သြဂုတ် ၃၁ ရက် ညနေက ရှောက်ချောင်းကျေးရွာအနီးရှိ ဒေသအခေါ် နဂါးရွှံ့မီးတောင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘေးပတ် ဝန်းကျင် ကျေးရွာများရှိ လယ်ဧက၃၀ ခန့်နှင့် စားကျက်မြေများအ ပြင် နွားတင်းကုပ်အချို့ မီးတောင် မှ ထွက်လာသည့် ချော်ရည်များ ကြောင့် ပျက်စီးသွားကြောင်း ရခိုင်လူမှုကွန်ရက် ပြန်ကြားရေး တာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြော သည်။
‘‘မီးတောင်မပေါက်ခင်မှာ အသံတွေမြည်တယ်။ ချော်ရည်တွေ က ပေ ၅၀၊ ၆၀ လောက်အထိ မြင့်တက်သွားတာ။ လယ်သိမ်းချိန်ဆို တော့ လူတွေနဲ့ နွားတွေ ဘာမှမ ဖြစ်ခဲ့ပါဘူး’’ဟု ၎င်းက ပြောသည်။
မီးတောင်မှ ထွက်လာသော ချော်ရည်များမှာ လယ်ကွင်းနှင့် စားကျက်မြေများပေါ်တွင် တစ် ပေခန့် ဖုံးလွှမ်းနေပြီး တောင်အနီး ပတ်ဝန်းကျင်ရှိ ရှောက် ချောင်း၊ စည်မော်နှင့် ကြတ္တိန်ရွာ များမှ လယ်ဧကအချို့ ပျက်စီး သွားခြင်းဖြစ်ကြောင်း ရှောင် ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက ပြောသည်။
ပေါက်ကွဲသွားသော မီး တောင်မှာ လွန်ခဲ့သည့် သုံးနှစ်ခန့် က တစ်ကြိမ်ပေါက်ကွဲခဲ့ပြီးကျောက်ြ
7daydaily
No comments:
Post a Comment