Thursday, September 4, 2014

“မဲလိမ်တာတွေ မဖြစ်ဖို့အတွက် ပြည်သူကလည်း ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ဖို့ လိုပါတယ်”

လာမယ့် ပွင့်လင်းရာသီမှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာပြီးမှ အတိအကျ ထုတ်ပြန်မယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ စက်တင်ဘာလထဲမှာပဲ ထုတ်ပြန် သွားပါ့မယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသောင်းလှိုင်က ဆိုပါတယ်။ ဆက်လက်ပြီး ဦးသောင်းလှိုင်က ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ လစ်လပ်မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင်စာရင်းရရင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကျေး ကော်မရှင်ရုံးခွဲတွေမှာ ပွင့်လင်းမြင်သာစွာနဲ့ ကြေညာမယ်လို့ ရှင်းပြပါတယ်။
ခုလို ကြေညာထားတဲ့ စာရင်းတွေကို မဲဆန္ဒရှင်တွေက လာကြည့်ကာ မှားယွင်းမှုတွေ အတွက် ကော်မရှင်ရုံးခွဲတွေနဲ့ ပြင်ဆင်ညှိနှိုင်းရမှာ ဖြစ်တယ်လို့လည်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“မဲလိမ်တာတွေ မဖြစ်ဖို့အတွက် ပြည်သူကလည်း ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ဖို့ လိုပါတယ်” လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရှေ့ပြေးမဲဆန္ဒရှင် စာရင်းကို မြို့နယ်သုံးမြို့နယ်မှာ ကောက်ယူထားပြီး အားနည်းချက် အားသာချက်တွေ လေ့လာကာ ကျန်မြို့နယ်တွေမှာ ကောက်ယူမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကနေ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတစေဖို့ အတွက် တစ်နိုင်ငံလုံးက မြို့နယ်၊ ရပ်ကျေး အဆင့်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သောင်းသုံးထောင်ကျော်ကို ပြင်ဆင် ဖွဲ့စည်းထားပြီး မဲရုံမှူး အသစ်တွေကိုလည်း ပြောင်းလဲ တာဝန်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
thevoicemyanmar.com

No comments:

Post a Comment