Monday, September 8, 2014

သတိသမ္ပဇဉ် အသိဉာဏ်ယှဉ် မာယာများတဲ့ စစ်မြေပြင်

အယ်လ်ကေဒါ ခေါင်းဆောင် အေမင် အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ်မှာ Qaedat al – Jihad ဆိုတဲ့ အကြမ်းဖက်အဖွဲ့ အစည်းအသစ်တစ်ခုထူထောင် လိုက်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်ဆိုတဲ့ သတင်း ကို စက်တင်ဘာ ၅ ရက်နေ့ထုတ် သတင်းစာ/ ဂျာနယ်တွေမှာတွေ့ရပါတယ်။
ဒါ့အပြင် ကက်ရှ်မီးယားနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကို အသုံးချပြီး အသစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့ ရေပန်းစား လာအောင်လုပ်ဆောင်သွားမှာဖြစ်ပြီး အာဖဂန် တာလီဘန်ခေါင်းဆောင် မူလာ မူဟာမက်အိုမာနဲ့ ပါကစ္စတန်ထိပ်တန်း စစ်သွေး ကြွခေါင်းဆောင် အဆင်အူမာတို့ရဲ့ ခေါင်းဆောင်မှုတွေကို အဲဒီအဖွဲ့သစ်က အသိအမှတ်ပြုသွားမယ်လို့ ဇာဝါဟီရီက ပြောခဲ့ ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် Daily Eleven သတင်းစာမှာဖေါ်ပြထားပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ IS ဟာ မာကြာမတင်ကာလလေးအတွင်းကပဲ အမေရိကန် ဂျာနယ်လစ် နှစ်ယောက်ကို ခေါင်းဖြတ် သတ်တဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့ပြီး ဖမ်းဆီး ထားတဲ့ ဗြိတိန်တစ်ဦးကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ IS လို့ နာမည်ခံထားတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့ ရည်မှန်း ချက်က အစ္စလာမ္မစ် နိုင်ငံတော်ထူထောင် ရေးဖြစ်ပြီး အယ်လ်ကေဒါအဖွဲ့ရဲ့ ရည်မှန်း ချက်က မူဆလင်ပိုင်နက်အချုပ်အခြာအာဏာနယ်မြေကို ပြန်လည်ဖေါ်ထုတ်ဖို့လို့ ဆိုတယ်။
အယ်လ်ကေဒါ ခေါင်းဆောင် အေမင် အယ်လ်ဇာဝါဟီရီရဲ့ ကြေညာချက် ဟာ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရဲ့ အချုပ်အခြာ အာဏာကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်လိုက်တာဖြစ်တယ်။ အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေမှာ ရှိတဲ့ အကြမ်းဖက်သမားတွေမှာ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးဆိုတာကလွဲလို့ ဘာမှမရှိတဲ့သူတွေဖြစ်တယ်။
သူတို့ရဲ့ ရည်မှန်းချက်ပြည့်ဝဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အသေခံဗုံးခွဲဖို့ဝန်မလေးသလို ကိုယ့်မိသားစု၊ ညီအစ်ကို မောင်နှစ်မ ရင် သွေးတွေတွေကအစ စတေးဖြစ်ဖို့ ဝန်မလေး သူတွေဖြစ်တယ်။ ကမ္ဘာ့မူဆလင်ဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက သမ္မတ ယူရိုယူနိုက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဟာ အစ္စလာမ်ဘာသာကို ဖျက်ဆီးနေတဲ့ သူတွေလို့ ထုတ်ဖေါ်ပြောကြားခဲ့တယ်။
