ကြွေးကြော် ဖွဲ့စည်းလာသော ABSDF ၏သက်တမ်း ၂၅ နှစ်ကျော်ကာလရောက်လာသောအခါ သရုပ်မှန်ပေါ်လာပြီဖြစ်ပါသည်။ နဂို တည်းက မျိုးစေ့မမှန်ခဲ့တော့ ယခုလည်း အပင်ဆက်လက်ရှင်သန်ရန် အားအင်ချည့်နဲ့သွားပြီဖြစ်ပါသည်။

ထို့ကြောင့် ABSDF ရဲ့အတိတ်ပုံရိပ်ကို ပြန်ကြည့်လျှင် ယနေ့လိုအဖြစ်မျိုးကြုံရတာ မဆန်းဟုဆိုရမည်ဖြစ်ပါသည်။ ABSDF ဆိုတာ ၈ လေးလုံးအရေးအခင်းကာလတုန်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် နယ်စပ်ကိုရောက်ရှိလာသော ကျောင်းသားလူငယ်များစုပေါင်းပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ ABSDF မြောက်ပိုင်းနယ်မြေဟုခေါ်တွင်သော ပါချောင်ဒေသမှာ ကျောင်းသား ၁၀၇ ဦးကိုစစ်ထောက် လှမ်းရေးဟုစွပ်စွဲပြီး ဖမ်းဆီးမှုများရှိခဲ့သည်။ ဖမ်းဆီးထားသူများအနက် အထက်ဗမာပြည် ABSDF ဥက္ကဋ္ဌကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၄၀ ဦးခန့်အားသတ်ဖြတ်ခဲ့သည်။ ထိုအချိန်က ABSDF ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာနိုင်အောင်အား တာဝန်ယူဖြေရှင်းရန် သတ်ဖြတ်ခံရသော ကျောင်းသားမိဘများက တောင်းဆိုခဲ့မှုကြောင့် ဖြေရှင်းပေးပါမည်ဟု လက်မှတ်ထိုး ကတိပြုခဲ့သော်လည်း ယနေ့တိုင် အဖြေမထွက်သေးပါ။

ပါချောင်ဒေသလူသတ်မှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ABSDF အဖွဲ့ကွဲသွားခဲ့ရာ ကျန်ရှိသော အဖွဲ့ ၀င်အနည်းငယ်က KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ ပြည်ပအထောက်အပံ့၊ အလှူငွေများမျှော်ကိုးပြီး ရပ်တည် နေကြရခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ ယင်းအဖွဲ့အတွင်းအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ရဲဘော်ခင်ကျော်နှုတ် ထွက်မှု၊ ပြည်သူ့အတွက် အကျိုးမပြုနိုင်မှုများက ABSDF ၏အရည်အချင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။

လူ ၁၀၀ ကျော်ရှိသော ABSDF အဖွဲ့အား အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ တွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ပြုပြင်ပြောင်းလဲလာသော ဒီမို ကရေစီခေတ်တွင် ABSDF အဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အနေဖြင့် လူရာသွင်းခြင်းခံရပေမယ့် ပြာသလောက် ဖွဲမထွက်သောလုပ်ရပ်များက အံအားသင့်စရာ ကောင်းနေပါသည်။ ရဲဘော်သံခဲဦးဆောင်သော ABSDF အဖွဲ့နှင့် ရဲဘော် ခင်ကျော် ဦးဆောင်သော ABSDF(UNRA) အဖွဲ့နှစ်ခြမ်းကွဲပြီးနောက်ပိုင်းတွင် ဘယ်သူတွေထပ်ပြီး ခွဲထွက်ကြဦးမလဲ စောင့်ကြည့်နေကြပါသည်။ အချုပ်ပြောရရင်အစကတည်းက မျိုးစေ့မမှန်သော ABSDF ဆိုတဲ့အဖွဲ့အစည်းရေရှည်မှာလည်း ထပ်မံပြိုကွဲရုံကလွဲလို့ အခြားမရှိနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

Credit: ထွန်းသစ်အောင်

နေ့စဉ်သတင်း

No comments:

Post a Comment