Monday, September 22, 2014

ဓာတ်လိုက်သေဆုံးမှုများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင် အဆင့်မြင့်ဓာတ်ကြိုးများ တပ်ဆင်


လျှပ်စစ်ဝန်ထမ်းများ ဗီယက်နမ်ဓာတ်ကြိုးသစ်များလဲလှယ်တပ်ဆင်နေစဉ်(ဓာတ်ပုံ − နစ်ကီ)
ရန်ကုန်မြို့တွင် ဓာတ် တိုင်နှင့် ဓာတ်ကြိုးကြောင့် လေးလအတွင်း လူကိုးဦးဓာတ်လိုက်သေ ဆုံးပြီးနောက် လျှပ်စစ်အန္တ ရာယ်ကာကွယ်ရေး ဓာတ်လိုက်ခြင်း မရှိရန် ပြုလုပ်ထားသည့် ကာဗာ အဖုံးတပ်ဆင်ထားသော ဓာတ်ကြိုးများကို ပြောင်းလဲတပ်ဆင် ပေးနေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိအ သုံးပြုနေသော ဓာတ်ကြိုးများမှာ အလူမီနီယံဓာတ်ကြိုးအမျိုးအ စားများဖြစ်သည်။ ဓာတ်လိုက်မှု မရှိအောင် ထိုဓာတ်ကြိုးထက်ဈေးသုံးဆပိုများသော ကာဗာအဖုံး များတပ်ဆင်ထားသည့် ဗီယက်နမ်နိုင်ငံထုတ် ဓာတ်ကြိုးများကို ရန်ကုန်မြို့တွင် စတင်တပ်ဆင် ပေးနေခြင်းဖြစ်သည်။

‘‘အခုလိုက်တပ်ပေးနေတဲ့ ဓာတ်ကြိုးက ငှက်တွေနားရင် လည်း ဓာတ်မလိုက်ဘူး။ သစ်ကိုင်းပြုတ် ကျရင်လည်း ဓာတ်မလိုက် ဘူး။ ဓာတ်ကြိုးပြတ်ကျရင်တောင်  ဓာတ်ကြိုးကိုထိမိလို့ ဓာတ်မလိုက်အောင် ကာကွယ်ထားတဲ့ဓာတ် ကြိုးတွေပါ။ ထိုင်းနိုင်ငံမှာလည်း ဒီဓာတ်ကြိုးပဲသုံးတာပါ’’ ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အမှုဆောင်အင်ဂျင်နီယာ (၁) ဦးမင်းသိန်းကပြောသည်။
စက်တင်ဘာ ၂၀ ရက်တွင် အဆိုပါဓာတ်ကြိုးများကို ရန်ကုန် မြို့နယ်၊ ဆရာစံလမ်းတစ်လျှောက်ရှိ ဓာတ်တိုင်များ၌ ပြောင်းလဲတပ်ဆင်ပေးနေပြီး ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် တပ်ဆင်ပေးနေကြောင်း ၎င်းက ပြောသည်။
အဆိုပါဗီယက်နမ်နိုင်ငံထုတ် ဓာတ်ကြိုးများကို တပ်ဆင်ရန် နိုင်ငံတော်မှ အသုံးစရိတ်မည်မျှအ သုံးပြုသွားမည်ကို သိရှိရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ထွန်းဦးထံသို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။
 ‘‘ဒီကြိုးက ဓာတ်ကြိုးကို ဓာတ်မလိုက်အောင် ကာကွယ် ထားတဲ့ အစွပ်က သုံးထပ်ပါပါ တယ်။ အရင်စိုက်ထားတဲ့ ဓာတ် တိုင်တွေကို ပြောင်းလဲတပ်ဆင် ပေးနေပါပြီ။ နောက်အသစ်ထပ် တပ်မယ့် ပုဂ္ဂိုလ်ကရော၊ အစိုးရ လုပ်ငန်းပိုင်းတွေပါ အဲဒီဓာတ်ကြိုးကိုပဲ သုံးရတော့မှာပါ။ တစ်နိုင်ငံ လုံးတဖြည်းဖြည်းနဲ့ တပ်ဆင်သွားမှာပါ’’ဟု ရန်ကုန်မြို့တော် လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စက်တင်ဘာ ၂၀ ရက်က ရန်ကင်းမြို့နယ်ရှိ ဓာတ်တိုင်များ တွင် ဓာတ်ကြိုးများပြောင်းလဲ တပ်ဆင်နေပြီး ယခင်အသုံးပြုနေသော ဓာတ်ကြိုး၊ ကြွေသီး၊ အပ်ပင်စ သည့် ပစ္စည်းများပါပြောင်းလဲတပ် ဆင်ပေးနေသည်ကို တွေ့မြင်ခဲ့ရ သည်။
‘‘ဓာတ်မလိုက်တဲ့ ဓာတ်ကြိုး တွေတပ်ပေးတော့မယ်ဆိုတော့ သိပ်မယုံချင်ပါဘူး။ ဒါပေမဲ့ ပြည် သူတွေအတွက် တကယ်လုပ်ပေး ရင် ၀မ်းသာစရာပါ။ လူတွေသေ ပြီးနေပြီ။ နောက်ထပ် မသေရအောင် လုပ်ပေးရမှာက သူတို့တာ ၀န်ပါ’’ဟု လှည်းတန်း ပေ ၅၀ လမ်းတွင် နေထိုင်သော ဦးစိန်သန်းက ပြော သည်။
ယခုစက်တင်ဘာ ၁၂ ရက် က သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ ကြွေသီးကွဲပြီး ဓာတ်အားလိုင်း ဓာတ် တိုင်သို့ လျှပ်စစ်စီးဝင်သော ကြောင့် ဓာတ်တိုင်နားရှိ ရေအိုင် တွင် ဓာတ်ကူးကာ လူနှစ်ဦးဓာတ် လိုက်သေဆုံးသွားခဲ့သည်။
ဇွန်လအတွင်း လှည်းတန်းပေ ၅၀ လမ်း၌ ဓာတ်ကြိုးပြတ်ကျ မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး မြောက် ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံး ခဲ့ပြန်သည်။ ဇူလိုင် ၁၅ ရက်ကလည်း လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦး ထပ်မံသေဆုံး ခဲ့သည်။
ထိုသို့သေဆုံးမှုများနှင့် ပတ် သက်၍ သက်ဆိုင်ရာလျှပ်စစ်ဌာနများက မတော်တဆမှုကြောင့်သာ ဖြစ် သည်ဟု အကြောင်းပြထားပြီး  တာဝန်ယူမှု၊ တာဝန်ခံမှုများပြုလုပ်ခြင်းမရှိပေ။ ဓာတ်ကြိုးများပြတ်ကျမှုနှင့် ဓာတ်တိုင်ချို့ယွင်းချက်များကြောင့် လူသေဆုံးမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူ များက အရည်အသွေးညံ့ဖျင်းသောပစ္စည်းများ အသုံးပြုခြင်းနှင့် ကြိုးတပ်ဆင်ရာတွင် နည်းစနစ်မကျခြင်း တို့ကြောင့်ဖြစ်ကြောင်း လျှပ် စစ်ပညာရှင် များက ပြောသည်။

7 Day Daily

No comments:

Post a Comment