အစ္စလာမ္မစ်အစွန်းရောက်ဝါဒီတွေကို မွေးထုတ်ပေးနေတဲ့နေရာကတော့ ပါကစ္စတန် မှာရှိနေတဲ့ တာလီဘန်ကျမ်းစာသင်ကျောင်း တွေလို့ ဆိုပါတယ်။ တာလီဘန်ကျမ်းစာ သင်ကျောင်းတွေမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် လူငယ်တွေ လာရောက် ပညာသင်ကြားလေ့ရှိတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်လောက်က ကော့သောင်းမှာရှိစဉ် မွတ်ဆလင်မိတ်ဆွေ တစ်ဦးက “ပါကစ္စတန်မှာ တာလီဘန် ကျမ်း စာသင်ကျောင်းဆိုတာရှိတယ်ဗျ။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ အကြမ်းဖက်သမားအများစုဟာ တာလီဘန်ကျမ်းစာသင် ကျောင်း ဆင်းတွေများတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက မွတ်ဆလင်တချို့လည်း အဲဒီကျောင်းမှာ သွားတက်ဖူးကြတဲ့သူတွေ အများကြီး ရှိတယ်။ ပါကစ္စတန်မှာရှိတဲ့ တာလီဘန်ကျောင်းမှာ ရန်ကုန်ကနေကျောင်းသွားတက်တဲ့ သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကို အဲဒီ က အစွန်းရောက်ကျောင်းသားတွေက မကြာခဏစည်းရုံးနေ လို့ ကြောက်တာ နဲ့ ကျောင်းမပြီးဘဲ ပြန်ပြေးလာကြတာ။” လို့ ပြော ဖူးပါတယ်။
၂၀၀၉ ခုနှစ် နွေဦးကာလမှာ အရှေ့အလယ်ပိုင်းက သဲကန္တာရတစ်ခုထဲ မှာ ဆော်ဒီလူမျိုး ညီအစ်ကိုနှစ်ယောက် ခွဲခွာခြင်းအထိမ်း အမှတ်အနေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပွေ့ ဖက်နုတ်ဆက်နေကြတယ်။ အသေခံဗုံးခွဲဖို့ ခရီးထွက်မယ့် ညီဖြစ်သူကို အစ်ကိုက နုတ် ဆက်နေတာပါ။
အစ်ကိုဖြစ်သူ အီဗရာဟမ်အယ်လ်အဆီရီက အယ်လ်ကေဒါအဖွဲ့ထဲမှာ အရင်တုန်းက ဘယ်သူမှလုပ်ဖူးသေးတဲ့ ဗုံးအမျိုးအစား အသစ်တစ်မျိုးကိုထုတ်လုပ်ခဲ့တယ်။ အဲဒီဗုံးအမျိုး အစားအသစ်ကတော့ ပီအီးတီအင်န် အဖြူရောင်ယမ်းမှုန့် ဂရမ် ၁၀၀ ခန့်ကို အသေခံ ဗုံးခွဲသမားရဲ့ စအိုထဲကို ထည့်သွင်းယူဆောင်သွားပြီး မှ ဖေါက်ခွဲတဲ့ဗုံးမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။
အသေခံဗုံးခွဲမယ့်သူက အဗ္ဗဒူလာအယ်လ်အဆီရီဆိုတဲ့ အီဗရာဟမ်အယ်လ်အဆီရီရဲ့ ညီတစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ပစ် မှတ်က ဆော်ဒီတန်ပြန် အကြမ်းဖက်တိုက် ဖျက်ရေးခေါင်းဆောင် မင်းသား မိုဟာမက်ဘင်နရက်ဖ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ စီစဉ် ခဲ့တဲ့ အသေခံဗုံးခွဲ အောင်မြင်မှုမရခဲ့ပါဘူး။
မင်းသား မိုဟာမက်ဘင်နရက်ဖ်ရဲ့ အိမ်တော်ကိုဝင်ခွင့်ရပေမဲ့လည်း ဗုံးဖေါက်ခွဲတဲ့အချိန် မှာ ဗုံးရဲ့ချို့ယွင်းချက်ကြောင့် အဗ္ဗဒူလာ အယ်လ်အဆီရီတစ်ယောက်သာသေဆုံးခဲ့ ပြီး ဆော်ဒီတန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းဆောင် မင်းသား မိုဟာမက်ဘင် နရက်ဖ်ကတော့ ဒါဏ်ရာအနည်းငယ်ပဲရခဲ့တယ်။
အယ်လ်အဆီရီဟာ နောက်ထပ်အသေခံဗုံးခွဲသမားတစ်ဦးကိုရွေးချယ်ပြီး အထူးချုပ် လုပ်ထားတဲ့အောက်ခံအဝတ်ရဲ့ အတွင်းခံ အနားကွပ် လိုင်းအတွင်း ပီအီးတီအင်န် အဖြူရောင်ယမ်းမှုန့် ဂရမ် ၂၀၀ ခန့်ထည့်သွင်းထားတဲ့ဗုံးကို အဗ္ဗဒူမူတယ်လ်ဘက်ဘ် ဆိုတဲ့ အကြမ်းဖက်သမားနဲ့အတူထည့်ပေးလိုက်ပါတယ်။
အဗ္ဗဒူမူတယ်လ်ဘက်ဘ်ဟာ အမေရိကန်ပြည်ထောင်စု ဒက်ထရွက်ကိုထွက်ခွာလာ တဲ့လေယာဉ်နဲ့အတူပါလာပြီး လေယာဉ်ဆင်း ခါနီးလောက်မှာ ဗုံးခွဲခဲ့ပေမဲ့ ဗုံးချို့ယွင်း မှုကြောင့် မကွဲခဲ့ပြန်ပါဘူး။
အယ်လ်အဆီရီဟာ အလျှော့မပေးပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကွန်ပြူတာနဲ့တွဲသုံးတဲ့ ပရင်တာကက်ထရစ်အတွင်းပိုင်းထဲမှာ ပီအီး တီအင်န် ယမ်းမှုန့် ဂရမ် ၄၀၀ ထည့်သွင်း ပြီး လေဆာပရင်တာရဲ့ လျှပ်စီးပတ်လမ်းမှာ အချိန်ကိုက်စနစ်တံထည့်သွင်းမြှုပ်နှံဆက် သွယ်တပ်ဆင်ထားပါတယ်။ ပီအီးတီအင်န်ယမ်းမှုန့်ဟာ ပရင်တာသုံးတိုနာမင်ခြောက်မှုန့် နဲ့ အသွင်တူတဲ့အတွက် လေဆိပ်အဝင် အထွက်ဂိတ်တွေမှာရှိတဲ့ ပုံရိပ်ဖေါ်စက်တွေ ကို ရှောင်ကွင်းသွားနိုင်အောင် လေဆာပရင်တာကို တမင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အယ်လ်အဆီရီရဲ့ ဗုံးပြုလုပ်တဲ့အတတ်ပညာကောင်းလွန်းတာကြောင့် ကနဦးမှာ အဲဒီ ပရင်တာတွေကို ဗုံးဖြစ်မှန်းအာဏာပိုင်တွေ ကမသိပါဘူး။ ဒါ့ကြောင့် ပရင်တာဗုံးတွေ ဟာ လေယာဉ်ပေါ်အထိပါလာပါတယ်။ နောက်တော့ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ လေယာဉ်ကိုကြားဖြတ်ရှာဖွေခဲ့လို့ ဗုံးတွေကို သိမ်းဆည်းမိခဲ့ ပါတယ်။
နောက်ပိုင်း အယ်လ်ကေဒါတွေရဲ့ အွန်လိုင်းမဂ္ဂဇင်းမှာ “လာမယ့် ကဏ္ဍသစ်မှာ အကာ အကွယ် ယူ ပြီးစောင့်ကြပ်နေတဲ့ တိုင်းပြည် တွေကို အခုလိုအထုပ်မျိုးတွေ ပေးပို့နိုင်သလို အနောက်နိုင်ငံက ခရီးသည်တင် လေယာဉ်တွေကို လည်း ဒီလိုဗုံးမျိုးတွေ အသုံး ပြုပြီး တိုက်ခိုက်သွားနိုင်ပါတယ်။” လို့ ကြွားဝါကြွေးကြော်ခဲ့ပါတယ်။
