Tuesday, September 9, 2014

ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ

ကမ္ဘာ့ အသက်အငယ်ဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားတဲ့ နိုင်ငံ ကတော့ ယူဂန်ဒါ ဖြစ်ပါတယ်။ အာဖရိက ဆိုတာ အရှေ့အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်ပြီး လူဦးရေ ၃၅ သန်းကျော် ရှိပါတယ်။ ယင်းထဲမှာ ၅၀ ရာခိုင်နှုန်းသောသ လူတို့က အသက် ၁၅ နှစ်အောက် ဖြစ်ပြီး ၇၅ ရခိုင်နှုန်း အောက်က အသက် ၃၀ နှစ်အောက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယူဂန်ဒါကို ကမ္ဘာပေါ်မှာ အသက် အငယ်ဆုံး နိုင်ငံ အဖြစ် စံချိန်တင်စေခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံလညး ဖြစ်ပြီး ၃၇ ရာခိုင်နှုန်းကျော်သော နိုင်ငံသား များဟာ တစ်ရက်ဝင်ငွေ ၁.၂၇ ဒေါ်လာ အောက်မှာပဲ ရှိပါတယ်။ ဗြိတိန် ကိုလို နီ လက်အောက်က နိုင်ငံဖြစ်ခဲ့ပြီး ၁၉၆၂ အောက်တိုဘာမှ လွတ်လပ်ရေး ရခဲ့တဲ့ နိုင်ငံ ဖြစ် ပါတယ်။ ပြည်တွင်းစစ်နဲ့ အခြားသော နိုင်ငံရေး များကြောင့် ဆင်းရဲနေသေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အများဆုံး ငါးခုမြောက် နိုင်ငံ စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ အသက် ၁၅ နှစ်ဟာ ပျမ်းမျှ အရွယ် ဖြစ်တာကြောင့် ကမ္ဘာ့ အသက်အငယ်ဆုံး နိုင်ငံ အဖြစ် လူသိများစေခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment