Wednesday, September 3, 2014

ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်

မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏ ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။


သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့ သည့် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ ဒုဝန်ကြီးအတွင်းဝန်များ ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် သုံးသောင်းကျော် လက်ခံရန် ပြောကြားခဲ့ခြင်း ဖြစ် သည်။ မြန်မာဘက်က ၂၀၀၅ ခု နှစ်ကတည်းက သဘောတူစိစစ်ပြီးသား ၂၄၁၅ ဦးကိုသာ နှစ်လအ တွင်း နှစ်ဖက်စိစစ်ရေးအဖွဲ့များ ဖွဲ့၍ လက်ခံမည်ဟု အကြောင်း ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်ကမူ နှစ်လအတွင်း အား လုံးလက်ခံမည်ဟု သတင်းထုတ် ပြန်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

‘‘နိုင်ငံချင်းပူးပေါင်းဆောင် ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟို တစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါ ဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံး နှစ်လုံးကအစ အထူးသတိထားရပါ တယ်။ နှစ်နိုင်ငံ သဘောတူညီ ထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြော ကြားတိုင်း မြန်မာနိုင်ငံက သဘော တူ လက်ခံမှာလည်း မဟုတ်ပါ ဘူး’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အ တွင်းဝန်က ဒုက္ခသည်များကို ရိုဟင်ဂျာဟု သုံးနှုန်းကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော် ပြခဲ့ပြီး ယင်းစကားလုံးမှာ နှစ် နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေ သော သံတမန်ရေး ပျက်ပြားစေ သည့် ပြောကြားချက်ဟု ၎င်းက ပြောသည်။

‘‘ဆွေးနွေးပွဲ မတိုင်ခင်က တည်းက ရိုဟင်ဂျာလို့သုံးရင်တော့ ပူး ပေါင်းဆောင်ရွက်ဖို့ အဆင်မပြေဘူးလို့ ကြိုပြောထားခဲ့တာ ပါ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ တွေ့တော့လည်း ရိုဟင်ဂျာ ဆို တဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး မြန်မာတိုင်းရင်းသား စာရင်းမှာ ရော၊ သမိုင်းကြောင်းအရရော ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ ပြော ကြားခဲ့တာပါ’’ ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်ကပြောကြားသည်။

၁၉၉၀ နောက်ပိုင်းတွင် ခိုး ၀င်ဘင်္ဂါလီများကို မြန်မာနိုင်ငံ သားဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဖိအားပေးခဲ့ပြီး မြန်မာဘက်တွင် လည်း တိကျသည့် စာရင်းဇယား မရှိဘဲ မတတ်သာ၍ လက်ခံလိုက် ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေး မောင်က ပြောသည်။

7Day Daily

No comments:

Post a Comment