အယ်လ်အဆီရီဟာ ယီမင်နိုင်ငံ အာရစ်ဘီယန်ကျွန်းဆွယ် အယ်လ်ကေဒါအဖွဲ့မှာ လျှို့ဝှက်စွာနေထိုင်လျှက်ရှိပါတယ်။ ဆော်ဒီ စစ်တပ်က အရာရှိတစ်ဦးရဲ့သားဖြစ်တဲ့ အယ်လ်အဆီရီဟာ ငယ်ငယ်တုန်းက အကြမ်းဖက်မှုကိုအားသန်တဲ့သူတစ်ယောက် မဟုတ်ပေမဲ့ ဗုံးတီထွင်ထုတ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်လာပြီးတဲ့နောက်ပိုင်း အကြမ်းဖက်လုပ်ငန်းကို ပျော်မွေ့လာသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ခြေလှမ်းတွေက စိတ်လာတဲ့အတွက် ရခိုင်ပြည် နယ်မှာ စတင်ခဲ့တဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ လို့ ယေဘူယျပြောနိုင် တဲ့ မြန် မာနိုင်ငံက လူမျိုးရေး/ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပြည် နယ် က ဖြစ်စဉ်နဲ့ မိတ္ထီလာဖြစ်စဉ်တွေ ဟာ ပြည်ပအကြမ်းဖက် သမားတွေ နဲ့ ပြည်တွင်းက မွတ်ဆလင်အစွန်းရောက်တွေရဲ့ အချိန်ကိုက် လှုပ်ရှားမှုတစ်ခုမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။
တစ်ခုခုဖြစ်ရင် အစိုးရလက်ချက်၊ နောက်ကွယ်ကနေ အစိုးရနဲ့ နောက်ကြောင်းပြန်လှည့် ချင်နေတဲ့သူတွေက ကြိုးကိုင်နေကြတာ ဆိုတဲ့ ကျားကျား မီးယပ် အတွေးသာရှိတဲ့ လူ့အဖွဲ့အစည်းတွေနေတဲ့ တိုင်းပြည်မှာ မွတ်ဆလင် အစွန်းရောက်တွေ အတွက် လှုပ် ရှားရတာ အခွင့်အလမ်းတစ်ခုပါပဲ။ သူတို့လိုချင်တဲ့ရည်မှန်းချက်မအောင်မြင်ရင်လည်း လူထုနဲ့အစိုးရကို တည်ပေးလိုက်ရုံပါပဲ။
ရခိုင်ပြည်နယ်က မသီတာထွေးကို အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရခိုင်လူထုရဲ့ဒေါသကို ဆွပေးခဲ့တယ်။ ဒီလိုပဲ မိတ္ထီလာဖြစ်စဉ်မှာ လည်း ရွှေဆိုင်မှာဖြစ်တဲ့ အဖြစ်အပျက်က သာမန်အမှုအခင်းတစ်ခုလို့ဆိုနိုင်ပေမဲ့ ဘာမှမဆိုင်တဲ့ နယ်က တက် လာတဲ့ ဆရာတော်ဦးသောဘိတကို မီးရှို့သတ်ဖြတ်ခဲ့တာဟာ တမင်ရည်ရွယ်ချက်ရှိရှိ နဲ့ မြန်မာတွေရဲ့ဒေါသကိုဆွပြီး ပဋိ ပက္ခကို ဓာတ်ဆီလောင်းလိုက်တာပါပဲ။
ဒီဖြစ်စဉ်နှစ်ခုစလုံးမှာ အတိုင်းအတာတစ်ခုအထိ သူတို့ဘာသာဝင်တွေကိုရင်းလိုက်တဲ့ သဘောပါ။ အပေါ်မှာဆိုခဲ့သလို အစွန်း ရောက် အကြမ်းဖက်သမားတွေဟာ သူတို့ဝါဒ ကိုပဲ သစ္စာခံယုံကြည်ပါတယ်။ အယ်လ်အဆီရီဟာ ဆော်ဒီတန်ပြန်အကြမ်းဖက် တိုက် ဖျက်ရေးခေါင်းဆောင် မင်းသား မိုဟာမက်ဘင်နရက်ဖ်ကို လုပ်ကြံဖို့အတွက် ညီ အရင်းခေါက်ခေါက်ကိုတောင်စတေးခဲ့တာ မဟုတ်လား။ ဒါ့ကြောင့် အကြမ်းဖက်သမား အန္တရာယ်ဆိုတာ ခပ်ပေါ့ပေါ့တွေးရမယ့်ကိစ္စမဟုတ်ပါဘူး။
အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတာပါ။ အခုခေတ်မှာ ဖုန်းတစ်လုံးရှိရင် တစ်ကမ္ဘာလုံးနဲ့ ဆက် သွယ်လို့ရပါ တယ်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေြး ပုပြင်ပြောင်းလဲမှုတွေဟာ အစွန်းရောက်မွတ်ဆလင်တွေအတွက်တော့ မြန်မာအခက် အစွန်းရောက်အချက်ပါပဲ။
