Monday, September 22, 2014

မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်လာသည့် မစ္စဟန်နာဘိခ်ျအပေါ် စိတ်ထဲမှာမရှိတော့ဟု ဦးဝီရသူမိန့်ကြား

Photo: မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်လာသည့်
မစ္စဟန်နာဘိခ်ျအပေါ် စိတ်ထဲမှာမရှိတော့ဟု ဦးဝီရသူမိန့်ကြား
Monday, September 22, 2014

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ် မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျသည် ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး နှစ်ရက် တာကျင်းပခဲ့သည့် မြန်မာမီဒီယာ ကွန်ဖရင့် သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီး ၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံး ဆောင်းပါးအဖြစ်ွှ့The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျ ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ် ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မစ္စဟန်နာဘိခ်ျသည် ၂ဝ၁၂ ခုနှစ် တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်မှ ဆရာတော်ဦးဝီရသူကို တွေ့ဆုံမေး မြန်းခဲ့ပြီး ရေးသားဖော်ပြခဲ့ရာ ဆောင်းပါးမှ ခေါင်းစဉ်စကားလုံး အသုံးအနှုန်းကြောင့် မြန်မာအစိုးရက နိုင်ငံတွင်း အဆိုပါဆောင်း ပါးပါဝင်သည့်မဂ္ဂဇင်း ရောင်းချခွင့်၊ ဖြန့်ဝေ ခွင့်များကို ပိတ်ပင်ခဲ့သည်။ 

အဆိုပါဆောင်း ပါးကြောင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ၏ ကန့်ကွက်မှုများကို ခံခဲ့ရသူဖြစ်သည်။ 

''ကြာတာတွေလဲ ကြာခဲ့ပါပြီ။ ဦးဇင်းတို့က အမျိုးဘာသာအတွက် လုပ် ဆောင်နေတာတွေ အများကြီးရှိပါတယ်။ ဒါလေးက အသေးအဖွဲ့ပါ။ စိတ်ထဲမှာမရှိ တော့ပါဘူး''ဟု ဟန်နာဘိခ်ျ၏ ဆောင်းပါး နှင့်ပတ်သက်၍ ဆရာတော် ဦးဝီရသူက မိန့် ကြားသည်။

မစ္စဟန်နာဘိခ်ျ၏ ယခုခရီးတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပြုလုပ် နေသော မြန်မာမီဒီယာညီလာခံတွင် တက် ရောက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နှင့်တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့ ကြောင်း သိရသည်။

မစ္စဟန်နာဘိခ်ျအနေဖြင့် ရန်ကုန် မြို့တွင် မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပ သော ၂ဝ၁၄ ခုနှစ် နိုင်ငံတကာသတင်းမီဒီ ယာညီလာခံသို့ တက်ရောက်ခွင့်မရခဲ့ဘဲ ယခု အကြိမ်မှ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

Yangon Media Group
မန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ် မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျသည် ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး နှစ်ရက် တာကျင်းပခဲ့သည့် မြန်မာမီဒီယာ ကွန်ဖရင့် သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီး ၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံး ဆောင်းပါးအဖြစ်ွှ့The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျ ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ် ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။


မစ္စဟန်နာဘိခ်ျသည် ၂ဝ၁၂ ခုနှစ် တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်မှ ဆရာတော်ဦးဝီရသူကို တွေ့ဆုံမေး မြန်း ခဲ့ပြီး ရေးသားဖော်ပြ ခဲ့ရာ ဆောင်းပါးမှ ခေါင်းစဉ်စကားလုံး အသုံးအနှုန်းကြောင့် မြန်မာအစိုးရက နိုင်ငံတွင်း အဆိုပါဆောင်း ပါးပါဝင်သည့်မဂ္ဂဇင်း ရောင်းချခွင့်၊ ဖြန့်ဝေ ခွင့်များကို ပိတ်ပင်ခဲ့သည်။

အဆိုပါဆောင်း ပါးကြောင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ၏ ကန့်ကွက်မှုများကို ခံခဲ့ရသူဖြစ်သည်။

''ကြာတာတွေလဲ ကြာခဲ့ပါပြီ။ ဦးဇင်းတို့က အမျိုးဘာသာအတွက် လုပ် ဆောင်နေတာတွေ အများကြီးရှိပါတယ်။ ဒါလေးက အသေးအဖွဲ့ပါ။ စိတ်ထဲမှာမရှိ တော့ပါဘူး''ဟု ဟန်နာဘိခ်ျ၏ ဆောင်းပါး နှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူက မိန့် ကြားသည်။

မစ္စဟန်နာဘိခ်ျ၏ ယခုခရီးတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပြု လုပ် နေသော မြန်မာ မီဒီယာ ညီလာခံတွင် တက် ရောက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နှင့်တွေ့ဆုံ၍ အင်တာဗျူးပြု လုပ်ခဲ့ ကြောင်း သိရသည်။

မစ္စဟန်နာဘိခ်ျအနေဖြင့် ရန်ကုန် မြို့တွင် မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပ သော ၂ဝ၁၄ ခုနှစ် နိုင်ငံတကာသတင်းမီဒီ ယာညီလာခံသို့ တက်ရောက်ခွင့်မရခဲ့ဘဲ ယခု အကြိမ်မှ တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment