Thursday, September 25, 2014

အဖြေလွှာပျောက်ဆုံးသွားသည့်ကျောင်းသားများအား ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှုပေးသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဒုဝန်ကြီးပြော

ရန်ကုန်၊ ကလေးမြို့နယ် နည်းပညာတက္က သိုလ်မှ အဖြေလွှာပျောက်ဆုံးသွားသည့် ကျောင်းသားများအား ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှုပေးသည်ဆိုခြင်းမှာ မမှန် ကန်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ က ပြောကြားလိုက်သည်။

ကလေးမြို့ နည်းပညာတက္ကသိုလ် ကိစ္စကိုဖြေရှင်းရန် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေ၊ စက်မှု၊ သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က စက်တင်ဘာ ၂ဝရက်တွင် ယင်းကျောင်းသို့ ရောက် ရှိကာ ကျောင်းသားများ၊ ကျောင်းအာ ဏာပိုင်အဖွဲ့အစည်း
များဖြင့် တွေ့ဆုံ ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ကျောင်းသား များမှ စာမေးပွဲပြန်လည်မဖြေဆိုလို သည့်ကိစ္စကိုလက်ခံကြောင်း၊ ယင်းတို့ အတွက် ကျောင်းပညာရေးအဖွဲ့မှ နစ် နာမှုမရှိစေရန် ဆက်လက်ဆောင်ရွက် ပေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။

''ဂုဏ်ထူးမှတ်နဲ့အအောင်ပေးမယ် ဆိုတာက မှန်းဆပြောဆိုနေတာတွေ ဖြစ်ပါလိမ့်မယ်''ဟု ဒုတိယဝန်ကြီး ဒေါက် တာဘရွှေက ပြောကြားသည်။

နည်းပညာတက္ကသိုလ်များ၏စာ မေးပွဲစနစ်မှာ ပထမနှစ်ဝက် အမှတ် ၄ဝ၊ ဒုတိယနှစ်ဝက် အမှတ် ၄ဝနှင့် လက် တွေ့အတွက် အမှတ် ၂ဝဖိုး သုံးခုပေါင်း စပ်ပြီးမှ နောက်ဆုံးအောင်စာရင်းကို ထုတ်ပြန်ကြောင်း၊ ဂုဏ်ထူးမှတ်သည် ယင်းအခြေအနေများပေါ်တွင် မူတည် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့်စာမေးပွဲ အဖြေလွှာပိုင်ရှင်ကျောင်းသားများ မနစ်နာစေရန် ကျောင်းပညာရေးအဖွဲ့ မှ အကောင်းဆုံးဖြစ်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ ကို ကျောင်းသားများကလည်း လက်ခံ ကြကြောင်း သိရသည်။

''ဒီလိုကိစ္စဖြစ်လာပြီဆိုရင် သက် ဆိုင်ရာကျောင်းရဲ့အုပ်ချုပ်သူကို အရေး ယူလို့ရတယ်။ တာဝန်က ရပ်ဆိုင်းထား တယ်ဆိုတာက ထုတ်ပယ်လိုက်တာ မဟုတ်ပါဘူး။ သူ့ကို ခဏ ဒီတာဝန်ပေး မထားတာပါ။ သူ့နေရာမှာ တခြားတစ် ယောက်ကို တာဝန်ပေးထားရပါတယ်။ အစိုးရဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်း မှာ ဒီလိုပဲရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့စီမံ ခန့်ခွဲမှုကြောင့်ဖြစ်တာဆိုရင်တော့ အုပ် ချုပ်မှုသဘောအရ အရေးယူမှု ရှိလာ မှာပါ''ဟု ဒေါက်တာဘရွှေက ဆက် လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကလေး မြို့နယ်နည်းပညာတက္ကသိုလ်မှ တာဝန် ရှိသူများထံ စုံစမ်းမေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ယင်းကဲ့သို့ အဖြေလွှာများအခိုး ခံခဲ့ရခြင်းမှာ စက်တင်ဘာ ၁၇ရက် ည ပိုင်းကဖြစ်ပြီး ခိုးယူသူမှာ ယင်းအဖြေ လွှာများကို ရေထဲသို့မျှောခဲ့ကြောင်း၊ အဖြေလွှာထုပ်နှစ်ထုပ်တွင် အဖြေလွှာ ငါးဆယ်ခန့်ရှိကြောင်း ကလေးမြို့ နည်း ပညာတက္ကသိုလ်မှ သိရသည်။

''ဒီကိစ္စကို ကျောင်းသားတွေနစ် နာမှုမရှိအောင် အဆင်ပြေအောင်ဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်''ဟု စက်မှု နှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်း က ပြောသည်။


Yangon Media Group

No comments:

Post a Comment