တစ်ဖက်တစ်လမ်းကနေ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ မွတ်ဆလင်လူထုကို “ဟေ့…ဒီမိုကရေစီနိုင်ငံဆိုရင် မင်းတို့ ငါတို့ကိုလည်း နိုင်ငံသားအခွင့် အရေးအပြည့်ပေး ရမယ်။ ဒီတော့ ရသမျှတောင်းဆိုဖို့လိုတယ်။ ငါ တို့ကို အခွင့်အရေးပေးကိုပေးရ မယ်၊ ငါတို့ကိုမပေးချင်ဘူးဆိုရင်လည်း နောက်ကြောင်းပြန်သွားလိုက်ပေါ့။
လက်ရှိအခြေအနေအရ မြန်မာအစိုးရရဲ့ အနေအထား က နောက်ကြောင်းပြန်မသွားနိုင် ဘူး။ ဒါဟာ ငါတို့အတွက်အကွက်ပဲ။” ဆိုပြီး သွေးထိုးပေးတဲ့ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ အဆက်အသွယ်ရှိနေတဲ့ မွတ်ဆလင်အုပ်စုတွေလည်းရှိကောင်း ရှိနေနိုင် ပါတယ်။
ရိုးသားတဲ့ မွတ်ဆလင်တွေက ဘာမှသိပ်ပြီးစိတ်မဝင်စားပေမဲ့ တိုင်းပြည်ထဲမှာရှိနေတဲ့ အစွန်းရောက် အုပ်စုတွေကတော့ ပြည်ပက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် မှုရှိဖို့များပါတယ်။
မြန်မာဟာ ထိုင်းမဟုတ်တဲ့အတွက် ထိုင်းနိုင်ငံတောင်ပိုင်း ပတ္ထနီခရိုင်မှာလို အကြမ်းဖက် လှုပ်ရှားမှုမျိုးတွေလုပ်လို့မရဘူးဆိုပေမဲ့ ရန်သူဟာ ထိုင်းမဟုတ်တဲ့ မြန်မာအကြောင်းကို သိပြီးသားဖြစ်လို့ ထိုင်းမှာကျင့်သုံးနေတဲ့ ဗျူဟာမျိုးကို ကျင့်သုံးချင်မှ ကျင့်သုံးပါ လိမ့် မယ်။ ဆော်ဒီလူမျိုး အကြမ်းဖက်သမား အယ်လ်အဆီရီတစ်ယောက် အမေရိကန်တွေ မရိပ်စားမိနိုင်လောက်ဘူးလို့ ယူဆရ တဲ့ ဗုံးအမျိုးအစားအသစ်တွေတီထွင်ဖန်တီးဖို့ အမြဲကြိုးပမ်းနေသလို မြန်မာနိုင်ငံထဲမှာရှိတဲ့ အစွန်းရောက်မွတ်ဆလင်တွေက လည်း ဒီနိုင်ငံနဲ့ ကိုက်ညီမယ့် ဗျူဟာတွေကို စဉ်းစားကြံဆနေကြမှာပါပဲ။
ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ အပါအဝင် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးအ တွက် စဉ်ဆက်မပြတ် capacity development လုပ်နေသင့်သလို ပြည်သူတွေအနေနဲ့လည်း လုံခြုံရေးသတိရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက် သင့်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့လည်း အစွန်းရောက်တွေဖန်တီးတဲ့ လှည့်ကွက်ထဲကို မဝင်မိ ဖို့အရေးကြီးပါတယ်။ သူတို့ကတော့ အခြေ အနေပေးရင်ပေးသလို ပဋိပက္ခတွေ ဖန်တီး မှာပါပဲ။ သူတို့အတွက် မြန်မာတွေ ဒေါသထွက်ပြီး ကမူးရှူးထိုး လက်တုံ့ပြန်လေ ကြိုက် လေပါပဲ။ လိုအပ်ရင်လိုအပ်တဲ့အတိုင်း ရင်းမှာပါ။ အယ်လ် အဆီရီ တစ်ယောက် သူ့ရည်မှန်းချက်ပြည့်ဝဖို့ ကိုယ်တိုင် ဗုံးတီထွင် ထုတ်လုပ်ပြီး သူ့ညီအရင်းစအိုထဲကို ထည့်ပေးလိုက်တာမဟုတ်လား။
