Wednesday, September 17, 2014

မြန်မာရဲ့ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ တိုးတက်မှုရှိ

Buddhist monks in Yangon
မြန်မာနိုင်ငံရဲ့ ​၂၀၁၄-၁၅ ​ခုနှစ် ​တိုက်ရိုက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်မှုဟာ ​ထင်ထားတာထက် ​အခြေအနေကောင်းနေတယ်လို့ ​ခန့်မှန်းထားပါတယ်။
အရင်တုန်းကတော့ ​တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၄ ​ဘီလီယံလောက်ပဲ ​ရှိမယ်လို့ ​ခန့်မှန်းကြပေမယ့် ​အခုလောလောဆယ် ​၃.၃၂ ​ဘီလီယံ ​ရှိနေတဲ့အတွက် ​ဒေါ်လာ ​၅ ​ဘီလီယံကျော် ​ရှိနိုင်တယ်လို့ ​မြန်မာနိုင်ငံ ​ရင်းနှီးမြုပ်နှံရေးကော်မရှင်အတွင်းရေးမှူး ​ဦးအောင်နိုင်ဦးက ​ပြောပါတယ်။
နိုင်ငံရေးနဲ့ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှု ​တချို့ ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​အခုလို ​တိုက်ရိုက်နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​တိုးတက်လာတာပါ။

နိုင်ငံတကာက ​သူတို့ရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​အတော်များများကို ​ရုပ်သိမ်းပေးပြီးနောက် ​စီးပွားရှင်တွေ ကလည်း ​ရင်းနှီးမြုပ်နှံမှု ​ပိုမို ​လုပ်နေကြတာ ​ဖြစ်ပါတယ်။
အခုလောလောဆယ် ​ရင်းနှီးမြုပ်နှံမှု ​အများဆုံးကဏ္ဍက ​တယ်လီဖုန်းဆက်သွယ်ရေး ​ကဏ္ဍဖြစ်ပြီး ​စုစုပေါင်း ​ရင်းနှီးမြုပ်နှံမှုရဲ့ ​၃၁% ​ဖြစ်ပြီး ​ရေနံနဲ့ ​သဘာဝဓာတ်ငွေ့က ​၂၃.၈% ​ဖြစ်ပြီး ​အိမ်ခြံမြေ ​လုပ်ငန်းမှာ ​၁၃ ​% ​ကျော်နဲ့ ​ကုန်ထုတ်လုပ်ရေးမှာ ​၈% ​ကျော် ​ရင်းနှီးမြုပ်နှံကြတာ ​ဖြစ်ပါတယ်။ ​လွန်ခဲ့တဲ့ ​သုံး ​လေးနှစ်တုန်းကတော့ ​တိုက်ရိုက် ​ရင်းနှီးမြုပ်နှံမှုက ​ဒေါ်လာ ​သန်းပေါင်း ​၃၂၉ ​လောက် ​ရှိရာကနေ ​၅ ​ဘီလီယံလောက် ​ခုန်တက်လာတာ ​ဖြစ်ပါတယ်။
အခုလို ​တိုးတက်မှုတွေ ​ရှိလာပေမယ့် ​အိမ်နီးချင်းနိုင်ငံတွေနဲ့ ​ယှဉ်ရင် ​အတော်လေး ​နောက်ကျနေပြီး ​ထိုင်းနိုင်ငံရဲ့ ​တိုက်ရိုက် ​ရင်းနှီးမြုပ်နှံမှုဟာ ​၆ ​လအတွင်း ​ဒေါ်လာ ​၆.၈ ​ဘီလီယံ ​တန်ဖိုးရှိနေသလို ​ဗီယက်နမ်မှာတော့ ​၈ ​လအတွင်း ​ဒေါ်လာ ​၇.၉ ​ဘီလီယံလောက် ​ရှိနေပြီလို့ ​ရိုက်တာ သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC

No comments:

Post a Comment