ဒါ့ကြောင့် မုဒိန်းမှုပဲဖြစ်ဖြစ်၊ လူသတ်မှုပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားတာက အကောင်းဆုံးဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေနဲ့ သူတို့နဲ့ဆက်နွယ်တဲ့နောက် လိုက်တွေ ဖြစ်စေချင်တဲ့ အတိုင်း လိုက်ကရင် သူတို့ဖြစ်စေချင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ ဆက်ပြီးရင်ဆိုင် ရမှာပါ။ ရာဇဝတ်မှုတစ်ခုကို တရားဥပဒေလမ်း ကြောင်းအတိုင်း ဖြေရှင်းတာက အကောင်းဆုံးပါ။
တိုင်းပြည်ရဲ့အပြောင်းအလဲမှာ အချောင်နှိုက် အလစ်ဆွဲချင်နေတဲ့သူတွေကလည်း တစ်ပုံတစ်ပင်ပါပဲ။ ဒါကို ကျွန်တော်တို့ သ ဘောပေါက်ဖို့လိုပါတယ်။
ကျွန်တော်ရွှေပြည်အေးသမားတစ်ယောက်မဟုတ်ပါ။ ရန်သူရဲ့လှည့်ကွက်ကို မမြင်ဘဲ သူ့တီးလုံး အ တိုင်းလိုက်ကနေရင် ကျွန်တော်တို့တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေများလို့ပါ။
အစ္စလာမစ်အကြမ်းဖက်အုပ်စုတွေဟာ ပညာမတတ်တဲ့သူတွေမဟုတ်ပါ ဘူး။ ခေါင်းဆောင်တော်တော်များများဟာ အမေရိကန် ပြည်ထောင်စုလို ကမ္ဘာ့ ထိပ်တန်းနိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ဖူးကြသူတွေပါ။ ဘယ်နိုင်ငံက ဘယ်လူထုကို ဘယ်လို စည်းရုံးရမယ်၊ ဘယ်လိုကောက်စားရမယ် ဆိုတာ ကောင်းကောင်း နားလည်တဲ့သူတွေပါ။
အစ္စလာမစ်စစ်သွေးကြွဆိုသူတွေဟာ ဖေ့စ်ဘွတ်ခ်တွေ၊ တွစ်တာတွေကို တွင်တွင်ကျယ် ကျယ် သုံးပြီး ကမ္ဘာတစ်ဝှမ်း ဝါဒဖြန့်ချိမှု တွေ၊ လူသစ်စုဆောင်းမှုတွေလုပ်နေကြတာပါ။ အကြမ်းဖက်သမား အန္တရာယ်ဆိုတာ သမားရိုးကျစစ်ပွဲတစ်ခုကို ရင်ဆိုင်ရတာနဲ့ အများကြီးကွာခြားပါတယ်။ အနု၊ အလွမ်း၊ အကြမ်း၊ အချော သုံးလို့ရတဲ့နည်းမှန်သမျှ အကုန်သုံးမှာပါ။
သူတို့ကိုနောက်ကွယ်ကနေထောက်ပံ့နေတဲ့အဖွဲ့တွေကလည်း ငွေကိုသောက်သောက်လဲသုံးနိုင်တဲ့သူတွေဆိုတော့ တော်တန်ရုံ လူ/ အဖွဲ့အစည်းတစ်ခုခုကို နည်းလမ်းပေါင်းစုံ သုံးပြီး ချည်းကပ်ဖို့အတွက် သူတို့မှာလိုအပ်တဲ့ Resource တွေလည်း အလုံအ လောက် ရှိနေကြပါတယ်။ ငွေမက်တဲ့သူကို ငွေနဲ့ဖျားယောင်းမှာပါ။ ဒေါသကြီးတဲ့သူကို ဒေါသပိုထွက်လာအောင်ဆွပေးမှာပါ။ ရုပ်ဝတ္ထု ပစ္စည်းမက်တဲ့သူကိုလည်း ရုပ်ဝတ္ထုပစ္စည်းနဲ့ ဆွယ်မှာပါ။
ငွေကိုရေလိုသုံးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အလျှောက် ကမ္ဘာတစ်ဝှမ်းက INGO လို အဖွဲ့အစည်းတစ်ချို့မှာတောင်မှ အစ္စလာမစ် အကြမ်းဖက် အုပ်စုရဲ့ ဆဲလ်တွေ ထည့်သွင်းမြှုပ်နှံထားခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။ မကြာခင်ကမှ ရပ်စဲသွားတဲ့ အစ္စရေး- ပါလက်စတိုင်း (ဟားမက်စ်) အဖွဲ့ရဲ့ တိုက်ခိုက်မှုသတင်းတွေ ကို နိုင်ငံခြားသတင်းဌာနတွေက အစ္စရေး အလွန်ပုံစံမျိုးချည်းပဲ ဖေါ်ပြထားတာကို သတိထားမိမယ်ဆိုရင် အစ္စလာမစ်အစွန်းရောက်အဖွဲ့တွေရဲ့ ခြေတံလက်တံတွေကို မှန်းဆကြည့်နိုင်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး ဒီကနေ့ရင်ဆိုင်နေရတဲ့ အစ္စလာမစ်စစ်သွေးကြွဆိုသူတွေ ဟာ အင်မတန်မာယာများတဲ့ ရန်သူလို့ ဆိုရမှာဖြစ်ပါတယ်။ ရန်သူက မာယာများလေ ကိုယ့်ဘက်က ခံစစ်ကို ရေပက်မဝင်အောင် လုံနေဖို့ အရေးကြီးလေ ဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေက ရန်သူ့အကြိုက် စစ်ကစား လို့ကောင်းတဲ့ အခြေအနေတွေပါပဲ။
ဒါ့ကြောင့် ပဋိပက္ခအသွင်ဆောင်လာနိုင်တဲ့ ဖြစ်စဉ်မျိုး တစ်ခုခုကြုံရပြီဆိုရင် ဉာဏ်သုံးပြီး အသေအချာစမ်းစစ်ဖို့လိုပါတယ်။ သာမန် ရာဇဝတ်မှုတစ်ခုကနေ လူမျိုး ရေး/ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခုခုဆီဦးတည်ပြီး လမ်းကြောင်းဖေါ်ထား/ မထား ဆန်းစစ်ဖို့လိုပါတယ်။ သာမန်ရာဇဝတ်မှုတစ်ခုဖြစ်တာနဲ့ တုတ်ဆွဲ၊ ဓားဆွဲလုပ်ဖို့မလိုပါ။
မြန်မာတွေက သွေးဆူလွယ်ပါတယ်။ အဲဒီလိုသွေးဆူလွယ်တာဟာ အားနည်းချက်တစ်ခု ပါ။ အဲဒီအားနည်းချက်ကို ရန်သူက ကောင်းကောင်းအသုံးချနိုင်ပါတယ်။
ရန်သူနှပ်ကြောင်းပေးတဲ့အတိုင်း သွေးဆူပြီး လိုက်ကပြီဆိုရင်တော့ ရန်သူ့ရည်မှန်းချက် တစ်ခု အောင်မြင်သွားတာလို့ပဲ ပြောရမှာပါ။
မာယာများတဲ့ ရန်သူဟာ ကြည်း၊ ရေ၊ လေ စစ်ကြောင်းကြီးတွေနဲ့ ချီလာမှာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးတွေရဲ့ ပျော့ကွက် ဟာ ကွက်တွေကို ရှာဖွေနှိုက်ထုတ်ပြီး အသုံးချသွားမှာ ပါ။ ပြောရမယ်ဆိုရင် တန်ပြန်အကြမ်းဖက်မှုကာကွယ်ရေးဆိုတာ ရေရှည် ဆင်နွှဲရမယ့် စစ်ပွဲပါ။ မျှော်လင့်မထားတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ပြီး နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာနိုင်တဲ့ ရန်သူ ကို လျှော့တွက်လို့မရပါ။
အစ္စလာမစ်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အန္တရာယ်ကို ကာကွယ်တဲ့နေရာ မှာ ပြည် တွင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရအောင် ယူသင့် တယ် လို့ မြင်ပါတယ်။ အစွန်းရောက်အကြမ်းဖက်သမားတွေဟာ အစ္စလာမ် ဘာသာ ဝင်တွေဖြစ်ပေမဲ့ အစ္စလာမ်ဘာသာနဲ့ အကြမ်းဖက်ဝါဒကို ရောထွေးမပစ်ဖို့လည်း လိုပါတယ်။
သူ့ကျွန်မခံပြီဇာတ်ကားထဲက “ခြေတွေလက်တွေ အကောင်းပကတိရှိပါလျက်ကနဲ့ အသိဉာဏ်ပညာညှိုးနွမ်းလို့ ငါတို့ခြေလက် တွေ ကျိုးကုန်ပြီကွ။” ဆိုတဲ့ လှေသင်း အတွင်းဝန်ရဲ့စကားကို သတိရစေချင်ပါတယ်။
စစ်ပွဲတစ်ပွဲကို သတ္တိရှိတာတစ်ခုတည်းနဲ့တိုက်လို့မရပါဘူး။ အသိဉာဏ်ပညာလိုပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ အန္တိမပန်းတိုင်က စစ်နိုင် ဖို့ပါ။ ကိုယ့်လူအကျအဆုံး နည်းနိုင်သမျှနည်း နည်း နဲ့ ရည်မှန်းချက်ကို သိမ်းပိုက်နိုင်တာဟာ သင့်တော်တဲ့ဗျူဟာကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ထိရောက်စွာအကောင်အထည်ဖေါ်နိုင်လို့ သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ လူ ၁၀၀ လောက်ရှိတဲ့ရန်သူ့စခန်းကို မိမိစစ်သည် ၁၀၀၀ လောက်အကျအဆုံးခံပြီးမှ သိမ်းပိုက်နိုင်တာဟာ အောင်ပွဲမဟုတ်ပါဘူး။ ဒါက စစ်မြေပြင်မှာတိုက်ခိုက်ရတဲ့ သမရိုးကျ စစ်ပွဲတစ်ခုမှာ ကြုံတွေ့ရမယ့် အခင်းအကျင်းပါ။
အခု စိန်ခေါ်လိုက်တဲ့ ရန်သူက သမရိုးကျရန်သူမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်း ကို ကောင်းကောင်းဒုက္ခပေးပြီး ရေရှည်စစ်ပွဲဆင်နွှဲ နေတဲ့ အစ္စလာမစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ပါ။ လူ၊ ငွေ၊ နည်းပညာ၊ ထောက်လှမ်းရေး အင်အား တောင့်တင်းတဲ့ အဖွဲ့ပါ။ တစ်နည်းဆိုရရင် ဉာဏ်ချင်းယှဉ်ပြီး ကစားရမယ့်ပွဲဆိုလည်း မမှားပါဘူး။
မြန်မာနိုင်ငံလို ပြည်တွင်းစစ်နဲ့ အနှစ်ခြောက်ဆယ်ကျော်အသားကျနေတဲ့ တိုင်းပြည်ကို ရုပ်ရှင်တွေ၊ ဗီဒီယိုခွေတွေထဲကလို မျက် နှာဖုံးစွပ်ကြီးတွေစွပ်ပြီး RPG တွေ၊ စက်သေနတ်တွေကိုင်ပြီး ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုရဲ့ အားနည်းချက်ရှိတဲ့နေ ရာ မှန်သမျှ သွေးတိုးစမ်းပြီး တဖြည်းဖြည်း စိမ့်ဝင်လာမှာဖြစ်ပါတယ်။
မာယာများတဲ့ရန်သူကို မာယာနဲ့ပြန်ရင်ဆိုင်ပြီး သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာအောင် စွမ်းဆောင်နိုင် မှသာ နိုင်ငံတော် ကာကွယ်ရေးအတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေရှိမှာ ပါ။ တာဝန်ကတော့ အစိုးရရော ပြည်သူမှာပါ ရှိပါတယ်။
သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်နိုင်ကြပါစေ………….။ ။
ရဲကျော်သူရ

No comments:

Post a Comment